Pittakat Library
Pittakat Library
Location
ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်အောက်ပစ္စယာရှိ အာဇာနည်လမ်းအောက်ဘက်၊ ပိုက်လုံးလမ်းဘေး
စတင်ဖွင့်လှစ်သည့်ရက်
၉-၁၀-၂၀၁၃
ပိဋကတ်တိုက် (စာကြည့်တိုက်)သည် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်အောက်ပစ္စယာရှိ အာဇာနည်လမ်းအောက်ဘက်၊ ပိုက်လုံးလမ်းဘေးတွင် တည်ရှိပြီး (၃)ထပ် အဆောက်အဦ ဖြစ်သည်။ ပိဋကတ်တိုက်(စာကြည့်တိုက်)သည် ယခင်က ရွှေတိဂုံစေတီတော် ရင်ပြင်တော် ရာဟုထောင့်ရှိ ဗုဒ္ဓပြတိုက်ကြီး၏ အလယ်ထပ်တွင် တည်ရှိပါသည်။ ၂၀၁၃ ခုနှစ်တွင် ပြတိုက်ကြီးအား အဆင့်မြှင့်တင် ခင်းကျင်းမည်ဖြစ်သောကြောင့် ပိဋကတ်တိုက်အား အရှေ့ဘက်ရှိ ဒေါ်လှဆင်ပိဋကတ်တိုက်သို့ ပြောင်းရွှေ့ခဲ့ပြီး ထိုဒေါ်လှဆင်ပိဋကတ်တိုက်ကို ပိဋကတ်တိုက် (စာကြည့်တိုက်)အဖြစ် ပြောင်းလဲ၍ ၉.၁၀.၂၀၁၃ နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။
ပိဋကတ်တိုက် (စာကြည့်တိုက်)တွင် ပိဋကတ်သုံးပုံနှင့် ဗုဒ္ဓစာပေများ၊ ဘာသာရေး ဆိုင်ရာစာအုပ်များ၊ သုတ၊ ရသနှင့် သမိုင်းဆိုင်ရာစာပေများ စုစုပေါင်း (၁၃၂၅၃)အုပ်၊ အင်္ဂလိပ်နှင့် အခြားဘာသာဖြင့် ရေးသားထားသော စာအုပ်ပေါင်း (၆၃၆)အုပ် ရှိသည်။ ပေစာ၊ ပုရပိုက်စာ၊ မကျည်းစေ့ ကမ္မဝါ စုစုပေါင်း (၁၆၃၇)ထုတ် ရှိသည်။
ပိဋကတ်တိုက် (စာကြည့်တိုက်)၏ မြေညီထပ်တွင် စာဖတ်ခန်းနှင့်အတူ သတင်းစာများ၊ စာစောင်များ၊ မဂ္ဂဇင်းများ ထားရှိပါသည်။ အလယ်ထပ်တွင် ပေစာ၊ ပုရပိုက်စာ၊ ကမ္မဝါစာများ ထားရှိပြီး ပျို့၊ ဆေးကျမ်း၊ သမိုင်း၊ ဗေဒင်၊ ဧချင်း၊ ရတု၊ ပုရပိုက်ဖြူ၊ ပုရပိုက်နက်၊ မကျည်းစေ့ ကမ္မဝါတို့ ပါဝင်သည်။ ပေစာများတွင် တိုက်ပိုင်အမှတ် (၂၃၀) သဒ္ဒါကြီး(ကိတ်ပိုင်း) နိဿယ ကြံဆစ်ပေစာ အမျိုးအစားဖြစ်ပြီး သက်တမ်းအားဖြင့် (၃၅၈) နှစ်ရှိပြီး တိုက်ပိုင်အမှတ် (၁၉၈)ရှိ အဋ္ဌသာလိနီ နိဿယ ကြံဆစ်ပေသည် သက်တမ်းအားဖြင့် (၂၅၁)နှစ် ရှိနေပြီဖြစ်သည်။ ထို့အပြင် ဗုဒ္ဓစာပေများနှင့် သုတရသစာအုပ်များလည်း ထားရှိပါသည်။
ပိဋကတ်တိုက်၏အပေါ်ဆုံးထပ်တွင် ပိဋကတ်သုံးပုံကို ပါဠိ၊ အင်္ဂလိပ်၊ တရုတ်နှင့် ယိုးဒယားဘာသာဖြင့် ရေးသားထားသော ပိဋကတ်တော်များ၊ သမိုင်းဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာ စာအုပ်များ ထားရှိပါသည်။