ကြေညာချက်
သတိပြုဖွယ်များ
အသိပေးတားမြစ်ချက်များ
၁။ ရွှေတိဂုံစေတီတော်တွင် ဓါတ်ပုံ/ ဗီဒီယို ရိုက်ကူးရေးကိစ္စများ၊ လှူဒါန်းကျွေးမွေးမှု ကိစ္စများအား ရုံးအဖွဲ့မှူးရုံးခန်းတွင် လာရောက်လျှောက်လွှာတင် ခွင့်ပြုချက်ရမှသာလျှင် လုပ်ဆောင်ခွင့်ရရှိမည်ဖြစ်ပါသည်။
၂။ ရွှေတိဂုံစေတီတော်ပေါ်နှင့် ဝတ္ထုကံမြေအတွင်း မောင်းသူမဲ့လေယာဉ်ငယ်နှင့် အဝေးထိန်း (Remote Control System) ယာဉ်ငယ်များ လွှတ်တင်မောင်းနှင်ခြင်း မပြုရန် သတိပေး တားမြစ်အပ်ပါသည်။
၃။ ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်တွင် အဂါရဝဖြစ်စေသောပြုမူနေထိုင်ခြင်း များနှင့် Tik Tok ရိုက်ခြင်းများ မပြုလုပ်ပါရန် တားမြစ်ပါသည်။
၄။ ဘုရားဖူးအမျိုးသမီးများ မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သော အမြင်မတော်သည့် အသားကပ်ဘောင်းဘီဝတ်ဆင်၍ တက်ရောက်ခြင်းမပြုကြပါရန်မေတ္တာရပ်ခံပါသည်။
ရင်ပြင်တော်ပေါ်သို့ တက်ရောက်မည်ဆိုပါက ခြေအိတ်မဝတ်ရ၊ ဖိနပ်မစီးရ၊ စကတ်တို၊ ဘောင်းဘီတိုမဝတ်ရ၊ ရင်ဟိုက်၊ လည်ဟိုက်အင်္ကျီ မဝတ်ရ။
နိုင်ငံခြားသား ဧည့်ဝင်ကြေးကောက်ခံမှု နှုန်းထားများ
- ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ တက်ရောက်သည့် နိုင်ငံခြားသားဧည့်သည်တစ်ဦးလျှင် ဧည့်ဝင်ကြေး ၂၀,၀၀၀/- (ကျပ်နှစ်သောင်းတိတိ) ဖြစ်ပါသည်။
- မြန်မာနိုင်ငံရှိ ရွှေတိဂုံကတ် ပြုလုပ်ထားသည့် သံရုံးအမှုထမ်းနိုင်ငံခြားသားများသည် ၁.၁၀.၂၀၂၃ ရက်နေ့မှစ၍ ရွှေတိဂုံစေတီတော်သို့ တစ်ကြိမ် တက်ရောက်လျှင် ဧည့်ဝင်ကြေး မြန်မာငွေကျပ် ၁၀,၀၀၀/- တိတိ ဖြစ်ပါသည်။
ရွှေသင်္ကန်းတော်ဆိုင်ရာ
ရွှေစင် (၁) ကျပ်သား တစ်ချပ် = ၂,၅၀၀,၀၀၀/-
ရွှေစင် (၆) ကျပ်သား တစ်ချပ် = ၁၅,၀၀၀,၀၀၀/-
လျှပ်စစ်မီး အလှူတော်ငွေနှုန်းထားများ
၁။ အထက်ပစ္စယံမီးတိုင် (၁၆)တိုင် = ၅၀၀၀ကျပ်
၂။ ရင်ပြင်တော် Aerial Mast မီးတိုင် (၅)တိုင် = ၅၀၀၀ကျပ်
၃။ နောင်တော်ကြီးစေတီတစ်ဆူလုံး = ၅၀၀၀ကျပ်
၄။ ရင်ပြင်ပေါ်ရှိ တန်ဆောင်းများ = ၅၀၀၀ကျပ်
၅။ စောင်းတန်းကြီးလေးသွယ် = ၅၀၀၀ကျပ်
၇။ အာရုံခံတန်ဆောင်းကြီး(၄)ခု = ၅၀၀၀ကျပ်
၉။ စေတီတော်မြတ်ကြီးတစ်ဆူလုံး = ၁၀၀၀၀ကျပ်
၁၀။ စေတီတော်မြတ်ကြီး တစ်ကုန်းတော်လုံး = ၃၀၀၀၀ကျပ်
ဆီမီးလှူဒါန်းမှုဆိုင်ရာ
ဆီမီးခွက်များကို တစ်ခွက်လျှင် ၁၀၀/-ကျပ်နှုန်းဖြင့် အနည်းဆုံး ခွက်ရေ ၅၀၀မှစ၍ ကြိုတင်စာရင်းပေးလှူဒါန်းနိုင်ပါသည်။
ပန်းပင်များလှူဒါန်းမှုဆိုင်ရာ
ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် သိင်္ဂုတ္တရကုန်းမြေအား အလှပန်းမာလာများဖြင့် ဝေဝေဆာဆာအလှဆင်စိုက်ပျိုးပြီး ပူဇော်ဆောင်ရွက်မည်ဖြစ်ပါ၍ အလှူရှင်များအနေဖြင့် အလှပန်း၊ အပွင့်ပန်းများနှင့် သစ်ခွပန်းပင်များပန်းအလှအိုးများကို ဝတ္ထုကံမြေသာယာရေးရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် သိင်္ဂုတ္တရကုန်းမြေအား အလှပန်းမာလာများဖြင့်ဝေဝေဆာဆာအလှဆင်စိုက်ပျိုးပြီး ပူဇော်ဆောင်ရွက်မည်ဖြစ်ပါ၍ အလှူရှင်များအနေဖြင့် အလှပန်း၊ အပွင့်ပန်းများနှင့် သစ်ခွပန်းပင်များပန်းအလှအိုးများကို ဝတ္ထုကံမြေသာယာရေးဌာနသို့ လာရောက်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်၍ ဖိတ်ခေါ်အပ်ပါသည်။
အုန်းပွဲ/ငှက်ပျောပွဲ ရောင်းချရန်သတ်မှတ်ဈေးနှုန်း
၂၀၂၄ ခုနှစ်၊ အုန်းပွဲ/ငှက်ပျောပွဲ ရောင်းချရန်သတ်မှတ်ဈေးနှုန်း
(ထီး၊ တံခွန်၊ ကုက္ကား၊ သပြေပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင် အပါအဝင်)
၁။ ရိုးရိုးအုန်းသီး+ရခိုင်ငှက်ပျော(၃)ဖီးပွဲ = ၉,၅၀၀ ကျပ်
၂။ ရိုးရိုးအုန်းသီး+ရခိုင်ငှက်ပျော(၅)ဖီးပွဲ = ၁၅,၀၀၀ ကျပ်
၃။ ရိုးရိုးအုန်းသီး+ရွှေငှက်ပျော(၃)ဖီးပွဲ =၂၃,၀၀၀ ကျပ်
၄။ ရိုးရိုးအုန်းသီး+ရွှေငှက်ပျော(၅)ဖီးပွဲ =၃၀,၀၀၀ ကျပ်
၅။ ရိုးရိုးအုန်းသီး+ဖီးကြမ်း(၃)ဖီးပွဲ =၁၂,၀၀၀ ကျပ်
၆။ ရိုးရိုးအုန်းသီး+ဖီးကြမ်း(၅)ဖီးပွဲ =၁၅,၀၀၀ ကျပ်
၇။ ရိုးရိုးအုန်းသီး+သီးမွှေး(၃)ဖီးပွဲ =၁၂,၀၀၀ ကျပ်
၈။ ရိုးရိုးအုန်းသီး+သီးမွှေး(၅)ဖီးပွဲ =၁၈,၀၀၀ ကျပ်
ရိုးရိုးအုန်းသီးအစား ရွေအုန်းသီးထည့်ပါက ၃,၀၀၀/- (ကျပ်သုံးထောင်တိတိ)ပိုမိုပေးရန် ဖြစ်ပါသည်။ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းမရှိပါကဂေါပကအဖွဲ့ရုံး ၀၁-၃၇၅၇၆၇ သို့ တိုင်ကြားနိုင်ပါသည်။
အထက်ပစ္စယာသို့ တက်ရောက်သူများ လိုက်နာရန် စည်းကမ်းချက်
၁။ အထက်ပစ္စယာ တက်ရောက်သူများသည် လုံခြုံရေးအရစစ်ဆေးခြင်းကို ကြည်ဖြူစွာခံယူ ရပါမည်။
၂။ ပတ္တမြားမျက်ရှင်သို့ တက်ရောက်ဖူးမြော်သူများသည် ဂေါပကအဖွဲ့က ခွင့်ပြုထားသော ကတ်ဖြင့်သာတက်ရောက်ရန်နှင့် လုံချည်ကော်လံပါအင်္ကျီ (မြန်မာဝတ်စုံ)ဖြင့် စည်းကမ်းချက် များနှင့်အညီ ဖူးမြော်ကြရန်။
၃။ ပတ္တမြားမျက်ရှင် ဘုရားဖူးမြော်ပြီး ပြန်လည်ထွက်ခွာကြရန်နှင့် အထက်ပစ္စယာတွင် လှည့်လည်သွားလာခြင်း မပြုကြရန်။
၄။ အထက်ပစ္စယာတွင် အရက်သေစာသောက်စားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မီးခြစ်၊ ဆေးလိပ်၊ ကွမ်းယာ စသည်များ ယူဆောင်ခြင်း၊ အသုံးပြုခြင်း မပြုရ။
၅။ လက်ကိုင်ဖုန်း၊ ကင်မရာ ယူဆောင်ခြင်း မပြုရ။
၆။ သတ်မှတ် ဝင်/ထွက်ပေါက်မှသာ တက်/ဆင်းရန် နှင့် လုပ်ငန်းလိုအပ်ချက်အရ ဝင်/ထွက် ပေါက် မဟုတ်သောနေရာမှ တက် / ဆင်းရန် အကြောင်းရှိပါက တာဝန်ရှိသူများထံ သတင်းပို့ ဆောင်ရွက်ရန်။
၇။ ရွှေတိုရွှေစ၊ ကျောက်မျက်ရတနာပစ္စည်းများတွေ့ရှိပါက အနီးရှိတာဝန်ကျ ဝန်ထမ်းများထံ သတင်းပေးပို့ရန်။ (ကိုယ်တိုင်ကောက်ယူခြင်း မပြုရ)
၈။ အသက်(၁၈)နှစ် မပြည့်သေးသောသူများနှင့် နိုင်ငံခြားသားများ လုံးဝ(လုံးဝ) တက်ရောက် ခွင့်မပြု။
၉။ အထက်ပစ္စယာပေါ်သို့ လက်ဝတ်ရတနာပစ္စည်းများ ယူဆောင်ခြင်း မပြုရန်နှင့် လက်ဝတ် ရတနာပစ္စည်းများ ဝတ်ဆင်၍ အထက်ပစ္စယာပေါ်သို့ တက်ရောက်ပြီး ပြန်ဆင်းသည့်အခါ စစ်ဆေးတွေ့ရှိပါက ဘုရားကြီးဘဏ္ဍာတော်အဖြစ် သိမ်းဆည်းသွား ပါမည်။
၁၀။ အထက်ပစ္စယာတွင် လုပ်ငန်းဆောင်ရွက်သူများသည် သတ်မှတ်ယူနီဖောင်းဖြင့် စည်းကမ်း ချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်ကြရန်။
အထက်ပစ္စယံ၌ ဘုရားဝတ်ပြုခွင့်လက်မှတ်ပြုလုပ်ရန် လျှောက်ထားသူများ သိရှိလိုက်နာရန် စည်းကမ်းများ
၂။ လျှောက်ထားသူသည် မိမိနေထိုင်ရာ (ရပ်ကွက်နှင့် မြို့နယ်ရဲတပ်ဖွဲ့) တို့မှ ဤရပ်ကွက်တွင် အမှတ်တကယ် နေထိုင်သူဖြစ်ကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက် ပါရှိရမည်။
၃။ လျှောက်ထားသူသည် မြန်မာတိုင်းရင်းသား အသက်(၁၈)နှစ်ပြည့်ပြီး ဗုဒ္ဓဘာသာဝင် အမျိုးသားဖြစ်ရမည်။ လျှောက်ထားသူ၏ မိဘ ၂ ဦးစလုံးသည် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံ သားများ ဖြစ်ရမည်။
၄။ ဌာနဆိုင်ရာ ဝန်ထမ်းဖြစ်ပါက လျှောက်လွှာပေါ်တွင် သက်ဆိုင်ရာဌာန ရုံးတံဆိပ်ဖြင့် အရာရှိ ထောက်ခံချက်ပါရှိရမည်။
၅။ အမျိုးသားမှတ်ပုံတင် (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းတင်ပြ၍ လျှောက်လွှာ ပုံစံဝယ်ယူရမည်။ လျှောက်လွှာပုံစံနှင့်အတူ (က) အမျိုးသား မှတ်ပုံတင်မိတ္တူ (သို့) နိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူ (ခ) အိမ်ထောင်စုစာရင်း မိတ္တူတို့ကို ပူးတွဲတင်ပြရပါမည်။
၆။ လျှောက်လွှာအား မြန်မာဘာသာဖြင့်သာ ဖြည့်စွက်ရပါမည်။
၇။ လျှောက်ထားသည့်နေ့မှစ၍ ခွင့်ပြုလက်မှတ်ကို ၂ လအတွင်း ကိုယ်တိုင်ထုတ်ယူရမည်။ ကိုယ်စားထုတ်ယူခွင့်မပြုပါ။ (၂)လအတွင်း လာရောက်မထုတ်ယူပါက အသစ်ပြန်လည် လျှောက်ထားရပါမည်။
ဧည့်လမ်းညွှန်ဆိုင်ရာ
ရွှေတိဂုံဘုရားပရဝုဏ်အတွင်း ဧည့်လမ်းညွှန်များအဖြစ် လိုက်ပါဆောင်ရွက်ခြင်းများနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ချက်
- ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ တရားဝင်လိုင်စင်ရရှိသူများသာလျှင် ဧည့်လမ်းညွှန်အဖြစ် လုပ်ပိုင်ခွင့်ရှိသည်။
- ဧည့်လမ်းညွှန်လုပ်ငန်း ဆောင်ရွက်နေချိန်အတွင်း သက်တမ်းရှိလိုင်စင် ကတ်ပြားအား မြင်သာအောင် ချိတ်ဆွဲ ထားရမည်။
- ရွှေတိဂုံဘုရားပေါ်တွင် အခါအားလျှော်စွာ စစ်ဆေးရေးအဖွဲ့မှ လိုက်လံစစ်ဆေးပါက ကြည်ဖြူစွာ စစ်ဆေးခံရမည်။
- လိုင်စင်ရဧည့်လမ်းညွှန်မပါဘဲ အခြားအဖွဲ့အစည်းများအလိုက် ဘုရားပေါ်သို့ လာရောက် လေ့လာလိုပါက ရှင်းလင်းပြသမည့်သူသည် သက်ဆိုင်ရာအဖွဲ့အစည်းမှ တာဝန်ပေးအပ် ထားသူဖြစ်ကြောင်း အထောက်အထားအား စစ်ဆေးရေးအဖွဲ့ သို့ ပြသနိုင်ရမည်။
- အထက်ဖော်ပြပါ အချက်အလက်များ လိုက်နာမှုမရှိသူများအား လိုင်စင်မဲ့ ဧည့်လမ်းညွှန်အဖြစ် သတ်မှတ်၍ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေး ဉပဒေနှင့်အညီ အရေးယူခံရမည် ဖြစ်ကြောင်း သတိပေးအပ်ပါသည်။