ရောင်တော်ဖွင့်တန်ဆောင်းအတွင်းရှိ ရုပ်ကြွပန်းချီကားများ

ရောင်တော်ဖွင့်တန်ဆောင်းအတွင်းရှိ ရုပ်ကြွပန်းချီကားများ
တည်နေရာ – ရောင်တော်ဖွင့်တန်ဆောင်း(အင်္ဂါထောင့်)
အကြောင်းအရာ – ဗုဒ္ဓဝင် (၁၁)ကား
အမျိုးအစား – ပန်းချီ
ပညာရှင် – ‌ဦးအုန်းမြင့်ဝင်းနှင့်အဖွဲ့
အလောင်းတော်သိဒ္ဓတ္ထမင်းသား မဟာသက္ကရာဇ် ၆၈ ခုနှစ်တွင် လုမ္ဗိနီအင်ကြင်းတော်၌ ဖွားမြင်တော်မူပုံ
ဗုဒ္ဓမြတ်စွာလောင်းလျာသည် ဒုက္ကရ စရိယာကျင့်ရာမှ မဇ္ဈိမ ပဋိပဒါအကျင့်ကို ကျင့်ကြံသဖြင့် ပဥ္စဝဂ္ဂီငါးဦးတို့ စွန့်ခွာသွားပုံ
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဗောဓိပင်နှင့် ရွှေပလ္လင်ကို အောင်မြင်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူပုံ
နောက်ဆုံးသတ္တာဟဖြစ်သော ရာဇာယတ္တန လင်းလွန်ပင်၌ စံတော်မူစဉ် တပုဿ၊ ဘလ္လိက ကုန်သည်ညီနောင်တို့အား ဆံတော်ရှစ်ဆူ ချီးမြှင့်တော်မူပုံ
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဗောဓိပင်နှင့် ရွှေပလ္လင်ကို အောင်မြင်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူပုံ
ဆံတော်များအား ရေဆိပ်မှ ပင့်ဆောင်တော်မူပုံ။
သက်တော်ရှည်နတ်မင်းကြီးများ ညွှန်ပြရာနေရာတွင် တူးဖော်သဖြင့် ယခင် ပွင့်တော်မူခဲ့ပြီးသော ကကုသန္ဓမြတ်စွာဘုရား၏ တောင်ဝှေးတော်၊ ကောဏာဂုံမြတ်စွာဘုရား၏ ရေစစ်တော်၊ ကဿပမြတ်စွာဘုရား၏ ရေသနုတ်သင်္ကန်းတော်တို့အား တွေ့ရှိရပုံ။
ဘဒ္ဒကပ်ကမ္ဘာ၌ ပွင့်တော်မူပြီးသော ကကုသန်မြတ်စွာဘုရား၏ တောင်ဝှေးတော်၊ ကောဏာဂုံမြတ်စွာဘုရား၏ ရေသနုတ်တော်နှင့် ဂေါတမမြတ်စွာဘုရား၏ ဆံတော်များအား ဌာပနာမထားမီ ခမ်းနားထည်ဝါစွာ ပူဇော်ပုံ။
ဥက္ကလာပမင်းကြီးသည် ဘုရားလေးဆူတို့၏ ဓာတ်တော်မွေတော်များအား ဌာပနာထား၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား တည်ထားပူဇော်ပုံ
ပွင့်တော်မူပြီးသော ကကုသန်မြတ်စွာဘုရား၏ တောင်ဝှေးတော်အား ဆူးလေနတ်ကြီး၊ ကောဏာဂုံမြတ်စွာဘုရား၏ ရေစစ်တော်အား ရောဟဏီနတ်ကြီး၊ ကဿပမြတ်စွာဘုရား၏ ရေသနုတ်တော်အား ဒက္ခိဏနတ်ကြီးတို့က စောင့်ရှောက်ပုံ။
အေဒီ ၁၄၅၃ – ၁၄၇၂ နှစ်တွင် ဘုရင်မကြီးရှင်စောပုက ရွှေတိဂုံစေတီတော်အား မွမ်းမံပြုပြင်လှူဒါန်းပုံ။