ဗုဒ္ဓဝင် ရုပ်ကြွပန်းချီကားများ

တောင်ဘက်စောင်းတန်းရှိ ဗုဒ္ဓဝင်ရုပ်ကြွပန်းချီကား (၃၆)ချပ်
တည်နေရာ – တောင်ဘက်စောင်းတန်း အောက်ပစ္စယံ (အောက်ပိုင်းထိ)
အမျိုးအစား – ရုပ်ကြွပန်းချီ
ပညာရှင် – မသိရှိရပါ
အမရဝတီပြည်၌ သုမေဓာပုဏ္ဏားသည် အသဒိသ ဒါနဟူသော အလှူကြီးပေးကာ ဒါနပါရမီဖြည့်ဆည်းတော်မူခန်း
ဆွေမျိုးသင်္ဂဟများက အမျိုးမျိုးငိုယိုကာ တားမြစ်သော်လည်းမရ၊ တောရမှီ၍ တရားအားထုတ်ရန် ဂန္ဓမာဒနတောင်စခန်းသို့ရောက်လာခန်း
ဒီပင်္ကရာမြတ်စွာဘုရား ဆွမ်းခံဝင်အလာ သုမေဓာရှင် ရသေ့သည် ရွံ့နွံ့ဗွက်၌ အလျားမှောက်တံတား ခင်းပေး၍ ဘုရားကနိယတဗျာဒိတ်ပေးတော်မူခန်း
ဗြဟ္မာ၊ နတ်အများတို့သည် ဘုရားပွင့်ရန်အချိန်ရောက်သဖြင့် ဝတိံတလျှောက် အနီးအဝေးမှစည်းဝေး၍ တောင်းပန်ရန် သွားကြသောအခန်း
အလောင်းတော်သေတကေတုနတ်သားကို နတ်ဗြဟ္မာများက တောင်းပန်၍ လူထံသို့ စုတေမည်ဟု တိကျဝန်ခံတော်မူခန်း
မဟာမာယာဒေဝီ မိဖုရားကြီး၏ဝမ်းဗိုက်ဝယ် ပျော်ပိုက်ရန် ကနတ်ပေါ်မှ အိမ်မက်တော်မူခန်း
ဘုရားအလောင်းတော် သိဒ္ဒတ္တမင်းသားကို လုမ္ဗနီဥယျာဉ်တော်၌ ဖွားတော်မူပြီး မြောက်အရပ်သို့ (၇)ဘဝါး လှမ်းတော်မူခန်း
သိဒ္ဒမင်းသားအား မင်းဆရာဒေဝီလရသေ့က လက္ခဏာစစ်ဆေးစဉ် ရသေ့၏ ဆံခြည်ပေါ်သို့ စင်္ကြကြွစဉ်
အလောင်းတော်မင်းသားကို ဇမ္ဗုသပြေပင်အောက်၌ သိပ်ထားသော လယ်ထွန်မင်္ဂလာပြုစဉ် သပြေပင်ရိပ်မထွက်ဘဲ အထက်တွင် ဈာန်ကြွနေဟန်
သိဒ္ဓတ္ထမင်းသားသည် လေးအတက် (၁၈)ရပ်ပြရင်း မယ်တော်မိနတ်သားတာဝတိံသာသို့ မျှားလွှတ်ဟန်နှင့် ခမည်းတော် သုဒ္ဓေါဒန ညွှန်ပြနေဟန်
သိဒ္ဓတ္တမင်းသားသည် ယသော်ဓရာဒေဝီနှင့် သားတော်ရာဟုလာတို့အား နောက်ဆုံးကြည့်ကာ ဖွားဘက်တော်များနှင့်အတူ တောထွက်တော်မူစဉ် မာရ်နတ်က တားဟန်
အလောင်းတော်သည် ဆံတော်ကို ပယ်ပြီး အနုပီယသရက်တော်တွင် (၇)ရက် စံတော်မူစဉ် ရာဇဂြိုလ်ပြည်တွင်းသို့ ဆွမ်းခံအဝင်
မန္ဒတတောင်စခန်းတွင် တရားအားထုတ်စဉ် ဗိမ္မိသာရမင်းက မုယောဆွမ်းကပ်ဟန်နှင့် အာဠာရဥဒကတို့ထံ လောကီဈာန်ဆင်ခြင်ဟန်
ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်ပြီး မဇ္ဈမ ပဋိပဒါအကျင့်ဖြင့် သစ္စာ ၄ ပါးကို သိမြင်၍ ဉာဏ်တော် ကျင့်စဉ် သိကြားမင်းစောင်းညှိပူဇော်ပုံ
နေရဉ္စရာမြစ်ကမ်း၌ သုဇာတာကပ်လှူသော ဃနာနို့ဆွမ်းကို ဘုန်းပေးပြီးနောက် အဓိဋ္ဌာန်ဖြင့် ရွှေခွက်မျှောတော်မူဟန်
သုဒ္ဓိယမြက်လှူသည်ကို မြတ်စွာဘုရားခံတော်မူစဉ်နှင့် မာရ်နတ်မင်းက ပလ္လင်မဟုတ်ဟု စွတ်စွဲပြောဆိုနေစဉ်
မာရ်နတ်မင်းက ဘုရားရှင်အား တဏှာနှင့် မြှူဟန်နှင့် သတ္တဌာနတွင် (၇)ရက်စီ (၄၉)ရက် စံပယ်စဉ် မဂ်ဖိုလ်သမာပတ်ဝင်စားတော်မူနေဟန်
ဘုရားဖြစ်တော်မူပြီးနောက် ဗြဟ္မာမင်းက တရားဦးဟောရန် တောင်းပန်လာ၍ သားသမင်တို့ ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ ပဥ္စဝဂ္ဂီ(၅)ဦးတို့အား ဓမ္မစကြာတရား ဟောတော်မူပုံ
အသုဘကို သုဘဟု အမှတ်မှား အသိမှား အယူမှားကြပုံ ဟောပြော၍ သူဌေးမောင်နှံရသအမှူးပြုသော (၅၅)ဦးကို ဧဟိဘိက္ခု ရဟန်းပြုပုံ
ဘဒ္ဒဝဂ္ဂီမင်းသား(၃၀)မယားပျောက် ရှာရာတွင် ရှင်တော်ဘုရားနှင့် တွေ့စဉ် ကိလေသာ၏ အပြစ်ကို ဟောပြ၍ မဂ်ဖိုလ်ဆိုက်ကြကုန်၏
သုံးလူထွဋ်တင် ဘုရားရှင်၏ တရားတော်ကို ကြားနာရ၍ ရသေ့အပေါင်း အယူမှားကို မြင်၍ ကျွတ်တန်းဝင်ကြလေသည့်ဟန်
ဇမ္ဗုပတိမင်းသားသည် စစ်သည်ဗိုလ်ပါနှင့် ဝန်းရံလျက် (၁၈)ပါးသော လေးအတတ်ကို ပြတော်မူခန်း
ပဥ္စာလပြည်တော်နှင့် ဒေဝီမော် ကဥ္စနဘိသေက တုမရှိအောင် ဇဗ္ဗုပတိ ဘွေသဖန်းက ရေချမ်းခံပလ္လင်ရတနာမှာ မင်္ဂလာပွဲဆင်နွဲ၍ ပြပွဲသဘင်ပြုသောအခန်း
ခြေနင်းပျံ ပျံနှင်း၍ တောတွင်းခရီးဆုံရာ နန်းရတနာများမှာ စိန်ပမာလင်းစေသည့် ဗိမ္မိသာရထီးနန်းကို အစွမ်းပြရာ စိန်တောင်ငှက်မြတ်နားက အမှန်အသွားရှသည်နှင့် သွေးကျသောအခန်း
ဗိမ္မိသာရမင်းဖမ်းရန်ဟု မျှားတန်းလွှတ်ရန် ထီးတမွတ်ပလ္လင်ဗွေ၌ ရှာဖွေကာ ကျောင်းတော်ကြတော့ မြတ်ဗုဒ္ဓတန်ခိုးစက်ဖြင့် မျှားထွက်၍ လာရာ ပူဆွေးနေသောဟန်
ခြေနင်းပျံနှစ်ပါးကို နဂါးကြီးယောင် ဖန်ဆင်း၍ ဗိမ္မိသာရမင်းအား ဖမ်းရန် လွှတ်သောအခန်း
ဗိမ္မိသာရမင်းဖမ်းရန်ဟု ခြေနင်းပျံ နဂါးသည် ဘုရားကျောင်းတော်ရာ လိုက်ရာ သုံးလူ့မဏ္ဍိုင် ဓမ္မစက်အဟုန်နှင့် ငှက်ဂဠုန်လိုက်သော အခန်း
ခြေနင်းပျံ နဂါးရှုံးပြီးလျှင် သိကြားလူသဏ္ဍာန်နှင့် သောအမြန်ခေါ်ရာ ကြောက်လန့်စွာ စိတ်အကြံနှင့် နက်ဖြန်မှ လုပ်မည်အကြောင်း
တစ်ရာ့တစ်ပါး မင်းထီးရှင်တို့ ဆင်စီးလာရာ မာဃရာဇာသာမက ဏေကခုန် ဆင်းကာ မြေမှသွားရန် ညွှန်ကြားကာ ကမူတက်ကနှုတ်မြွက်ကာ ဟိတ်ပြ၍ ကြိမ်းဝါးသော အခန်း
ဆင်စီးလာရာ မာဃရာဇာသမဏေက ခုချက်ခြင်း ဆင်မြီးဆွဲပြီးလျှင် တောထဲဝင်လိုက်၍ မူးမိုက်ကာ ကျသောအခန်း
ဇမ္ဗုပတိဘုရင်သည် ခြေနင်းဖြင့်လာရာ ဝိမလာနဂါးတို့ ကျင်းပသော ဈေးသည်ဟန်နှင့် စားသောက်ရန် ရောင်းချနတ်တမျှ ကညာပုံလို ရာဂဟုန်အဆီ ကြွသီကနေပုံ
ဥပေါသထ ဆဒ္ဒန်သည် နတ်မြင်းပျံ ပါဝါရှိသော ရာဇာဓိစီးတော် ဆင်ကို ရှုမြင်ရုံ သာမဏေက ပြပြီးမှ ဂန္ဓဗ္ဗနတ်ကညာတို့သည် တူရိယာ အငြိမ့်သဘင်နှင့် မြှူးရွှင်နေဟန်
မာဃသာမဏေသူငယ်ဟန်နှင့် လမ်းမှန်ကို ခေါ်ရာ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်တို့ စစ်သူရဲမက် သားတို့နှင့် လမ်းနားက နေသောအခန်း
ဇမ္ဗုပတိဘုရင်သည် လမ်းအစဉ်ခေါ်လာရာ ရာဇာမိရာဇသဏ္ဍာန်နှင့်သာမက ဖန်ခါနန်းတော်ပုံဖြင့် လှမ်းမျှော်ရုံ မာနကင်းအောင် အတွင်းသို့ ပြသောအခန်း
ဇမ္ဗုပတိရာဇာသည် စိန္တေယျာတန်ခိုးဖြင့် မြေမိုးထိ တန်ခိုးလျှံနှင့် မဂ်လေးတန် ဖိုလ်ကို ဆိုက်မှာကြောင့် ဦးတိုက်၍ ကျွတ်တန်းဝင်သောအခန်း
ဇမ္ဗုပတိအရှင်သည် အရဟတ္တဖိုလ်ဆိုက်ရောက်ကာ နောက်ပါအခြွေအရံတို့အား ပြစ်ခွာလျှက် အရဟတ်ဓဇဆင်မြန်း၍ ဈာန်ယာဉ်စီးကာ ပျံကြွသော အခန်း