အသေးစိတ်အချက်အလက်များ

ပန်းတဉ်းပညာဆိုသည်မှာ ကြေးထည်ပုံစံအမျိုးမျိုး သွန်းလုပ် သည့်ပညာရပ်ဖြစ်ပါသည်။ “ဗဒင်း” ဟုဆိုကြသော်လည်း “ပန်းတဉ်း ” ဟူ၍ ပန်းထည့်ပြီး တလေးတစားခေါ်ဝေါ်သုံးစွဲကြသော ရှေးမြန်မာမှု လက်မှု ပညာတစ်ရပ်ဖြစ်သည်။ ပန်းတဉ်းပညာရပ်သည် ပုဂံခေတ်တွင် စတင် ပေါ်ပေါက်ခဲ့သော မြန်မာမှုပညာဖြစ်ပြီး ပုဂံခေတ်မှ စတင်ကာ ပင်းယခေတ်၊ အင်း၀ခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ်မှသည် ကိုလိုနီခေတ်မှ ယနေ့မျက်မှောက်ခေတ်ထိ တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ချမ်းသာကြီးတန်ဆောင်းနှင့် ရွှေခေါင်းလောင်းကြီး တန်ဆောင်းတို့၏ လင်းနို့တောင် ပန်းဆွဲနှင့် အမိုးပြာသာဒ်များတွင် တပ်ဆင်ထားသော မြန်မာမှုလက်ရာများသည် ကိုလိုနီခေတ်လက်ရာ ကြေးပန်းတဉ်းပညာရပ် ဖြစ်ပါသည်။ ထို့အပြင် ရင်ပြင်တော်အင်္ဂါထောင့်ရှိ ကလျာဏပါရမီတန်ဆောင်း အမိုးပြာသာဒ်တွင် တပ်ဆင်ထားသော မြန်မာမှုပန်းများသည် မူလလက်ရာအတိုင်း ပြန်လည်မွမ်းမံထားသော ယနေ့ခေတ် မြန်မာမှု Gold Steel ပန်းတဉ်းလက်ရာဖြစ်ပါသည်။