Detail Information
ပွဲတော်အမည်
စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ
ကျင်းပသည့်လ
နတ်တော်လ
ကျင်းပသည့်အချိန်
တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်
(အမျိုးသားနေ့ကျော်လွန်ပြီး ပထမဆုံးကျရောက်သည့် စနေနေ့)
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် သာသနာတော်(၃)ရပ်တွင် ပရိယတ္တိသာသနာတော်ကို ချီးမြှောက်သောအားဖြင့် မြန်မာနိုင်ငံအစိုးရအသိအမှတ်ပြု ပရိယတ္တိစာမေးပွဲတို့တွင် တစ်ခုပါဝင်သော စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲကို နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် (အမျိုးသားနေ့ကျော်လွန်ပြီး ပထမဆုံးကျရောက်သည့် စနေနေ့)တွင် ကျင်းပပါသည်။
စာလျှောက်မေးပွဲကို သီးခြားစာသင်တန်း၊ သီးခြားစာချတန်းဟု နှစ်ဆင့်ခွဲကျင်းပပြီး စာသင်တန်းဝင်ရောက်ဖြေဆိုမည့် ရဟန်းတော်များကို သက်တော် (၂၀)နှစ်မှ (၃၀)နှစ်အတွင်း သတ်မှတ်ထားရှိပြီး ဒွေမာတိကာ၊ သဒ္ဒါကြီး၊ ပုဒ်စစ်၊ သုတ်စစ်၊ သဒ္ဒါငယ်၊ ဆန်း၊ အဘိဓမ္မာ၊ သင်္ဂြိုဟ်၊ ယမိုက်အောက်ငါးကျမ်းတို့ကို နှုတ်မေး(အာဂုံပြန်) ဖြေဆိုကြရပါသည်။ အာဂုံအောင်မြင်သော သံဃာများသာ ရေးဖြေဆက်လက်ဖြေဆိုခွင့်ရရှိပါသည်။
သီးခြားစာချတန်းကို သက်တော်(၃၅)နှစ်အထိသာ ဖြေဆိုခွင့်ပြုပြီး ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာဆိုင်ရာ ပါရာဇိကဏ်အဋ္ဌကထာ၊ သီလက္ခန်အဋ္ဌကထာ၊ အဋ္ဌသာလိနီအဋ္ဌကထာကျမ်းများကို သဘောရေးဖြေ ဖြေဆိုကြရပါသည်။
စာသင်တန်းအောင် သံဃာတော်ကို စေတိယင်္ဂဏအဘိဝံသ အသိအမှတ်ပြုလက်မှတ်နှင့် စာချတန်းအောင်သံဃာတော်ကို စေတိယင်္ဂဏ ပရိယတ္တိဓမ္မာစရိယဂဏဝါစကဘွဲ့ တံဆိပ်တော်များကို ဆက်ကပ်ပါသည်။ စာသင်တန်းအောင်ပြီး နှစ်မခြားဘဲစာချတန်းကို တစ်နှစ်တည်း (၃)ကျမ်းလုံး အောင်မြင်ပါက “ဝဋံသကာဘွဲ့”ကို ဆက်ကပ်ပါသည်။
စာလျှောက်မေးပွဲတွင် အောင်မြင်သော သံဃာတော်များကို ဆုနှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်၍ ဘွဲ့တံဆိပ်တော်များ နဝကမ္မဆုတော်ငွေများ၊ လှူဖွယ်ဝတ္ထုများလှူဒါန်းပြီး ရွှေတိဂုံဂေါပကအဖွဲ့မှ မော်ကွန်းမှတ်တမ်းတင်ထားရှိပါသည်။
စာချတန်းအောင်မြင်ပြီး ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်း အမြဲတမ်းဝါဆိုနေထိုင်ပြီး စာချနေပါက လစဉ်နဝကမ္မနိဗဒ္ဓအလှူတော်ငွေကို ဆက်ကပ်လှူဒါန်းပါသည်။