အသေးစိတ်အချက်အလက်များ


ဘုရားအမည်
ရှင်အဇ္ဇဂေါဏဘုရား
တည်နေရာ
မြောက်ဘက်မုခ် နောင်တော်ကြီးစေတီအနီး
Category
Nine Wonders | Pagodas | Places to visit
နောင်တော်ကြီးဘုရား၏ တောင်ဘက်အာရုံခံတန်ဆောင်းတွင် ရှင်အဇ္ဇဂေါဏ၏ ရုပ်ထုတော် တည်ရှိပါသည်။ ပုဂံခေတ်အခါ၌ မထေရ်မြတ်သည် ကြေးသတ္တုမှ ရွှေဖြစ်စေပြီး၊ လူအများအတွက် ရွှေမိုးငွေမိုး ရွာသွန်းပေးသည် ဟုဆိုပါသည်။ ရုပ်ထုတော်၏ထူးခြားချက်မှာ မျက်လုံးတော်များ အရွယ်ပမာဏ မတူညီခြင်းဖြစ်ပါသည်။ အကြောင်းရင်းမှာ မထေရ်မြတ်သည် မမြင်ရသော မျက်လုံးတော်များကို အံဘွယ် အစွမ်းဖြင့် ဆိတ်နှင့်နွားတို့၏ မျက်လုံးများဖြင့် အစားထိုး တပ်ဆင်ခဲ့သောကြောင့် ဟုဆိုကြပါသည်။ (အံ့ဖွယ်ကိုးပါးတွင် ပါဝင်သည့် အံ့ဖွယ်အမှတ်(၅) ဖြစ်ပါသည်)