ဒေါ်ပွင့်တန်ဆောင်းအတွင်းရှိ ရုပ်ကြွပန်းချီကားများ

ဒေါ်ပွင့်တန်ဆောင်းအတွင်းရှိ
ရုပ်ကြွပန်းချီကားများ

တည်နေရာ         –  ဒေါ်ပွင့်တန်ဆောင်း (စနေထောင့်)
အကြောင်းအရာ  –  ကျိုက်ထီးရိုးသမိုင်း(၂၆)ကား၊ တန်ဆောင်းအတွင်း (၁၇)ကား၊ တန်ဆောင်းအပြင် (၉)ကား
အမျိုးအစား        –  ရုပ်ကြွပန်းချီ
ပညာရှင်            –  ‌မောင်ရွှေကျော်ရှိန်

သုပိန္နမင်းကြီးထံ သားတော်နှစ်ပါး တိဿနှင့် သီဟမင်းတို့ တောထွက်ရန် လျှောက်ပုံ
မင်းသားနှစ်ပါး ရသေ့လုပ်၍ ကရင်များကို တရားဟောပုံနှင့် မုဆိုးက သမင်ကို မြင်၍ တရားရပုံ

ပန်းကျောက်တင်ပေါ်တွင် ကလေးရပုံနှင့် နဂါးမနေရာက ဥနှစ်လုံးရသောပုံ

ကရင်လင်မယားကို တရားဟောပုံ နှင့် ဝိဇ္ဇာက နဂါးမှန်းသိ၍ ထွက်ပြေးပုံ

နဂါးမက ပန်းမွေ့ရာခင်း၍ ဝိဇ္ဇာက ချောင်းပုံနှင့် နဂါးမနှင့် ဝိဇ္ဇာတွေ့သောပုံ

နဂါးဥနှစ်လုံးကိုဝေ၍ ယူသောပုံ နှင့် ဥပေါက်ကလေးခြင်း ပြိုင်‌သောပုံ

ဥပေါက်ကလေးကို ကရင်ဘိုးအောင်လွတ်တို့ တောင်းပုံ နှင့် ကလေးရ၍ ပြန်သွားပုံ

တိဿရသေ့ကြီးသားတော်ကို လေးအတတ်သင်ပုံ နှင့် ကရင်လင်မယား ကလေးယူပုံ

တိဿရသေ့ကြီး ခမည်းတော်မယ်တော် နတ်ရွာစံသည့်အတွက် နန်းအပ်ရန် ပင့်သောပုံ

တိဿရသေ့ကြီးသားတော် နာဂဝိဇ္ဇာ၊ သမီးတော် နာဂသူဇာနှင့် သိကြားမင်းတို့ တိုင်ပင်ခန်း

ကျိုက်ထီးရိုးဘုရားကို လူအများလာကြသည့်အတွက် တောင်ယာများ ပျက်စီး၍ တောင်ယာသမားများ ဘုရားကို ဆွဲချပုံ

တောင်ယာတော်၌ ရွှေနန်းကျင်နှင့် သီဟရာဇာမင်းတို့ တွေ့နေကြသောပုံ

ရွှေနန်းကျင်၏ မိဘတို့က ဘုရင်မင်းကို ရွှေနန်းကျင်ဆက်သောပုံ

ရွှေနန်းကျင်တို့ ဘိတ်သိတ်သွန်းရန် တိုင်ပင်ခန်း နှင့် ရွှေနန်းကျင်အား နန်းတော်သို့ ဆောင်ယူလာသောပုံ

နန်းတော်မှ ရွှေနန်းကျင်နတ်စာ စားရန် မိဘတို့က တောင်းဆိုလာကြသောပုံ
ရွှေနန်းကျင်တို့ နတ်စာစားရန် ပြန်လာကြရာ ဟုန်းနတ်ကြီးက ကျားနှင့်တိုက်သောပုံ

လူအမျိုးမျိုးတို့ ဘုရားဖူးလာကြသောပုံ၊ ရွှေနန်းကျင်မေ့၍ သေနေသောပုံ

သိကြားမင်း ကျိုက်ထီးရိုးဘုရားကို နတ်ကြီးများအား အပ်သောပုံ

တိဿရသေ့ကြီးအား နတ်ပြည်သို့ ပင့်ဆောင်ပုံ

တိဿရသေ့ကြီး ဘုရားဖူး၍ အပြီးတွင် တိမ်းလဲစုတေသည့်အတွက် ဝိုင်း၍ ပင့်ယူနေသောပုံ

တိဿရသေ့ကြီး ပျံလွန်တော်မူရာသို့ လူအများအကအခုန်နှင့် လာကြသောပုံ

ဆံတော်ကို ဌာပနာရန်မှ ဆံတော်က ရောင်တော်လွှတ်နေပုံ

ဆံတော်ကို ဌာပနာရန် သီဟရာဇာ မင်းက တောင်းပန်၍ သိကြားမင်းက ကျောက်တုံးတင်ပြနေပုံ

တိဿရသေ့ကြီး ညီနောင်နှင့် သီဟရာဇာမင်းတို့ ဘုရားရှင်အား ကန်‌တော့ခန်း

တိဿရရသေ့ကြီး ညီတော်သီဟရသေ့နှင့် သိကြားတို့က နန်းတင်သောပုံ

စောကဲကြီးမွေးထားသော နာဂသူဇာကို ဘုရင်နှင့်လက်ထပ်မည်ကြား၍ ကရင်များပျော်နေပုံ