ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ဒုတိယအကြိမ် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Apr 10, 2024 | News

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ဒုတိယအကြိမ် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁၄၃၀ နာရီအချိန်တွင် အောက်ပစ္စယာ အနောက်မြောက်ဘက်ရှိ မဟာဗုဒ္ဓဝင်ပြခန်းတွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ကြပြီးနောက် မြန်မာနိုင်ငံလုံးဆိုင်ရာဓမ္မစကူး(လ်)ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဒွိပိဋကဓရ ဘဒ္ဒန္တသိရီကဉ္ဇန က သင်တန်းအောင်မြင်ပြီးမြောက်မှုအတွက် ဝမ်းမြောက်အနုမောဒနာစကားမြွက်ကြားခြင်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးသောင်းဝင်းကသင်တန်းပြီးမြောက်အောင်မြင်မှုဝမ်းမြောက်ကြောင်းစကားပြောကြားခြင်း၊ သင်တန်းနည်းပြဆရာများကိုယ်စား သင်တန်းနည်းပြ ဒေါ်နန်းယဉ်မင်း‌ရွှေက သင်တန်းသင်ကြားပြီးစီးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင် များပေးအပ်ခြင်း၊ အခြေခံယဉ်ကျေးလိမ္မာသင်တန်းအကြီးတန်းအဆင့်၊ တတိယတန်း၊ဒုတိယတန်းတို့တွင်ဆုရရှိသည့် ဝန်ထမ်းသားသမီးများအား ပထမဆုကျပ် ၄၀၀၀၀၊ ဒုတိယဆုကျပ် ၃၀၀၀၀၊ တတိယဆုကျပ် ၂၀၀၀၀အသီးသီးချိီးမြှင့်ခြင်း၊ အငယ်တန်းအဆင့်တွင် ဆုရရှိသည့် ဝန်ထမ်းသားသမီးများအား ပထမဆုကျပ် ၄၀၀၀၀၊ ဒုတိယဆုကျပ် ၃၀၀၀၀၊ တတိယဆုကျပ် ၂၀၀၀၀ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

Related News
ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပ

ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပ

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် စေတီတော်မြတ်ကြီးနှင့် ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့စေရန်...

read more
ရွှေတိဂုံစေတီတော်၌ (၃၆)ကြိမ်မြောက်မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲနှင့် တန်ဆောင်မုန်းလပြည့်နေ့ မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားများကျင်းပ

ရွှေတိဂုံစေတီတော်၌ (၃၆)ကြိမ်မြောက်မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲနှင့် တန်ဆောင်မုန်းလပြည့်နေ့ မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားများကျင်းပ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးပြုလုပ်သည့် (၃၆)ကြိမ်မြောက်မသိုး သင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲကို ၁၃၈၆ ခု၊ တန်ဆောင်မုန်းလဆန်း ၁၄...

read more
ရွှေတိဂုံစေတီတော် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)အခမ်းအနား၊ ဝါတွင်းကာလဗုဒ္ဓပူဇနိယပွဲတော်များ(ဆွမ်းသိမ်းအောင်ပွဲ)နှင့် ရေစက်ချအနုမောဒနာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)အခမ်းအနား၊ ဝါတွင်းကာလဗုဒ္ဓပူဇနိယပွဲတော်များ(ဆွမ်းသိမ်းအောင်ပွဲ)နှင့် ရေစက်ချအနုမောဒနာအခမ်းအနားကျင်းပ

၂၀၂၄ အောက်တိုဘာ ၁၇ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ မြတ်ဗုဒ္ဓ၏မမေ့အပ်ရာ နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့်...

read more