

ဘုရားအမည်
တည်နေရာ
Category
ရွှေအလေးချိန် ၂၆၆၇.၆၈ ကျပ်သားဖြင့် ပူဇော်သွန်းလုပ်သော ရွှေစေတီကို ရွှေတိဂုံစေတီတော် အင်္ဂါထောင့်နှင့် ဗုဒ္ဓဟူးထောင့်ကြားရှိ ဦးစံချိန်တန်ဆောင်းအတွင်း ဖူးတွေ့နိုင်ပါသည်။ ရွှေစေတီကို ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ပုံစံတူအတိုင်း သွန်းလုပ်ပူဇော်ထားပြီး စေတီတော်မြတ်ကြီးအောက် အဆ ၉၀ ငယ်ပါသည်။ အချိုးအားဖြင့် (၁:၉၀) ဖြစ်ပါသည်။ ရွှေသားပုံတူစေတီ၏ အမြင့်မှာ ၄၅ လက်မ ရှိပြီး ပုံတူစေတီကို မုခ်ဦးစေတီ ၄ ဆူနှင့် စေတီငယ် ၆၄ ဆူ စုစုပေါင်း စေတီ ၆၈ ဆူ ဝန်းရံထားပါသည်။ ရွှေစေတီကို စိန်(အထွတ်) ၁ လုံး၊ စိန် ၂၄၁ လုံး၊ ကျောက်စိမ်း ၇၀၁ လုံး၊ ပတ္တမြား ၁၈၉၅ လုံး၊ နီလာတာ ၂၄၂ လုံး၊ နီလာလုံးချော ၁၅၉ လုံး ကပ်လှူပူဇော်ထားသဖြင့် ကျောက်မျက်ရတနာ စုစုပေါင်း ၃၂၃၉ လုံး ကပ်လှူထားပါသည်။
ရွှေစေတီကို အများပြည်သူအလှူငွေဖြင့် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းတွင် (၈ မတ် ၁၉၉၉)တွင် စတင်သွန်းလောင်းခဲ့ပြီး (၂၂ ဧပြီ ၁၉၉၉)တွင် အောင်မြင်ပြီးမြောက်ခဲ့ပါသည်။ ရွှေတိဂုံစေတီတော်သို့ (၂၈ ဧပြီ ၁၉၉၉)တွင် ပင့်ဆောင်ပူဇော် ကိုးကွယ်ပါသည်။