မင်းကုသဇာတ်တော်ကြီးရုပ်ကြွပန်းချီ

မြောက်ဘက်စောင်းတန်းရှိ မင်းကုသဇာတ်တော် ရုပ်ကြွပန်းချီကားများ
တည်နေရာ – မြောက်ဘက်စောင်းတန်း အလယ်ပစ္စယံအောက်
အကြောင်းအရာ – မင်းကုသဇာတ်တော် (၈)ကား
အမျိုးအစား – ရုပ်ကြွပန်းချီ
ပညာရှင် – ‌မသိရှိပါ
မှတ်ချက် – ၁၉၉၇ – ၁၉၉၈ ခုနှစ်တွင် မူလလက်ရာမပျက် ပြုပြင်သည်
တုမရ လှရှာတယ်မို့ ပပါမယ်ရေကန်ထဲတွင် လက်ဆွဲ၍ ဖမ်းသောအခန်း
စောင်းတော်ပိုက် မယားမှုကြောင့် တရားမရှုဘဲ၊ အကဲမတော် နုပ်လိုက်တာ ပွဲတော်အုပ်ပို့ခန်း
ခုနှစ်ပြည်ထောင်မင်းအဝိုင်းတွင်၊ အတင်းမဆိုင်း စားဖိုအိမ်၌၊ လှဂုဏ်ကိုးသူက ရှိခိုး၍ တောင်းပန်းခန်း
ကုသမင်းဆင်တော်စီး၍ ခရီးတွင် ကိုယ်တိုင်ဆင်းပြီး၊ ရန်သူမင်းခုနှစ်ပါးတို့အား ကြိမ်းဝါး၍ ဖမ်းသောအခန်း
ရွှေရုပ်ကို ရထားတင်၍ အသွင်ထူးရာတွင် ရေဆိပ်မှာ ပပါအလှရယ်ဟု ခုဇ္ဇာကရိုက်သောအခန်း
ပပါမယ်ဆင်တော်အကြည့်ဝယ် တမင်မျှော်ရှိသည်၊ ကုသဘုရင် ယခုထလို့ ဇနီးမုန်းအောင် ဆင်ချီးတုံးနှင့် ပေါက်ခန်း
ခုနှစ်ပြည်ထောင်မင်းတို့ကို ကြိုးတင်၍ အရှင်ဖမ်းလျက် ရွှေနန်းသို့ ဆောင်ခန်း
သမီးတော်(၇)ပါးတို့ ဘုရင်တစ်ပါးစီလက်ထပ်၍ နန်းပြဿဒ်ရွှေညီရံဘို့ ဒေဝီဘွဲ့ခံခန်း