ရွှေတိဂုံဘိုးဘိုးကြီး

အသေးစိတ်အချက်အလက်များ

ရုပ်တုအမည်

ရွှေတိဂုံဘိုးဘိုးကြီး

တည်နေရာ

အနောက်ဘက်မုခ်အနီး

Category

ဖူးမြော်ရန်နေရာများ | ယုံကြည်ကိုးကွယ်မှုဆိုင်ရာ
ရွှေတိဂုံဘိုးဘိုးကြီးရုပ်တုသည် ဘိုးသိကြားမင်းရုပ်တုနှင့်အတူ ရင်ပြင်တော်အနောက်တောင် (စနေထောင့်)တွင် သီးခြားအဆောင်နှင့် ရှိသည်။ ဘိုးဘိုးကြီးမှာ အမြိဿ (ခေါ် ) မှော်ဘီနတ်ကြီးပင် ဖြစ်သည်။ သူသည် ကမ္ဘာတည်သရွေ့ပတ်လုံး ဘုရားရှင်တို့၏ ဓါတ်တော် မွေတော်များကို စောင့်ရှောက်ရန် တာဝန်ရှိသည်။ ရွှေတိဂုံဘိုးဘိုးကြီးမှာ ဆုတောင်းပြည့်သည်ဟူ၍ ပုဆိုး၊ ပဝါများ၊ ကန်တော့ပွဲများ၊ အမွှေးတိုင်၊ ဖယောင်းတိုင်များဖြင့် ပူဇော်ဆုတောင်းကြသည်။ ရွှေတိဂုံသို့ ရှင်လောင်းများလှည့်လည်ရာတွင် ရွှေတိဂုံဘိုးဘိုးကြီး၌ ကန်တော့ပွဲတင်၍ ရှင်လောင်းများ ပြကြသည်။