အသေးစိတ်အချက်အလက်များ
ရုပ်တုအမည်
ဝသုန္ဓရေနတ်ရုပ်တု
တည်နေရာ
တောင်ဘက်မုခ် ဓါတ်လှေကားလျှောက်လမ်းထိပ် အနီး
Category
ဖူးမြော်ရန်နေရာများ | ယုံကြည်ကိုးကွယ်မှုဆိုင်ရာ
ဝသုန္ဓရေနတ်ရုပ်တုသိဒ္ဓတ္တဘုရားအလောင်းသည် ဘုရားအဖြစ်သို့ရောက်ရန် အဓိဋ္ဌာန်ပြု၍ နေရဉ္ဓဇာမြစ်အနီး ဗောဓိညောင်ပင်ရင်း၌ တရားအားထုတ်တော်မူလေရာ ထိုစဉ်မာရ်နတ်သည် ဘုရားလောင်းကို နည်းမျိုးစုံဖြင့် တိုက်ခိုက်၍ ကျောက်ခဲမိုး၊ လက်နက်မိုး၊ ပြာပူမိုး၊ သဲမိုးစသည်ဖြင့် ဘုရားလောင်းအား ပလ္လင်မှခွာအောင် အားထုတ်လေသည်။ ထိုအခါ ဘုရားလောင်းသည် မဟာပထဝီမြေကြီးကို တိုင်တည်လိုက်ရာ မြေကြီးသည် ကြီးစွာသော အသံကိုပြု၍ တုန်ဟီးကာ နတ်အသွင် ပေါ်ထွက်လာသည်။ ဘုရားအလောင်း ပါရမီဖြည့်ကျင့်ရာ ဘဝပေါင်းများစွာ၌ ဒါနပါရမီပြည့်တိုင်း ဘုရားအလောင်းက ဝသုန္ဓရေနတ်အား အသိသက်သေပြုတိုင်တည်၍ ရေစက်သွန်းချလှူဒါန်းပါသည်။ ဝသုန္ဓရေနတ်သည် ဘုရားအလောင်း၏ အလှူဒါနများ မည်မျှများပြားသည်ကို သက်သေထူလိုသဖြင့် ဆံပင်မှ ရေကို ညှစ်ပြရာ ဂင်္ဂါမြစ်မှ ရေများစီးဆင်းသကဲ့သို့ တရဟောစီးဆင်းသဖြင့် မာရ်နတ်နှင့် သူ၏စစ်သည်များသည်လည်း ရေထဲမျှောပါ ပျက်စီးရသည်ဟုဆိုသည်။
ဘုရားပုထိုးစေတီများတွင် ပုဆစ်တုပ်ထိုင်ပြီး ဆံပင်ကို ရေညှစ်နေဟန် နတ်ရုပ်တုများကို တွေ့ရတတ်ပါသည်။ မြေစောင့်နတ်ဟု လူသိများသော ဝသုန္ဓရေရုပ်တုများသည် အများအားဖြင့် ဒူးတုပ်ထိုင်လျက် ဆံပင်ကို ဝဲဘက်ပုခုံးပေါ်မှ ရှေ့ကိုစုချပြီး ဘယ်လက်ဖြင့် ကိုင်ထားကာ ညာလက်ဖြင့် ရေညှစ်ချနေဟန်မျိုးကိုသာ တွေ့ရများတတ်ပါသည်။