ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ဒုတိယအကြိမ် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁၄၃၀ နာရီအချိန်တွင် အောက်ပစ္စယာ အနောက်မြောက်ဘက်ရှိ မဟာဗုဒ္ဓဝင်ပြခန်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ကြပြီးနောက် မြန်မာနိုင်ငံလုံးဆိုင်ရာဓမ္မစကူး(လ်)ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဒွိပိဋကဓရ ဘဒ္ဒန္တသိရီကဉ္ဇန က သင်တန်းအောင်မြင်ပြီးမြောက်မှုအတွက် ဝမ်းမြောက်အနုမောဒနာစကားမြွက်ကြားခြင်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးသောင်းဝင်းကသင်တန်းပြီးမြောက်အောင်မြင်မှုဝမ်းမြောက်ကြောင်းစကားပြောကြားခြင်း၊ သင်တန်းနည်းပြဆရာများကိုယ်စား သင်တန်းနည်းပြ ဒေါ်နန်းယဉ်မင်းရွှေက သင်တန်းသင်ကြားပြီးစီးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင် များပေးအပ်ခြင်း၊ အခြေခံယဉ်ကျေးလိမ္မာသင်တန်းအကြီးတန်းအဆင့်၊ တတိယတန်း၊ဒုတိယတန်းတို့တွင်ဆုရရှိသည့် ဝန်ထမ်းသားသမီးများအား ပထမဆုကျပ် ၄၀၀၀၀၊ ဒုတိယဆုကျပ် ၃၀၀၀၀၊ တတိယဆုကျပ် ၂၀၀၀၀အသီးသီးချိီးမြှင့်ခြင်း၊ အငယ်တန်းအဆင့်တွင် ဆုရရှိသည့် ဝန်ထမ်းသားသမီးများအား ပထမဆုကျပ် ၄၀၀၀၀၊ ဒုတိယဆုကျပ် ၃၀၀၀၀၊ တတိယဆုကျပ် ၂၀၀၀၀ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့