ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အကြို ၂၄နာရီအသံမစဲမေတ္တာပို့သပွဲကို ယနေ့ ၀၆၃၀နါရီအချိန်တွင် ရင်ပြင်တော်တောင်ဘက်မုခ်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင် ကျင်းပခဲ့ပြီး ဝါခေါင်လပြည့်နေ့ မနက်အထိ ၂၄နာရီ အသံမစဲမေတ္တာပို့သပွဲတွင် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ
နှင့် ဝန်ထမ်းများမှအလှည့်ကျဆုတောင်းမေတ္တာပို့သကြမှာဖြစ်ပါသည်။
ဝါခေါင်လပြည့်နေ့ မနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော် ဧည့်ခံတန်ဆောင်းတွင် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့်ဆွမ်းတော်ကြီးတင်အခမ်းအနား၊ မနက် ၆ နာရီတွင် အသံမစဲ မေတ္တာပို့သ အောင်ပွဲအခမ်း အနားနှင့် မနက် ၇ နာရီတွင် ပန်းပေါင်း ၈၄၀၀၀ ပူဇော်ထားသော ပန်းစေတီငါးဆူကို အာရုံခံမုခ်ဦးဘုရားလေးဆူနှင့် ပတ္တမြားမျက်ရှင်ရုပ်ပွားတော်မြတ်တို့အား လှည့်လည် ကပ်လှူပူဇော်ခြင်း၊ မနက် ၉၃၀နါရီတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သြဝါဒါစရိယဆရာတော်ကြီးထံမှသီလခံယူ ဆောက် တည်ခြင်း၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း၊သံဃာတော်အရှင်သူမြတ်များနဲ့ဥပုသ်သည်များကိုနေ့ဆွမ်းဆက်ကပ်ခြင်း ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဘုရားဖူးအများပြည်သူများကြည်ညိုသဒ္ဓါပွားစေခြင်းငှာ ဖော်ပြအပ်ပါသည်။
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့