မျက်မှောက်ခေတ်သာသနာတော်ထိန်းသိမ်းစောင့်ရှောက်မှု

ဩဝါဒါစရိယဆရာတော်ကြီးများ

Members of the Board of Trustees

Board of Trustees offices

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး
ဌာန(၁၀)ဌာနရှိ ဖွဲ့စည်းပုံအင်အားအရ ခန့်ပြီးအင်အားစာရင်း

Date- Jan /2025

စဉ်

ဌာန

ဖွဲ့စည်းပုံ
အမြဲတမ်း
ခန့်ပြီးအင်အား ယာယီနေ့စား စုစုပေါင်း
အမြဲတမ်း ပုံသေ ရုံးနေ့စား ကျွမ်းကျင် ပညာရှင် ပေါင်း ခွင့်ပြု ခန့်ပြီး
စီမံအုပ်ချုပ်ရေး ၂၂၁ ၁၃၁ ၁၃၈ ၂၂၄ ၁၉၈ ၃၃၆
ပြတိုက်-ပြခန်း ၁၁၃ ၇၀ ၇၇ ၇၈
ဗဟိုသိုလှောင်ရေး ၆၇ ၃၈ ၄၄ ၄၆
ဘဏ္ဍာရေး ၂၁၅ ၁၆၈ ၁၇၁ ၂၅ ၂၅ ၁၉၆
ဝန်ထမ်းရေးရာနှင့်မှတ်တမ်း ၁၁၅ ၆၆ ၆၇ ၆၇
ရွှေနှင့်ရတနာ ၅၀ ၃၂ ၃၂ ၃၃
လုပ်ငန်းမြို့ပြ ၁၈၆ ၆၀ ၆၃ ၆၅
လုံခြုံ-မီးသတ် ၃၆၅ ၂၅၂ ၂၁ ၂၇၅ ၁၈ ၁၈ ၂၉၃
ဝတ္ထုကံမြေသာယာရေး ၉၀ ၂၉ ၃၁ ၉၀ ၆၅ ၉၆
၁၀ လျှပ်စစ်နှင့်ရေသန့် ၁၃၂ ၆၄ ၆၆ ၇၀
  စုစုပေါင်း ၁၅၅၄ ၉၀၇ ၃၉ ၁၃ ၉၆၄ ၃၇၄ ၃၁၄ ၁၂၈၀

Structures and Duties of The Departments

Structures and duties of The Department of Administration

( 1 ) In order to carry out annual contract activities, submitting audits to the board of trustees and conducting tax collection activities.

( 2 )  Four walkways and markets, Shop tax, Shop fee collection;  Conducting electricity fee collection activities.

( 3 ) Old Tang Song Temples electricity bill, Water tax collection.

( 4 )  Conducting matters related to the supervision of religious associations.

( 5 )  Carrying out management and chores related to guardian monks.

( 6 )  Conducting administrative affairs of the Board of Trustees.

( 7 ) In events such as charity ceremonies, award acceptance ceremonies, meetings, guest arrivals, and seasonal festivals, responsibilities related to event preparations and the tasks of the organizing committee are carried out.

( 8 ) Responsibilities related to the cleaning of the Square,Planetary Posts , Four walkways, and market halls, as well as overseeing cleanliness, are carried out. Waste generated from the Square and the Horticulture ground is transported to designated waste disposal sites. From there, the waste is taken by vehicles to the designated waste disposal zones specified by the city for proper disposal.

( 9 )  Supervising and managing the daily regular operation of electric elevators and mechanical lifts to ensure they run smoothly.

( 10 ) Opening and maintaining inventory records, managing and overseeing related administrative matters, handling the management of vehicles for the Trustees office, purchasing and storing fuel for fire engines and other machinery, and distributing them as needed.

( 11 )  If visitors to the great stupa, who have come to pay homage and admire the Buddha, unexpectedly suffer injuries or experience illness on the square, a free health clinic is opened to provide medical care. Western and traditional medicine practitioners are available to treat and provide necessary treatment, and the purchase and replenishment of medicines and medical supplies are also managed.

( 12 )  In order to effectively carry out the duties of the great stupa within the staff residences located inside the Shwedagon Pagoda’s grounds, staff members from the Trustees office are assigned to the staff residences based on decisions made in the Trustees office meetings. A supervisory team is established, and regulations regarding the staff residences are set and enforced.

( 13 )   Issuing access cards for visitors to the upper platform of the Shwedagon Pagoda and setting regulations.
( 14 )   Managing and supervising services provided to visitors at the Shwedagon Pagoda, including collecting fees from the east and south vehicle parking areas, managing the shoe storage service, overseeing the cleaning services, and purchasing and replenishing necessary supplies.

Structures and duties of The Department of Museum and Gallery
(1)    Providing support to visitors who come to admire and study the Shwedagon Pagoda Buddha Museum, Pittakat Library , and the Maha Buddha Exhibition Hall, ensuring their comfort. (For example, answering detailed inquiries and providing clear explanations as requested by the visitors).

(2)     Carrying out the maintenance and preservation of materials related to the museum, the Pittakat Library, and the Maha Buddha Exhibition Hall to ensure their long-term durability.

(3)    Carrying out cleaning and inventory checks of the museum and exhibition materials displayed within the museum and exhibition halls in accordance with the museum’s regulations.

(4)    Opening a donation office in accordance with regulations to facilitate the process for visitors who come to admire and study at the museum, Pitakat Museum, Mahabodhi Exhibition Hall, and the photography exhibition hall, making it easier for them to make donations.

(5)      ပိဋကတ်တိုက်ရှိ ဗုဒ္ဓသာသနာတော်ဆိုင်ရာစာအုပ်၊ စာတမ်းများကို ပိဋကတ်တိုက်ဆိုင်ရာ စည်းကမ်းနှင့်အညီ ခေတ်မီတိုးတက်သော နည်းပညာများဖြင့် ထိန်းသိမ်း၍ အများပြည်သူတို့ လွယ်လင့် တကူ ဖတ်ရှုနိုင်စေရန် ပံ့ပိုးဆောင်ရွက်ခြင်း၊ အများပြည်သူ လှူဒါန်းထားသော ပေစာများ၊ ကမ္မဝါစာများကို ရေရှည်တည်တံ့ကြံ့ခိုင်အောင် ထိန်းသိမ်းခြင်း၊ ဖတ်ရှုလိုသော သုတေသီများ လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန် ခေတ်မီတိုးတက်သော နည်းစနစ်များဖြင့် ပံ့ပိုးဆောင်ရွက်ပေးခြင်း။

(စ)      ပြတိုက်၊ပြခန်းနှင့် ပိဋကတ်တိုက်ဌာန အဆောက်အအုံအတွင်းအပြင်သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း။

(ဆ)    ပြတိုက်၊ပြခန်းနှင့် ပိဋကတ်တိုက်အတွင်းထားရှိသော အဖိုးတန်စ္စည်းများ၊ ဗုဒ္ဓသာသနာတော် ဆိုင်ရာ စာအုပ်စာတမ်းများ၊ ခင်းကျင်းပြထားသော ရှေးဟောင်း လက်ရာပစ္စည်းများအား ရေရှည်တည်တံ့ကြံ့ခိုင်နိုင်အောင် ခေတ်မီတိုးတက်သော နည်းပညာများဖြင့် ထိန်းသိမ်းခြင်း၊ ပျက်စီး၊ ပျောက်ရှ၊ ဆုံးရှုံးခြင်းမရှိရလေအောင် အတွင်းစည်း လုံခြုံရေး ဆောင်ရွက်ပေးခြင်း။

(ဇ)      ဂေါပက အဖွဲ့ကအခါအားလျော်စွာ ဘုရားဖူး ပြည်သူများလေ့လာ ကြည်ညိုနိုင်စေရန် စီစဉ်ဖွင့်လှစ်သော ပန်းချီပြခန်း၊ ဓါတ်ပုံပြခန်းများတွင်လည်း ပြတိုက်၊ ပြခန်းဆိုင်ရာစည်းကမ်းနှင့် အညီ ပြတိုက်၊ ပြခန်းနှင့် ပိဋကတ်တိုက်ဌာနမှ ဆောင်ရွက်ပေးခြင်း။

ဗဟိုသိုလှောင်ရေးဌာနက ဆောင်ရွက်ရသောတာဝန်များ

(က)    ဗုဒ္ဓသန္တက အဆောက်အအုံများပုံမှန် ပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်းနှင့် သီးခြားတည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော ဆောက်လုပ်ရေးပစ္စည်းများ ဝယ်ယူခြင်း၊ သိုလှောင် သိမ်းဆည်းခြင်း၊ ထုတ်ပေးခြင်း။.

(ခ)      ရွှေတိဂုံစေတီတော်မြတ်ကြီး၌ စဉ်ဆက်မပြတ်သုံးစွဲရန် လိုအပ်မည်ဖြစ်သော လျှပ်စစ်ဆိုင်ရာ ပစ္စည်း၊ ရေသန့်ဆိုင်ရာပစ္စည်းများကို ဝယ်ယူခြင်း၊ သိုလှောင်သိမ်းဆည်းခြင်း၊ ထုတ်ပေးခြင်း။

(ဂ)      ပြည်တွင်းတွင် ဝယ်ယူမရနိုင်သော၊ ထူးခြားလိုအပ်သော ပစ္စည်းများကို လုပ်ထုံး၊ လုပ်နည်း စည်းကမ်းများနှင့်အညီ ပြည်ပမှမှာယူဖြည့်တင်းပေးခြင်း။

(ဃ)    အများပြည်သူတို့က စေတီတော်မြတ်ကြီးသို့ လာရောက်လှူဒါန်းသော သာသနာတော်ဆိုင်ရာ ပစ္စည်းများ (ရုပ်ပွားတော်၊ ဆင်းတုတော်၊ ပလ္လင်၊ ကျောင်းဆောင်၊ ကနက္ကဒါန်ထီး၊ သင်္ကန်းအစရှိသော ပစ္စည်းများ)ကို လက်ခံခြင်း၊ သိုလှောင်သိမ်းဆည်းခြင်း၊ ထုတ်ပေးခြင်း။

(င)      စာရေးကိရိယာ၊ အလှူခံပြေစာ၊ ရုံးသုံးပုံစံအစရှိသော စာရွက်စာတမ်းများနှင့် ရုံးသုံးပရိဘောဂများ ဝယ်ယူခြင်း၊ သိုလှောင်သိမ်းဆည်းခြင်း၊ ထုတ်ပေးခြင်း။

(စ)      ပြုပြင်မွမ်းမံတည်ဆောက်ရေး လုပ်ငန်းအရပ်ရပ်မှ ဖြုတ်သိမ်းပစ္စည်းများ အနက်မှ ပြန်လည်သုံးစွဲနိုင်သော ဆောက်လုပ်ရေး ပစ္စည်းများကိုလက်ခံသိမ်းဆည်း၍ လုပ်ငန်းခွင်၌ ပြန်လည်သုံးစွဲရန် ထုတ်ပေးခြင်း၊ တင်ဒါခေါ်ယူရောင်းချခြင်း။

(ဆ)    လင်းနို့ချေး၊ ဖယောင်းပျက်အစရှိသော ပစ္စည်းများ လက်ခံသိမ်းဆည်းခြင်း၊ တင်ဒါခေါ်ယူ ရောင်းချခြင်း။

ဘဏ္ဍာရေးဌာနက ဆောင်ရွက်ရသောတာဝန်များ

(က)   ဘဏ္ဍာရေးဌာနသည် ဂေါပကအဖွဲ့ကချမှတ်ထားသော ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ ရငွေဆိုင်ရာကိစ္စရပ်များ စနစ်တကျ ထိန်းသိမ်းထားရှိရေး။

         (ခ)      သုံးစွဲရေးဆိုင်ရာကိစ္စရပ်များကို ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းဘောင်အတွင်းမှ စနစ် တကျစီစစ်ချွေတာသုံးစွဲရေး။

         (ဂ)      ပြည်တွင်းတွင် ဝယ်ယူမရနိုင်သော၊ ထူးခြားလိုအပ်သော ပစ္စည်းများကို လုပ်ထုံး၊ လုပ်နည်းစည်းကမ်းများနှင့်အညီ ပြည်ပမှမှာယူဖြည့်တင်းပေးခြင်း။

         (ဃ)    နှစ်စဉ်ရန်ကုန်တိုင်းဒေသကြီး၊ စာရင်းချုပ်ရုံးထံမှစစ်ဆေး အတည်ပြုခြင်းကိုဆောင်ရွက်ခြင်း (သို့) အသိအမှတ်ပြု မှတ်ပုံတင်စာရင်းစစ်အဖွဲ့များကိုဖိတ်ကြား၍ စာရင်းစစ်ဆေးခြင်း၊ ဌာနတွင် စာရင်းစစ်စစ်ဆေးခြင်း။

         (င)      စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ငွေတိုးပွားရေးနှင့် လုံခြုံစိတ်ချရေးအတွက် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ အလှူတော်မြန်မာကျပ်ငွေများကို နိုင်ငံတော်က ဖွင့်လှစ်ထားသည့် မြန်မာ့စီးပွားရေးဘဏ် ငွေစုဘဏ်ခွဲ(၁)၊ ငွေစုဘဏ်ခွဲ(၂) နှင့် နိုင်ငံခြားငွေများကို မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်တို့တွင် အပ်နှံထားရှိခြင်း။      

         (စ)      မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ(၄)တွင် ပင်မငွေစာရင်း အလှူတော်စာရင်းရှင်အမှတ် CT-001660 နှင့် စီမံခန့်ခွဲမှု စာရင်းစာရင်းရှင်အမှတ် CA-038302 သို့စာရင်းရှင် အဖြစ်အပ်နှံထားရှိပြီး ငွေသွင်းငွေထုတ်လုပ်ငန်းများဆောင်ရွက်ခြင်း။

         (ဆ)    ပေးငွေအရပ်ရပ်၊ သွင်းငွေအရပ်ရပ်နှင့် ထုတ်ငွေအရပ်ရပ် တို့ကို သက်ဆိုင်ရာဘဏ် နှင့်ဘဏ်ခွဲ များတွင် ငွေသွင်း ငွေထုတ်ဆောင်ရွက်ခြင်း။

         (ဇ)      အသုံးစရိတ်များစိစစ်ပေးချေခြင်း၊ အသုံးစရိတ်များကို ဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျက် လျာထားသော လုပ်ငန်းဖြစ်ခြင်း၊ ဆောင်ရွက်သောလုပ်ငန်းအတွက် အုပ်ချုပ်မှု ခွင့်ပြုမိန့် ရရှိပြီးဖြစ်ခြင်း၊ အသုံးစရိတ်များသည် လျော်ကန် သင့်မြတ်မှုရှိခြင်း၊ ဌာနအလိုက်အသုံးစရိတ်များ ကို သက်ဆိုင်ရာတာဝန်ခံဂေါပကအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ဂေါပကအဖွဲ့အစည်းဝေးသို့ တင်ပြခြင်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သို့ တင်ပြသည့်အသုံးစရိတ် ကို သဘောတူကဘဏ္ဍာရေးဆိုင်ရာခွင့်ပြုမိန့်ချမှတ်ပေးခြင်း၊ ဘဏ္ဍာရေးခွင့်ပြုမိန့်ရရှိသော အသုံး စရိတ်များအတွက် ဘဏ္ဍာရေးဌာနက ချက်လက်မှတ်ဖြင့် ပေးချေခြင်း။

         (ဈ)     ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဘဏ္ဍာရေးနှစ်သည် ဇန်နဝါရီလ (၁)ရက်နေ့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ကာလဖြစ်ပါသည်။

         (ည)    ဘဏ္ဍာရေးနှစ်တစ်နှစ်အတွင်း စေတီတော်ကြီး၏ရရှိမည့် ရငွေနှင့် ကုန်ကျမည့်အသုံးစရိတ်များကို နှစ်စဉ်လုပ်ငန်းစီမံချက်နှင့် ရသုံးခန့်မှန်းခြေရေးဆွဲခြင်း။

         (ဋ)     ရသုံးခန့်မှန်းခြေ(BE)ကို နိုဝင်ဘာလတွင်ရေးဆွဲပြီး ဒီဇင်ဘာလတွင် အတည်ပြုခြင်း။

         (ဌ)      ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း(RE)ကို ဇူလိုင်လတွင်ရေးဆွဲပြီး ဩဂုတ်လတွင်အတည်ပြုခြင်း။

         (ဍ)      ရန်ပုံငွေလွှဲပြောင်းခြင်းကို အောက်တိုဘာလတွင်ရေးဆွဲပြီး နိုဝင်ဘာလတွင် စိစစ်အတည် ပြုခြင်း ကိုဆောင်ရွက်ခြင်း။

         (ဎ)      အလှူတော်ရငွေနှင့် အသုံးစရိတ်

                   ငွေစာရင်းခေါင်းစဉ်။     အလှူတော်ရငွေများကို ငွေစာရင်း ခေါင်းစဉ်(၁၀) ခုသတ်မှတ်၍ အလှူခံ ပါသည်။

                   အသုံးစရိတ်များကိုလည်း ၎င်းငွေစာရင်းခေါင်းစဉ် (၁၀)ခု အတိုင်းအလှူတော်ရငွေ အသုံးစရိတ်မှ ကျခံသုံးစွဲရမည် –

                   အလှူတော်ရငွေများ             အလှူတော်ရငွေမှကျခံသည့်

                                                                       အသုံးစရိတ်များ

                   ရွှေသင်္ကန်းတော်စာရင်း                     ရွှေသင်္ကန်းတော်စာရင်း

                   ထာဝရဘက်စုံစာရင်း                        ထာဝရဘက်စုံစာရင်း

                   အခင်း၊ မဟာရံတံတိုင်းစာရင်း             အခင်း၊ မဟာရံတံတိုင်းစာရင်း

                   စေတီ၊ ပုထိုး၊ တန်ဆောင်း၊                  စေတီ၊ ပုထိုး၊ တန်ဆောင်း၊

                   စောင်းတန်းစာရင်း                           စောင်းတန်းစာရင်း

                   ဓါတ်လှေကား၊ စက်လှေကားစာရင်း      ဓါတ်လှေကား၊ စက်လှေကားစာရင်း

                   အထွေထွေဝေယျာဝစ္စစာရင်း              အထွေထွေဝေယျာဝစ္စစာရင်း

                   ဝတ္ထုကံမြေသာယာရေးစာရင်း             ဝတ္ထုကံမြေသာယာရေးစာရင်း

                   အခါကြီး၊ ရက်ကြီးများဆိုင်ရာစာရင်း          အခါကြီးရက်ကြီးများဆိုင်ရာစာရင်း

                   ရေဂြိုလ်တိုင်နှင့်ရေဘက်ဆိုင်ရာစာရင်း          ရေဂြိုလ်တိုင်နှင့်ရေဘက်ဆိုင်ရာစာရင်း

         (ဏ)    စီမံခန့်ခွဲမှုရငွေနှင့်အသုံးစရိတ်စာရင်း။             စီမံခန့်ခွဲမှုရငွေများကို ငွေစာရင်းခေါင်းစဉ်(၁၀)ခု သတ်မှတ်ထားပါသည်။ အသုံးစရိတ်များကိုလည်း စီမံခန့်ခွဲမှုရငွေ ငွေစာရင်း ခေါင်းစဉ်မှ ကျခံသုံးစွဲ ပါသည် –

                   စီမံခန့်ခွဲမှုရငွေများ                                          စီမံခန့်ခွဲမှုရငွေမှကျခံသည့် အသုံးစရိတ်များ

                   ဈေးဆိုင်ခန်းများအခွန်ရငွေ                                           လစာနှင့်ထောက်ပံ့ငွေများ

                   ကန်ထရိုက်လုပ်ငန်းများရငွေ                                                           ချီးမြှင့်ငွေများ

                   သန့်စင်ခန်းရငွေ                                                     လုပ်သက်ဆုကြေး

                   ဖိနပ်အပ်ရငွေ                                                ရိက္ခာ၊ ဝတ်စုံနှင့် ခရီးစရိတ်များ

                   လေလံရငွေ                                     အိုနာစာရန်ပုံငွေထောက်ပံ့ခြင်း

                   ဆီမီးဝန်ဆောင်မှုရငွေ                                                    လူမှုဖူလုံရေးစရိတ်

                   ယာဉ်ဝင်ကြေးရငွေ                                               အခြားအသုံးစရိတ်များ

                   ဆွမ်းဝေယျာဝစ္စဝန်ဆောင်မှုရငွေ

                   အခြားရငွေ

         (တ)    အလှူတော်ငွေများသိမ်းဆည်းခြင်းနှင့်အပ်နှံခြင်း။ ရွှေတိဂုံစေတီတော်ပင်မအထူးအလှူခံဌာနနှင့် ရင်ပြင်တော်ပေါ်ရှိ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၏ အထူးအလှူခံမဏ္ဍပ်မှ ရရှိသောအလှူတော်ရငွေ များ၊ အလှူခံပုံးများရရှိသော အလှူတော်ရငွေများနှင့် နိုင်ငံခြားသားဧည့်ဝင်ကြေးအပါအဝင် အခြားနိုင်ငံများမှ လှူဒါန်းသော တစ်နေ့တာအတွက်ရရှိသော အလှူငွေများကို ငွေစာရင်း ခေါင်းစဉ်အလိုက် စာရင်းခွဲခြားရေးသွင်း၍ ဂေါပကအဖွဲ့ရုံး၏ ငွေတိုက်ခန်း၌ ယာယီသိမ်းဆည်း ထားရှိပြီး နောက်တစ်နေ့ ဘဏ်ဖွင့်ချိန်၌ စာရင်းပေါင်းချုပ်ပြုလုပ်၍ သက်ဆိုင်ရာ  ဘဏ်များသို့ ပေးသွင်းအပ်နှံခြင်း။

         (ထ)    အလှူရှင်များမှ လှူဒါန်းသော အထွေထွေပစ္စည်းများကို အလှူရှင်များသို့ လက်ခံအလှူခံပြေစာ ထုတ်ပေးခြင်း၊ ဓါတ်ပုံမှတ်တမ်းစာရင်းနှင့်တကွ ဗဟိုသိုလှောင်ရေးဌာနသို့ အပ်နှံခြင်း။

         (ဒ)      ဘဏ္ဍာရေးဌာနသည် ဗဟိုသိုလှောင်ရေးဌာန၏ လစဉ် ပစ္စည်းအဝင်အထွက် လက်ကျန်များကို တန်ဖိုးနှင့်တကွ ကိုက်ညီမှု ရှိ/မရှိ စိစစ်ဆောင်ရွက်ခြင်း။

         (ဓ)      အလှူတော်ငွေများ တိုးတက်များပြားလာစေရန်ငွေစု လက်မှတ်များ၊ Fixed Deposit လက်မှတ် များ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းခြင်း၊ ငွေစာအုပ်များသို့ အလှူတော်ငွေများအပ်နှံခြင်းဖြင့် အတိုး ရရှိအောင်ဆောင်ရွက်ခြင်းတို့ကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ပေးခြင်း။

         (န)      လချုပ်စာရင်းများ၊ နှစ်ချုပ်စာရင်းများရေးဆွဲ၍ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သို့ တင်ပြခြင်းကို ဆောင်ရွက်ခြင်း။

ဝန်ထမ်းရေးရာနှင့်မှတ်တမ်းဌာနက ဆောင်ရွက်ရသောတာဝန်များ

(က)   ဩဝါဒါစရိယဆရာတော်များ မှတ်တမ်း၊ ဩဝါဒခံယူပွဲမှတ်တမ်း၊ ဂေါပကအဖွဲ့ဝင်များ မှတ်တမ်း တို့ကို ပြုစုထိန်းသိမ်းခြင်း။

(ခ)      နှစ်စဉ်ကျင်းပမြဲဖြစ်သော ဘာသာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပရေးအတွက်ကြိုတင်၍ ဂေါပကအဖွဲ့သို့တင်ပြပြီး ဆုံးဖြတ်ချက်အရ ဆောင်ရွက်ခြင်း၊ အများပြည်သူသိရှိစေရန် ကြေညာ ခြင်း၊ သတင်းထုတ်ပြန်နိုင်ရေးအတွက် မီဒီယာများ ဖိတ်ကြားခြင်း။

(ဂ)      ဂေါပကအဖွဲ့ပုံမှန်အစည်းအဝေးနှင့် အရေးပေါ်အစည်းအဝေး များကျင်းပနိုင်ရန်စီစဉ်ပေးခြင်း၊ အစည်းအဝေးမှတ်တမ်းပြုစုခြင်း၊ ထာဝရဘက်စုံလုပ်ငန်းများနှင့် အခြားလုပ်ငန်းများအတွက် အစည်းအဝေးများကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း။

(ဃ)    ဂေါပကအဖွဲ့ဝန်ထမ်းရေးရာ အစည်းအဝေးမှ ဆုံးဖြတ်ချက်အရဝန်ထမ်း ခန့်ထားခြင်း၊ ရပ်စဲခြင်း၊ ထုတ်ပယ်ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ လစာတိုးမြှင့်ခြင်း၊ ခွင့်ခံစားခြင်း၊ လုပ်သက်ပြည့် အနားယူ စေခြင်း၊ လုပ်သက်ဆုကြေးငွေတွက်ချက် တင်ပြတောင်းခံပေးခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်း၊ သက်သာ ချောင်ချိရေး၊ လူမှုဖူလုံရေး အစရှိသော ဝန်ထမ်းရေးရာကိစ္စများကို ဆောင်ရွက်ခြင်း။

(င)      ဧည့်သည်တော်များလာရောက်ရာ၌ ကြိုဆိုခြင်း၊ ရှင်းလင်းပြသခြင်းအစရှိသော ဧည့်သည်တော် ဆိုင်ရာလုပ်ငန်းများကို ရုံးအဖွဲ့၊ ဧည့်ကြိုအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း။

(စ)      စေတီတော်ကြီးသို့ လာရောက်လှူဒါန်းကြသော တစ်သိန်းနှင့််အထက် အလှူရှင်များအား လှူဒါန်း မှု ဓါတ်ပုံရိုက်ကူးပေးခြင်း၊ အလှူရှင်များအား ကြိုဆိုဧည့်ခံပေးခြင်း။

(ဆ)    စေတီတော်ကြီးတွင် ကျင်းပသော ရာသီအလိုက်ပွဲတော်များ၊ အခမ်းအနားများတွင် မှတ်တမ်း ဓါတ်ပုံရိုက်ခြင်း၊ ဗွီဒီယိုများရိုက်ကူးပေးခြင်း။ လိုအပ်ပါက ပရိုဂျက်တာဖြင့် ပြသနိုင်‌ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်း။

(ဇ)      ရွှေတိဂုံစေတီတော်ကြီးနှင့် ဝတ္ထုကံမြေအတွင်း၌ ဂေါပကအဖွဲ့က ဆောင်ရွက်ပြီးစီးသော လုပ်ငန်းများအတွက် စာရွက်စာတမ်း၊ စာအုပ်၊ ဓါတ်ပုံ၊ စီဒီ(CD)၊ ဒီဗွိဒီ(DVD)၊ တိပ်ခွေ၊ မြေပုံ အစရှိ သောမော်ကွန်းမှတ်တမ်းများ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းမှုလုပ်ငန်းများကို ဆောင် ရွက် ခြင်း။

(ဈ)     ဂေါပကအဖွဲ့ကိုယ်စားပြင်ပဌာနများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရသော ဆက်သွယ်ရေး ဆိုင်ရာလုပ်ငန်းများ “ဝင်စာ၊ထွက်စာ”များ လက်ခံခြင်း၊ ပေးပို့ခြင်း၊ ထိန်းသိမ်းခြင်း အစရှိသော စာပေးစာယူလုပ်ငန်းများကိုဆောင်ရွက်ခြင်း။

(ည)    ဂေါပကအဖွဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများအရ ရှေးယခင် အစဉ်အလာအရဂေါပက အဖွဲ့အဆက်ဆက်က ဆုံးဖြတ်ထားရှိခဲ့သာ မူဝါဒဆိုင်ရာကိစ္စများကို လက်ရှိဂေါပကအဖွဲ့နှင့် ဂေါပကအဖွဲ့ဝင်များ သုံးသပ်ဆုံးဖြတ်နိုင်ရန် ဖြည့်ဆည်း ပံ့ပိုးပေးခြင်း။

(ဋ)     ရွှေတိဂုံစေတီတော်ရုံးဌာန အသီးသီး၏ ဆက်သွယ်မှုကောင်းမွန်စေရန် တယ်လီဖုန်း ဆက်သွယ် ရေး၊ ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း။

(ဌ)      ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ခွင့်ပြုထားသော စာအုပ်၊ စာစောင်၊ ဓါတ်ပုံ၊ DVD,VCD မှတ်တမ်းခွေများကို ရင်ပြင်တော်စာအုပ် အရောင်းဆိုင်တွင် ခင်းကျင်းရောင်းချခြင်း၊ ရရှိသော ငွေများကို ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းများနှင့် အညီသိမ်းဆည်းခြင်း၊ အပ်နှံခြင်း၊ စာရင်းသွင်း ခြင်း။

(ဍ)      ရွှေတိဂုံစေတီတော်ဆိုင်ရာ Pagoda Digital Directory လုပ်ငန်းများဖြစ်သည့် Offline/Online Website များနှင့်ဂေါပကအဖွဲ့ရုံးဆိုင်ရာ Email, Facebook Page တို့အား ကိုင်တွယ်ထိန်းသိမ်း ခြင်းနှင့် ဂေါပကအဖွဲ့ရုံးဌာနများအတွက် ကွန်ပျူတာနည်းပညာဆိုင်ရာ ကူညီပံ့ပိုးမှုများ ဆောင် ရွက်ပေးခြင်း။

ရွှေနှင့်ရတနာဌာနက ဆောင်ရွက်ရသောတာဝန်များ

(က)   ရွှေတိဂုံစေတီတော်ကြီးနှင့်တကွ စေတီ၊ ပုထိုး၊ ရုပ်ပွား၊ ဆင်းတုများနှင့် သာသနိကပစ္စည်းများအား ရွှေသင်္ကန်းတော် ကပ်လှူခြင်း။ (ရွှေသင်္ကန်းတော်ကပ်လှူခြင်းလုပ်ငန်းဆိုင်ရာ၌ ရွှေပြား (Gold Plate) ကပ်ခြင်း၊ ရွှေပြားနှင့်ကြေးပြား တွဲစပ်ကော်ကပ်ခြင်း၊ ကြေးပြားဆေးကြောသန့်စင်ခြင်း၊ ရွှေစင်ပြား (Gold Coating) ကပ်ခြင်း၊ မျက်ပါးရွှေဆိုင်း ကပ်ခြင်းများအပြင် ရွှေဆိုင်း၊ သစ္စေး(စစ္စေး)များနှင့် ဆက်စပ်ဆောင်ရွက်ရသော ရွှေဇဝါယွန်းလုပ်ငန်း၊ မှန်စီရွှေချလုပ်ငန်း၊ သရိုးကြိုးခင်းလုပ်ငန်းများ၊ မှန်စီဆေးသွင်းလုပ်ငန်းများ၊ ကြေး‌ဘောင် ကြေးပြားကပ်လုပ်ငန်းများ ပါဝင်သည်။)

         (ခ)      ရွှေသင်္ကန်းတော်ကပ်လှူထားသော စေတီတော်၊ ရုပ်ပွားဆင်းတုတော်များကို ရွှေရောင်ရွှေသား ကောင်းမွန်စွာဖြင့် တင့်တယ်ကြည်ညိုဖွယ်ဖြစ်စေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း။ (ဥပမာ- ထီးတော်များ ယိမ်းယိုင်တိမ်းစောင်းမှုမရှိစေရန်၊ မကိုဋ် စလွယ်တော်များရွဲ့စောင်းမှုမရှိစေရန် စစ်ဆေးပြီး ပြင်ဆင်ရန်လိုအပ်ပါက သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း)

         (ဂ)      ရွှေတိဂုံစေတီတော်ဝတ္ထုကံမြေအတွင်း၌ စေတီတော်ရုပ်ပွားတော်များအား ရွှေမျက်ပါးသင်္ကန်း ကပ်လှူပြီးနောက် ရွှေရောင်ကောင်းမွန်ဝင်းလက်စွာ ဖူးတွေ့ပူဇော်နိုင်သော သက်တမ်းကို သာမန်အားဖြင့် (၅)နှစ်သက်မှတ်ထားရှိပြီး မျက်ပါးရွှေဆိုင်းကပ်သင့်သော အချိန်မတိုင်မှီ ခန့်မှန်းရွှေချဧရိယာ ပမာဏ၊ အသုံးပြုရမည့်ရွှေဆိုင်း အရေအတွက်နှင့် ခန့်မှန်းကုန်ကျငွေ စသည်များကို ဂေါပကအဖွဲ့သို့ တင်ပြခြင်း။

         (ဃ)    ရွှေချလုပ်ငန်းမှ ဘေးထွက်ပစ္စည်းများဖြစ်သည့် ရွှေချမှိုက်၊ ရွှေချွတ်မှိုက်၊ ရွှေစစ်ကန်၊ ရွှေမြေ၊ ရွှေပါပစ္စည်းစသည်များမှ ရွှေစင်ရွှေသား(သို့မဟုတ်)ရွှေသား တန်ဘိုးပြန်လည်ရရှိစေရန် ဆောင် ရွက်ခြင်း။

         (င)      ရွှေသင်္ကန်းတော်ကပ်လှူရေးလုပ်ငန်းအတွက် ရွှေစင်ရွှေသားများ၊ ရွှေဆိုင်းများ ဝယ်ယူ စုဆောင်း ခြင်း။

         (စ)      ရဟန်းရှင်လူပြည်သူအများက ရွှေတိဂုံစေတီတော်သို့လှူဒါန်းသောရွှေနှင့် လက်ဝတ်ရတနာ ပစ္စည်းများအား ချိန်တွယ်စစ်ဆေး၍ လက်ခံထိန်းသိမ်းခြင်း၊ ဂေါပကအဖွဲ့ ဆုံးဖြတ်ချက်အရ မူရင်း အတိုင်း ထိန်းသိမ်းခြင်း၊ ပြတိုက်သို့လွဲအပ်ခြင်း၊ ကျောက်ဖြုတ်၍ ရွှေလှော်သန့်စင်ခြင်း၊ ရွှေပြား ခတ်လုပ်ခြင်း။

         (ဆ)    ရွှေတိဂုံစေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်ရာတွင် အသုံးပြုရန် လိုအပ် သော ၆ကျပ်သားရွှေပြား(Gold Plate) များကို ရွှေပြားကြိတ်စက် အလုပ်ရုံတွင် ထုတ်လုပ်ခြင်း။

         (ဇ)      ငွေသားဖြင့် တန်ဘိုးသင့်၍ဖြစ်စေ၊ ရွှေဖြင့်ချိန်ဆ၍ဖြစ်စေ ရွှေသင်္ကန်းတော်ကပ်လှူရန် လှူဒါန်း သည့် အလှူရှင်များအတွက် ရွှေပြားခတ်လုပ်ပြုလုပ်ပေးခြင်း၊ ဘဏ္ဍာရေးဌာနက ရေစက်ချ အခမ်း အနားတွင် ရွှေစင်ပြားများဖြင့် ကူညီဆောင်ရွက်ခြင်း။

လုပ်ငန်းဌာနက ဆောင်ရွက်ရသောတာဝန်များ

(က)   စေတီတော်ရင်ပြင်တော်နှင့် တတ္ထုကံမြေအတွင်းရှိ စေတီတော်ကြီးနှင့် တကွ ဇရပ်၊ တန်ဆောင်း၊ စောင်းတန်း၊ဓမ္မာရုံ၊စေတီ ပုထိုး၊ ရုပ်ပွားဆင်းတုအစရှိသော သာသနိက အဆောက်အအုံများ၊ မြန်မာမှုဆိုင်ရာများကို ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း၊ ဆေးသုတ်ခြင်း အစ ရှိသော လုပ်ငန်းများဆောင်ရွက်ခြင်း။

(ခ)      မဟာရံတံတိုင်းများ၊ ရင်ပြင်တော်အခင်း၊ လမ်း၊ ရေမြောင်း၊သန့်စင်ခန်း၊ စောင်းတန်းဆိုင် ခန်း များ အစရှိသော အခြားအဆောက်အအုံများ တည်ဆောက်ခြင်း၊ ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ ပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း။ ပရိဘောဂများ ပြုလုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း။

(ဂ)      စေတီတော်မြတ်ကြီးသို့ လှူဒါန်းထားသော ဝတ္ထုကံမြေ ပြင်ပရှိ နေအိမ်၊ တိုက်ခန်း၊ ခြံမြေ အ စ ရှိ သော ဗုဒ္ဓသန္တက အဆောက်အအုံများကိုထိန်းသိမ်းခြင်း၊ မျက်ခြေမပြတ် ကြည့်ရှု စစ်ဆေးခြင်း။ ထူးခြားမှုများကို ဂေါပကအဖွဲ့သို့တင်ပြပြီး ဆောင်ရွက်ခြင်း။

(ဃ)    ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော အခမ်းအနားများတွင်  အခမ်းအနားပြင်ဆင်ရေး ဆိုင်ရာ လုပ် ငန်းများ ဆောင်ရွက်ခြင်း။

လုံခြုံမီးသတ်ဌာနက ဆောင်ရွက်ရသောတာဝန်များ

(က)   ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓသန္တကပစ္စည်းများ လုံခြုံရေးနှင့် မီးဘေးကာကွယ်ရေး ဆောင် ရွက်ခြင်း။

(ခ)      စေတီတော်မြတ်ကြီးသို့ လာရောက်လေ့လာ ကြည်ညိုကြသော ဘုရားဖူးများ လုံခြုံရေးကို အလေးထားဆောင်ရွက်ခြင်း။

(ဂ)      စေတီတော် ဝတ္ထုကံမြေအတွင်း ဂေါပကအဖွဲ့က သတ်မှတ်ထားရှိသော စည်းကမ်းများအား သက်ဆိုင်သူများ လိုက်နာဆောင်ရွက်စေရန် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများကိုဆောင် ရွက်ခြင်း။

(ဃ)    ကျူးကျော်ဆိုင်များနှင့် ကျူးကျော်ဈေးသည်များအား ရှင်းလင်းဖယ်ရှားခြင်း။

 (င)      ရင်ပြင်တော်နှင့် ပရိဝုဏ်အတွင်း ခွင့်ပြုမဲ့အလှူခံများ၊ တောင်းရမ်းစားသောက်သူများအား ပိတ် ပင်တားဆီးခြင်း။

(စ)      ဇရပ်၊ တန်ဆောင်း၊ ဓမ္မာရုံနှင့် ပိဋကတ်တိုက်များတွင် ကျူးကျော်နေထိုင်သူများနှင့် ခွင့်ပြုမဲ့တည်း ခိုနေထိုင်သူများအား ရှင်းလင်းအရေးယူခြင်း။

 (ဆ)    မီးဘေးလုံခြုံရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်ခြင်း။ အစိုးရမီးသတ်ဌာနများ၏ လမ်းညွှန်မှုနှင့် အညီ ဆောင်ရွက်ခြင်း။

  (ဇ)      စေတီတော်ဝတ္ထုကံမြေအတွင်း မီးလောင်မှုမဖြစ်ပွားစေရန် စီမံချက်ရေးဆွဲ ဆောင်ရွက်ခြင်း။

 (ဈ)     မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဝတ္ထုကံမြေအတွင်းရှိ ဇရပ်/တန်‌ဆောင်း၊ ဓမ္မာရုံ၊ အဆောက်အအုံများတွင် မီးသုံးစွဲမှု စစ်ဆေးဆောင်ရွက်၍ မှတ်တမ်းပြုစုထားရှိခြင်း၊ သတိပေး နှိုးဆော်ခြင်း၊ ပညာပေးခြင်း၊ အန္တရာယ်ဖြစ်နိုင်သော မီးပေါ့ဆမှုများ စစ်ဆေးတွေ့ရှိပါက ပြင်းထန် စွာအရေးယူဆောင်ရွက်ခြင်း။

  (ည)    မီးသတ်ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် မီးသတ်ဦးစီးဌာန၏ အကြံဉာဏ်များရယူ၍ လည်းကောင်း၊ မီးသတ်ဦစီးဌာန၏ ဦးဆောင်မှုဖြင့်လည်းကောင်း၊ မပြတ်လေ့ ကျင့်သင် တန်း ပေး ခြင်း။

  (ဋ)     ရေရရှိရေးအတွက် ရေလှောင်ကန်များထားရှိ စစ်ဆေးခြင်း၊ ရေပိုက်လိုင်းများ၊ ရေဘားများ စစ်ဆေးခြင်း။ လိုအပ်ပါကလုပ်ငန်းဌာနနှင့် ညှိနှိုင်းဆက်သွယ် ဆောင်ရွက်ခြင်း။

 (ဌ)      မီးလောင်မှုဖြစ်ပွားပါက အမြန်ဆုံးငြိမ်းသတ်နိုင်ရန် စည်းမျဉ်းစည်းကမ်းအတိုင်း စီစဉ်ဆောင်ရွက် ထားရှိခြင်း။(ဥပမာ။ မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ရေပုံး၊မီးသတ်စက် စသည်ဖြင့်)

 (ဍ)      လုံခြုံမီးသတ်ဝန်ထမ်းများသည် စေတီတော်မြတ်ကြီးတွင် ပေါ်ပေါက်လာသော အထူးလုပ် ငန်း များ၌  အရံအင်အားအဖြစ် ပူးပေါင်းဆောင်ရွက်ခြင်း။

 (ဎ)      ရုံးတာဝန်မှူးအဖွဲ့၏ ဆောင်ရွက်ရသော နေ့စဉ်လုပ်ငန်းများတွင်လည်း လိုအပ်သလို ပူးပေါင်း ဆောင်ရွက်ခြင်း။ (ဥပမာ။ ရင်ပြင်တော်တွင် လှူဒါန်းထားသော အုန်းပွဲ၊ငှက်ပျောပွဲများ လိုက်လံ စစ်ဆေး၍ ဖျက်ဆီးသိမ်းဆည်းခြင်းလုပ်ငန်း အစရှိသဖြင့်)

လျှပ်စစ်နှင့်ရေသန့်ဌာနက ဆောင်ရွက်ရသောတာဝန်များ

(က)   ရွှေတိဂုံစေတီတော် ဝတ္ထုကံမြေအတွင်း လျှပ်စစ်ဓာတ်အားရရှိရေး၊ ဖြန့်ဝေသုံးစွဲရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်း။

 (ခ)      ရေရရှိရေး၊ သိုလှောင်ရေး၊ သုံးစွဲရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်း။

 (ဂ)      ဓာတ်လှေကား၊ စက်လှေကား ကြံ့ခိုင်မှုထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်း။

  (ဃ)    ဝတ္ထုကံမြေအတွင်းရှိ ဈေးဆိုင်ခန်းများ၊ သန့်စင်ခန်းများတွင် လျှပ်စစ်ပိုင်းဆိုင်ရာ၊ ရေသန့်ပိုင်း ဆိုင် ရာ လုပ်ငန်းများဆိုင်ရာ ဆောင်ရွက်ခြင်း၊ သတ်မှတ် စည်းကမ်းနှင့်အညီ လိုက်နာကျင့်သုံးရေး ကြီးကြပ်ဆောင်ရွက်ခြင်း

   (င)      လေအေးပေးစက်နှင့်ပတ်သက်၍ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်း။

     (စ)      ဝတ္ထုကံမြေအတွင်း ဇရပ်၊တန်ဆောင်းများ၏ လျှပ်စစ်ဓါတ်အား သုံးစွဲခြင်းနှင့် ရေသုံးစွဲခြင်း များ အတွက် ကျသင့်သော အခွန်အခများ ပေးဆောင်နိုင်ရန် လစဉ်မီတာယူနစ်များ ကောက်ခံ ပေးခြင်း၊ သတ်မှတ်စည်းကမ်းများနှင့် အညီ လိုက်နာကျင့်သုံးရေး ကြီးကြပ်ဆောင်ရွက်ခြင်း။

သာသနာတော်ထိန်းသိမ်းစောင့်ရှောက်မှု

ရွှေတိဂုံစေတီတော်နှင့် သာသနိကအဆောက်အဦများထိန်းသိမ်းစောင့်ရှောက်မှု

ရွှေတိဂုံစေတီတော်ကြီး၏ အထွေထွေအရပ်ရပ်သော ဝေယျာဝစ္စဆောင်ရွက်ရန်ကိစ္စများမှာ ကြီးကျယ်များပြားရုံသာမက တန်ဘိုးငွေပမာဏလည်း အလွန်ကြီးမားလှပါသည်။ ထိုများပြားလှသော ဘဏ္ဍာတော်ငွေများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် စေတီတော်ကြီးနှင့် သာသနိကအဆောက်အဦများကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တိုက်ရိုက် ခန့်အပ်တာဝန်ပေး ဖွဲ့စည်းထားပါသည်။
ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် စနစ်တကျ စီမံထိန်းသိမ်းစောင့်ရှောက်ရန် လုပ်ငန်းဌာနကြီး (၁၀) ခု ဖွဲ့စည်းလျက် ဂေါပကအဖွဲ့ဝင်(၁)ဦးချင်းမှ လုပ်ငန်းအလိုက်ခွဲဝေ တာဝန်ယူဆောင်ရွက်ပါသည်။ ဌာနအလိုက် ဝန်ထမ်းများကိုလည်း စနစ်တကျ ဖွဲ့စည်းခြင်း၊ တာဝန်နှင့်ဝတ္တရားများ သတ်မှတ်ပေးထားခြင်း၊ လုံလောက်သော ဝန်ထမ်းများကို ဂေါပကအဖွဲ့ရုံး ဖွဲ့စည်းပုံဇယားများရေးဆွဲ၍ စနစ်တကျဖွဲ့စည်း ဆောင်ရွက်ထားပါသည်။ အကြမ်းအားဖြင့် အရာရှိ၊ အခြားအဆင့်၊ အမြဲတမ်းဝန်ထမ်း၊ နေ့စားဝန်ထမ်း စုစုပေါင်း(၁၃၀၀)ကျော် ခန့်ထား ဆောင်ရွက်လျက်ရှိပါသည်။
ဂေါပကအဖွဲ့၏ ဘုရားစေတီပုထိုး၊ သာသနိကအဆောက်အဦများ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သလို အနီးကပ် ဩဝါဒပေးနိုင်ရန်အတွက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများအဖွဲ့ကို အဖွဲ့ဝင်ဆရာတော် (၁၁)ပါးကိုရွေးချယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အတည်ပြုပေးထားပါသည်။ ရွှေတိဂုံစေတီတော်ြမတ်ကြီးနှင့် သာသနိက အဆောက်အအုံ များအား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အောက်ပါအတိုင်း စီမံထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည် –
( ၁ ) ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဩဝါဒါစရိယ ဆရာတော်ကြီးများဖွဲ့စည်း၍ လမ်းညွှန်မှုပေးခြင်း
( ၂ ) ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဖွဲ့စည်း၍ လုပ်ငန်း ဌာနအလိုက် တာဝန်ခွဲဝေဆောင်ရွက်ခြင်း
( ၃ ) ဘာသာရေးအသင်းအဖွဲ့များ၊ ဝန်ထမ်းများဖြင့် သာသနာတော်ထိန်းသိမ်း စောင့်ရှောက်မှုအတွက် လုပ်ငန်းများဆောင်ရွက်ခြင်း

ဘဏ္ဍာငွေထိန်းသိမ်းစောင့်ရှောက်မှု
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့သည် ဘုရားဖူးပြည်သူများ လွယ်လင့်တကူ လှူဒါန်းနိုင်ရန် ရင်ပြင်တော်ပေါ်၌ အကြောင်းအရာအမျိုးမျိုးဖြင့် အလှူခံပုံးများ ချထားပေးပါသည်။ အလှူခံဌာနများ ဖွင့်လှစ် ပေးထားပါသည်။ အလှူခံပုံးများကို စောင့်ရှောက်ရေးသံဃာတော်များ၊ တာဝန်မှူးအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့၊ ရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ညစဉ်သိမ်းဆည်းပြီး နောက်တစ်နေ့တွင် ငွေရေတွက်ရန် သတ်မှတ်ထားသည့် လုံခြုံရေးအခန်း၌ ရေတွက်ပြီး ပြေစာဖြင့် ဘဏ္ဍာရေးဌာနသို့ အပ်နှံရပါသည်။ ဘဏ္ဍာရေးဌာနသည် တစ်နေ့အတွက် ရရှိသော အလှူတော်ငွေများအား နောက်တစ်နေ့တွင် နိုင်ငံတော်အစိုးရက ဖွင့်လှစ်ထားသော ဘဏ်များသို့ အပ်နှံရပါသည်။

ရွှေတိဂုံစေတီတော်ကြီးတွင် အများပြည်သူလှူဒါန်းသော အလှူတော်ငွေနှင့် ဂေါပကအဖွဲ့က ဘုရားဖူးများ အဆင်ပြေစေရန် စီမံခန့်ခွဲသော လုပ်ငန်းများမှရရှိသော စီမံခန့်ခွဲမှုဆိုင်ရာရငွေဟူ၍ ရငွေနှစ်မျိုးနှစ်စားရှိပါသည်။ ရွှေသင်္ကန်းတော်ကပ်လှူခြင်း၊ သာသနိကအဆောက်အဦးများ ပြုပြင် ထိန်းသိမ်းခြင်း၊ လျှပ်စစ်မီးပူဇော်ခြင်း၊ ရေလှူဒါန်းခြင်းစသည်များကို အလှူတော်ငွေမှ ကျခံသုံးစွဲပြီး ဝန်ထမ်းများအား လစာစရိတ်ချီးမြှင့်ခြင်း၊ ဧည့်ခံ ကျွေးမွေးခြင်း စသည်များအတွက် စီမံခန့်ခွဲမှု ဆိုင်ရာရငွေများမှ ကျခံသုံးစွဲရပါသည်။ ဝင်ငွေမှန်သမျှအား ပြေစာဖြင့်လက်ခံပြီး ထွက်ငွေမှန်သမျှအား ချက်ဖြင့် ထုတ်ပေးကာ ရငွေသုံးငွေများကို ထိန်းချုပ်သုံးစွဲရပါသည်။

နှစ်စဉ်ဇန်နဝါရီလ (၁)ရက်မှ ဒီဇင်ဘာလ (၃၁) ရက်အထိ ကာလကို ဘဏ္ဍာရေးနှစ်အဖြစ် သတ်မှတ်ပြီး လာမည့် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက် သင့်သော လုပ်ငန်းများကိုစုစည်းကာ လုပ်ငန်းစီမံချက် ရေးစွဲရပါသည်။ လုပ်ငန်းစီမံချက်ကိုအခြေခံ၍ နိုင်ငံတော်အစိုးရဌာနများကဲ့သို့ ဘတ်ဂျက် (သို့မဟုတ်) ရငွေသုံးငွေခန့်မှန်းခြေစာရင်း ရေးဆွဲ အတည်ပြုကာ ဘဏ္ဍာတော်ငွေများကို ထိန်းချုပ်သုံးစွဲရပါသည်။

စီမံ၊ ထိန်းသိမ်းစောင့်ရှောက်ရေးဆောင်ရွက်မှုများ
နှစ်(၂၆၀၀)ပြည့်မြောက်ကာလတွင် ရွှေတိဂုံစေတီတော်၏ အထွေထွေအရပ်ရပ်သော ဝေယျာဝစ္စလုပ်ငန်းများသည် ကြီးကျယ်များပြားသည် သာမက တန်ဘိုးငွေပမာဏကြီးမားလှသောကြောင့် သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက် စနစ်တကျ စီမံထိန်းသိမ်းစောင့်ရှောက်ရန် ဂေါပကအဖွဲ့က ဦးဆောင်ပြီး ဂေါပကအဖွဲ့တွင် ဌာနကြီး (၁၀) ခု ဖွဲ့စည်းလျက် တာဝန်ခွဲဝေဆောင်ရွက်ပါသည်။ ဌာနကြီးတစ်ခုစီတွင် ဂေါပကအဖွဲ့ဝင်လူကြီးတစ်ဦးက ဦးဆောင်ကာ သတ်မှတ်ဖွဲ့စည်းထားသော ဝန်ထမ်းများက ဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ရွက်ပါသည်။
ဗုဒ္ဓသာသနာတော်ထိန်းသိမ်းစောင့်ရှောက်မှု

စေတိယင်္ဂဏစာလျှောက်မေးပွဲကျင်းပခြင်း
ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီး အဓွန့်ရှည်စွာ တည်တံ့ခိုင်ခန့်စေရန် ထိန်းသိမ်းစောင့်ရှောက်ရုံမျှသာမက ဗုဒ္ဓမြတ်စွာသာသနာတော် တည်တံ့စည်ပင်ပြန့်ပွားရေးလုပ်ငန်းများကိုလည်း တက်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွားထွန်းကားရေးအတွက် သာသနာ့အာဇာနည် ပုဂ္ဂိုလ်အကျော်အမော်များ ပေါ်ပေါက်လာစေရန် ကြုံခဲလှစွာသော အခွင့်အရေးတရပ် အနေဖြင့် (၁၉၈၄)ခုနှစ်တွင်‌ ရွှေတိဂုံစေတီတော်ဘဏ္ဍာ‌တော်ထိန်းဂေါပကအဖွဲ့သည် စေတိယင်္ဂဏစာလျှောက်မေးပွဲကြီးကို ၁၃၄၅ ခုနှစ် (၆၇) ကြိမ်မြောက် ကာလမှစ၍ တာဝန်ယူကျင်းပခဲ့ရာ ယခုအခါ (၁၀၆) ကြိမ်မြောက်အထိ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။
ယင်းကာလအတွင်း သာသနာတော်အဓွန့်ရှည်ရေးအတွက် နှစ်စဉ်မပျက်စာလျှောက်မေးပွဲကျင်းပခြင်း၊ စာအောင်ဆုနှင်းသဘင် ဆင်ယင် ကျင်းပပူဇော်ခြင်းနှင့် လစဉ်နိဗဒ္ဓဆွမ်းဆန်တော်များ လောင်းလှူခြင်းစသည့် သာသနာရေးဆိုင်ရာများကို သဒ္ဓါကြည်လင်ပါရမီရှင်အပေါင်းတို့၏ လှူဒါန်းငွေများဖြင့် နှစ်စဉ်မပြတ် ကုသိုလ်အထပ်ထပ်ဖြင့် သာသနာ့အသက်သွေးကြော ဆက်လက်ရှင်သန်နေစေရန် အားထုတ်ကြိုးပမ်းဆောင်ရွက်လျက် ရှိကြပါသည်။
ပရိယတ္တိသာသနာတော်ကြီး အရှည်တည်တံ့ခိုင်မြဲစေရန် အဇာတသတ်မင်း၏ ပစ္စယာနုဂ္ဂဟဖြင့် အရှင်မဟာကဿပမထေရ် အကြီးအမှူးပြုသည့် ရဟန္တာ (၅၀၀) တို့က ပထမသင်္ဂါယနာတင်တော်မူခဲ့သည်မှ အစပြု၍ သာသနာ့ဝန်ဆောင် သံဃာတော်များက စဉ်ဆက်မပြတ်ထိန်းသိမ်း စောင့်ရှောက်တော်မူခဲ့ကြ၍သာလျှင် ယခုအချိန်အထိ သာသနာတော် စည်ပင်ထွန်းကားပြန့်ပွားလျက်ရှိနေသည်ဟု မှတ်သားရပါသည်။
ပရိယတ္တိအကျော်အ‌မော်များ ထွက်ပေါ်စေရေးအတွက် ဤကဲ့သို့ အဆင့်အတန်းမြင့်မားပြီး စည်းကမ်း ပြည့်ဝသည့် စာလျှောက်မေးပွဲကြီးများ ကျင်းပနိုင်ခြင်းမှာ နိုင်ငံတော်၏ အားပေးချီးမြှောက်မှု၊ ဆရာတော်၊ သံဃာတော်များ၏ ကြီးကြပ်ဆောင်ရွက်ပေးမှု အစုစုအပြင် စာဖြေသံဃာတော်များ၏ မဆုတ်မနစ်သော ဇွဲလုံ့လ ဝီရိယနှင့် အများပြည်သူအပေါင်းတို့၏ ပစ္စယာနုဂ္ဂဟ အထောက်အပံ့များကြောင့်ပင်ဖြစ်ပါသည်။
သို့ဖြစ်၍ စေတိယင်္ဂဏ စာမေးပွဲစတင်သည်မှ ၁၀၆ ကြိမ်အထိ သီးခြားစာသင်တန်းအောင် “အဘိဝံသဘွဲ့ရသံဃာ” ၉၂၃ ပါး၊ သီးခြားစာချတန်း အောင် “ဝဋံသကာ” ၁၁ ပါး အပါအဝင် “ဂဏဝါစကဘွဲ့ရသံဃာ” ၃၇၃ ပါး၊ အားဖြင့် သာသနာ့အာဇာနည် ရဟန်းတော်တို့ ပေါ်ထွန်းလာခဲ့ပါသည်။
ထို့အပြင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က စေတိယင်္ဂဏစာလျှောက်မေးပွဲ နှစ် (၁၀၀) ပြည့် အောင်ပွဲအထိမ်းအမှတ်အဖြစ် “စေတိယင်္ဂဏ ပဝရသီရိ မဟာဓမ္မဂုရု” ဘွဲ့တံဆိပ်တော်အား –
– ပရိယတ္တိဝိသာရဒဂုဏ်၊ စာပေသင်ကြားမှု၌ ရဲရင့်ခြင်း။
– ဂန္ထကာရကဂုဏ်၊ ကျမ်းစာပေပြုစုခြင်း။
– ပဋိပတ္တိနိယတာစရဂုဏ်၊ ကမ္မဋ္ဌာန်း တရားမပြတ် အားထုတ်ခြင်း။
– စိရပဗ္ဗဇိတဂုဏ်၊ ရဟန်းဝါ သိက္ခာကြီးရင့်ခြင်း။
– သံဃဂရုသံဃပရိဏာယကဂုဏ်၊ သံဃာအများ၏ လေးစားခံရခြင်း။
စသည့် ဂုဏ်အင်္ဂါရပ်များကြောင့် သာသနာ့နယ်ပယ်တွင် ရဟန်းရှင်လူ အများ ပြည်သူတို့ လေးစားကြည်ညို ပူဇော်ကော်ရော်ခြင်း ခံရသော ဆရာတော်ကြီး (၄) ပါးဖြစ်သော “ပါမောက္ခချုပ် ဆရာတော်” “ကလေးဝဆရာတော်” “ယောဆရာတော်” “လှရတနာဆရာတော်” တို့အား ချီးမြှောက်ပူဇော် နိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် အစဉ်အလာကောင်းပြီး စနစ်တကျနှင့် ခက်ခဲစွာဖြေဆိုရသည့် ပရိယတ္တိဆိုင်ရာ စာလျှောက်မေးပွဲများတွင် တစ်ခုအပါအဝင် ဖြစ်သည့် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲကြီးကို နာယကဆရာတော်၊ ဩဝါဒဆရာတော်များ လမ်းညွှန်ကြီးကြပ်မှုနှင့် သဒ္ဓါတရား အပြည့်တို့ဖြင့် ကျင်းပခဲ့ကြသည့် ကုသိုလ်ထူးမှတဆင့် ဝမ်းမြောက်ဝမ်းသာဖြစ်ကြရပါသည်။ စာအောင်အရှင်သူမြတ်ဘုရားသားတော်တို့ကို အမှီပြုကာ လောကီ၊ လောကုတ္တရာ နှစ်ဖြာကောင်းကျိုးများ တိုးပွားကြပြီး၊ ဗုဒ္ဓသာသနာတော်ကြီး ရောင်ဝါနေသို့ အဓွန့်ရှည် တည်တံ့ထွန်းလင်းတောက်ပလျက် ရှိသည်ဟုလည်း ယုံကြည်သဒ္ဓါပွားရပါသည်။

ရွှေတိဂုံဗုဒ္ဓပူဇနိယပွဲတော်များကျင်းပခြင်း
ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာနိုင်ငံ၏ ကျက်သရေဆောင် ဗုဒ္ဓသာသနာတော်၏ ပုံရိပ်ဖြစ်သည်သာမက စံပြရှေ့ဆောင်လည်း ဖြစ်သောကြောင့် ဗုဒ္ဓသာသနာတော်အား ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် စေတီတော်ဂေါပကအဖွဲ့က မြတ်ဗုဒ္ဓ၏ မမေ့အပ်ရာနေ့ထူးနေ့မြတ် အခါတော်နေ့ အခမ်းအနားများကို စဉ်ဆက်မပြတ် ကျင်းပပူဇော်ပါသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံကို ထိန်းသိမ်းသောအားဖြင့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ မြန်မာ့ယဉ်ကျေးမှုများကိုလည်း တတ်နိုင်သမျှ ထိန်းသိမ်းစောင့်ရှောက်လျက် ရှိပါသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးကို အခြေပြုကာ ဗုဒ္ဓသာသနာတော်ဆိုင်ရာလုပ်ငန်းများနှင့် ရွှေတိဂုံစေတီတော် ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရန် ဖွဲ့စည်းထားသော ဘာသာရေးအသင်းအဖွဲ့ ပေါင်း (၈၄) သင်းရှိပြီး၊ ဂေါပကအဖွဲ့ရုံးတွင် လခစားဝန်ထမ်းအင်အား (၉၂၄) ဦးနှင့် နေ့စား ဝန်ထမ်း (၃၂၆) ဦးရှိပါသည်။
ဘာသာရေးအသင်းအဖွဲ့ပေါင်း (၈၄) သင်း ပျမ်းမျှအင်အား (၄၀၀၀)ကျော်၊ ဝန်ထမ်းအင်အား (၁၂၅၀) ဦး စုစုပေါင်းအင်အား (၅၀၀၀)ကျော်တို့ကို အမာခံပြု၍ ဘုရားဖူး အလှူရှင်များ၏ ပေါင်းစပ်ပါဝင်လှူဒါန်းမှုဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ (၁၂) လရာသီပတ်လုံး ဗုဒ္ဓပူဇနိယပွဲတော်များကို ဘာသာရေးဆိုင်ရာ အနှစ်သာရပြည့်ဝစွာဖြင့် ကျင်းပပူဇော်လျက် ရှိပါသည်။
ရွှေတိဂုံစေတီတော် နှစ် ၂၅၀၀ ပြည့်ကောင်းမှုတော်
ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်သည် ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့်မြောက်သော ကာလဖြစ်သောကြောင့် လွန်ခဲ့သော နှစ် (၁၀၀) သို့မဟုတ် ရွှေတိဂုံစေတီတော် နှစ်ပေါင်း ၂၅၀၀ ပြည့်မြောက်သော ကောဇာသက္ကရာဇ် ၁၂၇၃ ခုနှစ်တွင် ရွှေတိဂုံစေတီတော်၌ ထူးထူးခြားခြား ဆောင်ရွက်ခဲ့သော ကုသိုလ်တော်ပွဲများကို ပြန်လည်လေ့လာသင့်မည် ဖြစ်ပါသည်။
ထိုကာလ၌ အောက်မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက်ရောက်ရှိသည်မှာ ကြာမြင့်ပြီး အင်္ဂလိပ်အစိုးရ၏ စည်းမျဉ်းခံဘဏ္ဍာတော်ထိန်း လူကြီးများက ရွှေတိဂုံစေတီတော်၏ ဝေယျာဝစ္စကုသိုလ်တော်လုပ်ငန်းများကို ဆောင်ရွက်ရသော ကာလဖြစ်ပါသည်။
၁၂၆၈ ခုနှစ်မှ ၁၂၇၃ ခုနှစ်အထိ ကာလတွင် ကြာမှောက်၊ ကြာလှန်၊ ရွဲ စသည်တို့အား ကြေးဘောင်ဖရိန် ပြုလုပ်ပြီး ရွှေပြားသင်္ကန်းတော်များ ကပ်လှူခဲ့ရာ အောင်မြင်စွာ ပြီးမြောက်ခဲ့သောကြောင့် (၁၉၁၁ ခုနှစ်) ၁၃၇၃ ခုနှစ်၊ ကဆုန်လဆုတ်(၂)ရက်၊ တနင်္ဂနွေနေ့တွင် ရွှေပြားဖွင့်ပွဲ အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ပါသည်။
ရွှေပြားကပ်ထားသော ရွှေတိဂုံစေတီတော်၏ ကြာမှောက်၊ ကြာလှန် ဧရိယာကို ကတ္တီပါလိုက်ကာအနီ ဖုံးအုပ်ထားပြီး ငြမ်းကြိုးကိုဆွဲပါက ကတ္တီပါလိုက်ကာ လျောကျပွင့်သွားစေရန် စီစဉ်ထားပါသည်။
အင်္ဂလိပ်အုပ်စိုးသောကာလဖြစ်သည်နှင့်အညီ အင်္ဂလိပ်အစိုးရ အကြီးအကဲများ ဖြစ်သော တရားဝန်ကြီးချုပ် (၄)ပါး၊ ပဂိုးမင်းကြီး ဘီလီဆင်သခင်၊ စစ်ဗိုလ်ချုပ်ကြီး အစရှိသော လူပရိတ်သတ်၊ မင်းပရိသတ်တို့ရှေ့တွင် ပတ်တနို သခင်ဘုရားတို့ ရွှေပြားဖွင့်လှစ်ရန် တောင်းပန်ချက်အရ ပထမအကြိမ် တိုက်အုပ်ဆရာတော်ဘုရားကြီးနှင့်တကွ သူကောင်းဖြစ် မြို့ဝန်မင်း ဦးဘိုးကြင်က ဩဘာစာဖတ်ကြားခြင်း၊ ပတ်တနိုသခင်က ရွှေပြားရွှေဆိုင်းများ ပြုပြင် ကပ်လှူသဖြင့် ပြည်သူလူထုက အထူးနှစ်သက်ကြောင်း ပြောကြားပါသည်။ ထို့နောက် ပွဲစားကြီး မြို့ဝန်မင်း ဦးဘိုးသာက ဘုရားကြီး၏ အတ္ထုပ္ပတ္တိ အခြေအမြစ်မှ ယခုနှစ်ပေါင်း ၂၅၀၀ ပြည့်မြောက်ပြီ ဖြစ်ကြောင်း ပြောကြားပါသည်။ ရွှေပြားဖွင့်ပွဲ လူကြီးမင်း ဦးဘိုးမြိုင်က ရွှေပြားများ ဖွင့်လှစ်ပေးရန် အချိန်သင့်ပြီ ဖြစ်ကြောင်း တောင်းပန်၍ မင်္ဂလာအခါ ပေးပြီးသည်နှင့် သေနတ် (၆)ချက် ပစ်ဖောက်အမှတ်ပြုကာ ငြမ်းကြိုးကို ဆွဲငင်ဖွင့်လှစ်လိုက်ရာ ဖုံးအုပ်ထားသော ကြာဖတ်ကြီး (၉)ချပ်သည် ရွှေရောင်တဝင်းဝင်းတောက်၍ ဟင်းလင်းပွင့်လာပါသည်။ ဆက်လက်၍ အမြောက်ချက်ရေများစွာ ပစ်ဖောက်ကြပါသည်။ ထို့နောက် ကြွလာသူပရိတ်သတ်များအနက်မှ သံဃာတော်အပါး (၁၀၀)ကို ရောင်တော်ဖွင့်တန်ဆောင်း၌ ပွဲစားကြီး ဦးဘိုးသာ၊ ဦးဘိုးမင်း၊ ဦးနေဒွန်းတို့က လှူဒါန်းကျွေးမွေးပါသည်။ ပရိသတ်များကို တန်ဆောင်းများ၌ ဧည့်ခံကျွေးမွေးပါသည်။ ထို့နောက် ဘဏ္ဍာတော်ထိန်း လူကြီးများသည် အင်္ကျီရှည်ဘော့ဖြူဝတ်ဆင်ပြီးလျက် ရွှေပြားကပ်သူ ပန်းတိမ်ဆရာသက်ကို ရွှေဒင်္ဂါးပြား ကိုးပြားနှင့် တံဆိပ်တစ်ခု ဆုအဖြစ်ပေးကမ်း ချီးမြှင့်ကြပါကြောင်း ၁၉၁၁ ခုနှစ်၊ မေလ (၁၄)ရက်တွင် ကျင်းပသော ဘဏ္ဍာတော်ထိန်းအဖွဲ့အစည်းအဝေး၌ မှတ်တမ်းတင်ထားသည်ကို တွေ့ရပါသည်။
နယ်ချဲ့အင်္ဂလိပ် လက်အောက်ကျရောက်နေသော အခြေအနေ၌ပင် ရွှေတိဂုံစေတီတော်တွင် ဘဏ္ဍာတော်ထိန်း လူကြီးမင်းများသည် အများပြည်သူတို့ကို ဦးဆောင်၍ ရွှေပြားသင်္ကန်းတော်များ ကပ်လှူခြင်း၊ ဖွင့်ပွဲအခမ်းအနားကျင်းပခြင်းများ ဆောင်ရွက်ကြကြောင်း ရွှေတိဂုံစေတီတော် တည်ထားပူဇော်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ပြည့်မြောက်သောကာလသည် နယ်ချဲ့အင်္ဂလိပ်လက်အောက်တွင် မှေးမှိန်ညှိုးငယ်စွာ ဖြတ်သန်းပြီးမြောက်ခဲ့ရပါ ကြောင်း ရှာဖွေတွေ့ရှိသမျှ ရွှေတိဂုံစေတီတော် နှစ် ၂၅၀၀ ပြည့်မြောက်သော ကာလကို ဖော်ပြအပ်ပါသည်။
ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့်ပွဲတော်
လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးကို စတင်တည်ထားပူဇော်ခဲ့သည်မှာ နှစ်ပေါင်း ၂၆၀၀ ပြည့်မြောက် ခဲ့ပြီဖြစ်သောကြောင့် ကြုံတောင့်ကြုံခဲလှသော ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့် အထိမ်းအမှတ်ပွဲတော်ကြီးကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ဦးရွက်ပြုကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ပါသည်။
နှစ် ၂၆၀၀ ပြည့်ပွဲတော်ကျင်းပခြင်းဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သက်တမ်းတော်ကို သတိပြု အမှတ်ရစေကာ ကြီးမြတ်သောဂုဏ်တော်များအား ဆပွားကြည်ညိုနိုင်ကြမည့်အပြင် မြတ်ဗုဒ္ဓ၏ အဆုံးအမ ဒေသနာတော်များကိုလည်း မမေ့မပျောက်စောင့်ရှောက်ရန်လည်း သတိရစေမည်ဖြစ်ပါသည်။ ပွဲတော်အကြို ကာလတွင် အထိမ်းအမှတ်တံဆိပ် Logo ရေးဆွဲပြိုင်ပွဲ၊ ဓါတ်ပုံပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပကာ ရွှေတိဂုံစေတီတော်ကြီးအား ဆိုင်ရာအသိပညာ၊ အတတ်ပညာများဖြင့် ပူဇော်လျက်ရှိကြပြီဖြစ်ပါသည်။ ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်မတိုင်မီ ၁၃၇၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၄) ရက်၊ (၁၁-၂-၂၀၁၂) မှ စတင်၍ ရွှေတိဂုံစေတီတော်၌ ယခင်က တင်လှူပူဇော်ခဲ့ပြီး ပြတိုက်တွင် ထိန်းသိမ်းထားသည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ တွံတေးမြို့နယ်၊ ဗိုလ်တထောင် မြို့နယ်များရှိ ဆံတော်ကြိုစေတီ (၁၀)ဆူ သို့လှည့်လည်ကာ ဒေသခံပြည်သူများ၏ဖူးမြော်ကြည်ညိုခြင်းကို အထူး ခံယူပါသည်။
လှည့်လည်ပူဇော်ခံသော ဆံတော်ကြိုစေတီများ
စေတီတော်ဘွဲ့ တည်ရှိသည့်ကျေးရွာ မြို့နယ် ရောက်ရှိမည့်ရက်စွဲ
ကျိုက်ဒေးကနောင် ဒေးတနော် ကွမ်းခြံကုန်း ( ၁၁ -၂ – ၂၀၁၂ )
ကျိုက်အံ့ခလွန်း အင်္ဂလုံး ကွမ်းခြံကုန်း ( ၁၂ – ၂ – ၂၀၁၂ )
ဆပုဂံ ဆပုဂံ ကော့မှူး ( ၁၃ – ၂ – ၂၀၁၂ )
ကျိုက်တဂိုးနွတ် တရုပ်ကုန်း ကော့မှူး ( ၁၄ – ၂ – ၂၀၁၂ )
ကျိုက်တဂိုးတွတ် တဂူခြံ ကော့မှူး ( ၁၅ – ၂ – ၂၀၁၂ )
ကျိုက်မွန်ထို လက်ခိုက် ကော့မှူး ( ၁၆ – ၂ – ၂၀၁၂ )
ကျိုက်ကော့မှူး ကော့မှူး ကော့မှူး ( ၁၇ – ၂ – ၂၀၁၂ )
ဖလကြီး ဘုရားကြီး တွံတေး ( ၁၈ – ၂ – ၂၀၁၂ )
ကျိုက်ကေသာ ကဘင်း တွံတေး ( ၁၉ – ၂ – ၂၀၁၂ )
ဗိုလ်တထောင်(ကျိုက်ဒေးအပ်) ဆိပ်ကမ်း ( ၂၀ – ၂ – ၂၀၁၂ )

မြတ်ရွှေတိဂုံဓမ္မစာစောင်များထုတ်ဝေခြင်း

မြတ်ရွှေတိဂုံစေတီတော်ကြီးသည် ဗုဒ္ဓမြတ်စွာဘုရားရှင်ပွင့်ပေါ်သည့် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် ဖြစ်တည်လာခဲ့ပါသည်။ မြတ်ရွှေတိဂုံစေတီတော် နှင့် ပတ်သတ်၍ ကျောက်စာများ၊ ပေစာများ၊ ရာဇဝင်ကျမ်းစာအုပ်များစွာ ကို ရေးထိုမှတ်တမ်း တင်ထားပြီး ဖြစ်ပါ သည်။ နှစ်ပေါင်း ၂၆၁၀ ကျော်ကာလကတည်းကပင် တည်ရှိခဲ့ရာ သမိုင်းဝင်သိမှတ်စရာများ သည် များပြားလှပါသည်။ ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီ တော်မြတ် သမိုင်းမှတ်တမ်းအတွက် မှတ်တမ်း မှတ်ရာများ ကျန်ရှိရန် အရေးကြီးလှပါသည်။ ရွှေတိဂုံစေတီတော်မြတ် သမိုင်းအတွက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း‌ဂေါပက အဖွဲ့က သမိုင်းမှတ်တိုင်ကျန်ရစ်စေရန် အတွက် မြတ်ရွှေတိဂုံဓမ္မစာစောင်ကို စတင်ထုတ်ဝေရန် စည်းဝေး တိုင်ပင်ဆုံးဖြတ်ခဲ့ကြပါသည်။ ကောင်းမြတ်သော ဆန္ဒမွန် ရှေ့ပြေးအဖြစ် ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှ စတင်၍ ရွှေတိဂုံစေတီတော် သတင်းလွှာ အတွဲ(၁)၊ အမှတ် (၁)ကို စတင်ထုတ်ဝေခဲ့ပါသည်။ သတင်းလွှာကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာလတွင် အတွဲ (၁)၊ အမှတ် (၆) ကိုထုတ်ဝေခဲ့ပါသည်။ မြတ်ရွှေတိဂုံဓမ္မစာစောင်ကို ၂၀၀၈ ခုနှစ် ဧပြီလတွင် အတွဲ(၁)၊အမှတ်(၁)ကို စတင် ထုတ်ဝေ လျက်ရွှေတိဂုံစေတီတော်မြတ်ကြီး သမိုင်းဆိုင်ရာများကို ပြည်သူများအားဖြန့်ဝေပေးခဲ့ပါသည်။ ဓမ္မ စာစောင်တွင် မြတ်ရွှေတိဂုံစေတီတော်သည် ထေရဝါဒဗုဒ္ဓဘာသာ၏ ပြယုဂ်အနှစ်ဖြစ်ကြောင်း ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာ၊ ဆရာတော်ကြီးများ ၏ ဩဝါဒကထာများ၊ ကဗျာများ၊ ရှေးဟောင်း ဓာတ်ပုံများ၊ ဆောင်းပါးများ ဖြင့်ဖော်ပြပေးခဲ့ပါသည်။ မြတ်ရွှေတိဂုံဓမ္မစာစောင်သည် ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ တရားဓမ္မ အမွေအနှစ်ကို ဖြန့်ဝေပေးလျက်ရှိပါကြောင်း တင်ပြအပ်သည်။

မြတ်ရွှေတိဂုံဓမ္မစာစောင် အတွဲ(၁)
Dhamma Vol-1 (No-1)
အတွဲ(၁)၊ အမှတ်(၁)
၂၀၀၈၊ ဧပြီလ
Dhamma Vol-1(No-2)
အတွဲ(၁)၊ အမှတ်(၂)
၂၀၀၈၊ ဇူလိုင်လ
Dhamma Vol-1(No-3)
အတွဲ(၁)၊ အမှတ်(၃)
၂၀၀၈၊ နိုဝင်ဘာလ
Dhamma Vol-1(No-4)
အတွဲ(၁)၊ အမှတ်(၄)
၂၀၀၈၊ ဖေဖော်ဝါရီလ
Dhamma Vol-1 (No-5)
အတွဲ(၁)၊ အမှတ်(၅)
၂၀၀၉၊ ဇူလိုင်လ
Dhamma Vol-1 (No-6)
အတွဲ(၁)၊ အမှတ်(၆)
၂၀၁၉၊ နိုဝင်ဘာလ
Dhamma Vol-1 (No-7)
အတွဲ(၁)၊ အမှတ်(၇)
၂၀၁၁၊ မေလ
Dhamma Vol-1 (No-8)
အတွဲ(၁)၊ အမှတ်(၈)
၂၀၁၁၊ နိုဝင်ဘာလ
Dhamma Vol-1 (No-9)
အတွဲ(၁)၊ အမှတ်(၉)
၂၀၁၃၊ ဩဂုတ်လ
Dhamma Vol-1 (No-10)
အတွဲ(၁)၊ အမှတ်(၁၀)
၂၀၁၃၊ ဒီဇင်ဘာလ
Dhamma Vol-1 (No-11)
အတွဲ(၁)၊ အမှတ်(၁၁)
၂၀၁၃၊ မတ်လ
Dhamma Vol-1 (No-12)
အတွဲ(၁)၊ အမှတ်(၁၂)
၂၀၁၄၊ ဇူလိုင်လ
မြတ်ရွှေတိဂုံဓမ္မစာစောင် အတွဲ(၂)
Dhamma Vol-2 (No-1)
အတွဲ(၂)၊ အမှတ်(၁)
၂၀၁၄၊ နိုဝင်ဘာလ
Dhamma Vol-2 (No-2)
အတွဲ(၂)၊ အမှတ်(၂)
၂၀၁၄၊ မတ်လ
Dhamma Vol-2 (No-3)
အတွဲ(၂)၊ အမှတ်(၃)
၂၀၁၅၊ ဩဂုတ်လ
Dhamma Vol-2 (No-4)
အတွဲ(၂)၊ အမှတ်(၄)
၂၀၁၅၊ ဒီဇင်ဘာလ
Dhamma Vol-2 (No-5)
အတွဲ(၂)၊ အမှတ်(၅)
၂၀၁၆၊ ဇွန်လ
Dhamma Vol-2 (No-6)
အတွဲ(၂)၊ အမှတ်(၆)
၂၀၁၆၊ အောက်တိုဘာလ
Dhamma Vol-2 (No-7)
အတွဲ(၂)၊ အမှတ်(၇)
၂၀၁၆၊ ဒီဇင်ဘာလ
Dhamma Vol-2 (No-8)
အတွဲ(၂)၊ အမှတ်(၈)
၂၀၁၇၊ မေလ
Dhamma Vol-2 (No-9)
အတွဲ(၂)၊ အမှတ်(၉)
၂၀၁၇၊ အောက်တိုဘာ
Dhamma Vol-2 (No-10)
အတွဲ(၂)၊ အမှတ်(၁၀)
၂၀၁၇၊ ဇန်နဝါရီလ
Dhamma Vol-2 (No-11)
အတွဲ(၂)၊ အမှတ်(၁၁)
၂၀၁၈၊ ဇွန်လ
Dhamma Vol-2 (No-12)
အတွဲ(၂)၊ အမှတ်(၁၂)
၂၀၁၈၊ အောက်တိုဘာလ

မြတ်ရွှေတိဂုံဓမ္မစာစောင် အတွဲ(၃)

Dhamma Vol-3 (No-1)
အတွဲ(၃)၊ အမှတ်(၁)
၂၀၁၉ ဇွန်လ
Dhamma Vol-3 (No-2)
အတွဲ(၃)၊ အမှတ်(၂)
၂၀၁၉၊ အောက်တိုဘာ
Dhamma Vol-3 (No-3)
အတွဲ(၃)၊ အမှတ်(၃)
၂၀၁၉၊ မတ်လ
Dhamma Vol-3 (No-4)
အတွဲ(၃)၊ အမှတ်(၄)
၂၀၂၀၊ ဇူလိုင်လ
Dhamma Vol-3 (No-5)
အတွဲ(၃)၊ အမှတ်(၅)
၂၀၂၀၊ နိုဝင်ဘာလ
Dhamma Vol-3 (No-6)
အတွဲ(၃)၊ အမှတ်(၆)
၂၀၂၀၊ မတ်လ
Dhamma Vol-3 (No-7)
အတွဲ(၃)၊ အမှတ်(၇)
၂၀၂၂၊ ဇန်နဝါရီလ
Dhamma Vol-3 (No-8)
အတွဲ(၃)၊ အမှတ်(၈)
၂၀၂၂၊ ဇွန်လ
Dhamma Vol-3 (No-9)
အတွဲ(၃)၊ အမှတ်(၉)
၂၀၂၃၊ ဇန်နဝါရီလ
Dhamma Vol-3 (No-10)
အတွဲ(၃)၊ အမှတ်(၁၀)
၂၀၂၃၊ ဧပြီလ
Dhamma Vol-3 (No-11)

အတွဲ(၃)၊ အမှတ်(၁၁)
၂၀၂၃၊ ဇူလိုင်လ

Dhamma Vol-3 (No-12)
အတွဲ(၃)၊ အမှတ်(၁၂)
၂၀၂၃၊ အောက်တိုဘာလ

မြတ်ရွှေတိဂုံဓမ္မစာစောင် အတွဲ(၄)

Dhamma Vol-4 (No-1)
အတွဲ(၄)၊ အမှတ်(၁)
၂၀၂၄၊ ဇန်နဝါရီလ