အနောက်ဘက် FE ကောင်တာမှ ပန်းချီကားများ

အနောက်ဘက် FE ကောင်တာမှ
ပန်းချီကားများ

ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့် (၂၀၁၂ ခုနှစ်) ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရ၌ အကြိုလှုပ်ရှားမှုအနေဖြင့် အထိမ်းအမှတ်တံဆိပ် (logo) ပြိုင်ပွဲ၊ ဓါတ်ပုံပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ စသော ပြိုင်ပွဲများဖတ်ခေါ်ကျင်းပ ခဲ့ပါသည်။ ပန်းချီပြိုင်ပွဲကို ပန်းပညာရှင်များ အစည်းအရုံးကို အပ်နှင်း၍ ကျင်းပခဲ့ရာ ဆုရရှိသော ပန်းချီကားများကို ဂေါပကအဖွဲ့တွင် ထိန်းသိမ်းထားပါသည်။ ၂၀၁၆ ခုနှစ်တွင် မစ်ဆူဘီရှီကုမ္ပဏီက အနောက်ဘက် FE ကောင်တာ အဆောက်အဦအား ပြုပြင်မွမ်းမံပြီးနောက် ပန်းချီကားများ ချိတ်ဆွဲ၍ တောင်းခံသောကြောင့် ထုတ်ပေးပြီး ချိတ်ဆွဲခြင်း ဖြစ်ပါသည်။

အုန်းမြင့်ဝင်း (၁၉၈၇)
ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့်ပွဲတော်၌ ပြည်သူ့ရင်ပြင် ဧရိယာအတွင်း လွှတ်တော်ရှေ့ကွက်လပ်၌ (၅)ရက် တရားပွဲ ကျင်းပခဲ့သည်။ တရားပွဲဖြစ်မြောက်ရေးအဖွဲ့၏ ပန်းချီဆရာကြီး စတားမြသန်းက ပုံဖော်ရေးဆွဲသော ပန်းချီဖြစ်သည်။
ဦးသော်သော်တင့်(အလွတ်တန်းပထမဆု)ပန်းချီ နှင့် ဦးဝင်းတင့်(အလွတ်တန်းဒုတိယဆု)ပန်းချီ
ဦးဝင်းနိုင်ဦး (အလွတ်တန်းတတိယဆု) ပန်းချီ နှင့် နှစ်သိမ့်ဆုပန်းချီ
ဦးခင်ဇော်(နှစ်သိမ့်ဆု)ပန်းချီနှင့် ဦးခင်သိန်း(နှစ်သိမ့်ဆု)ပန်းချီ