အသေးစိတ်အချက်အလက်များ


ဘုရားအမည်
ကဿပမြတ်စွာဘုရား
တည်နေရာ
အနောက်ဘက်မုခ် အာရုံခံတန်ဆောင်း
Category
Pagodas | Places to visit
ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်အာရုံခံတန်ဆောင်းတော်ကြီးအတွင်း သီတင်းသုံးတော်မူလျက်ရှိသော ကဿပမြတ်စွာဘုရားရုပ်ပွားတော်သည် ၁၉၃၁ ခုနှစ် မတ်လ ၆ ရက် မတိုင်မီအထိ ပဉ္စလောဟာ ဘူမိဖဿအမျိုးအစားဖြစ်သော်လည်း ထိုနေ့တွင် ရွှေတိဂုံစေတီတော် အနောက်ဘက်စောင်းတန်းတော်ကြီး မီးသင့်ရာ၌ ဂန္ဓကုဋိတိုက်အတွင်းရှိ ရုပ်ပွားတော်ပါ မီးထဲပါသွားသဖြင့် “ကျောက်ဆင်းတု” ရုပ်ပွားတော်အသစ်ထုလုပ်၍ ဂန္ဓကုဋိတိုက်အသစ်တွင် ထည့်သွင်းကာ ပူဇော်ထားရှိခဲ့သည်။
ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူခဲ့ပြီးသော ဘုရားလေးဆူတို့တွင် “ကဿပမြတ်စွာဘုရား” သည် တတိယမြောက်ပွင့်တော်မူခဲ့သော ဘုရားဖြစ်သည်။ ရွှေတိဂုံဌာပနာတိုက်တော်၌ ကဿပမြတ်စွာဘုရား၏ ရေသနုတ်သင်္ကန်းတော်ကို ဌာပနာထားသည်။