အသေးစိတ်အချက်အလက်များ

တံခွန်တိုင်
အင်္ဂါထောင့် တံခွန်တိုင်
တည်နေရာ
အရှေ့ဘက်မုခ် အင်္ဂါထောင့်အနီး
Category
Places to visit | Planetary Posts
ရွှေတိဂုံစေတီတော် ရင်ပြင်တော် အင်္ဂါထောင့်ရှိ တံခွန်တိုင်သည် မြန်မာသက္ကရာဇ် ၁၂၈၆(၁၉၂၄)ခုနှစ်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ကျောင်းကြီးလမ်း၊ အိမ်အမှတ် (၂)၊ စာရေးကြီးဦးမှော် + ဇနီးဒေါ်လေးတို့မှ လှူဒါန်းထားခဲ့သည်ဟု ယခင်မှတ်တမ်းများအရ သိရှိရပါသည်။ ကလျာဏပါရမီတန်ဆောင်း (ဦးဘအေး+ဒေါ်စောတင်တန်ဆောင်း) နှင့်ကပ်လျက် မျက်နှာစာတွင်ရှိပြီး အုတ်စီတံခွန်တိုင် အမျိုးအစားဖြစ်သည်၊ တံခွန်တိုင်ပတ်လည်အား မှန်ကွက်များ စီထားသည်။ တိုင်ထိပ်တွင် ဟင်္သာငှက်ရုပ် ရှိသည်။ အောက်ခြေတွင် မုခ်ပေါက်တစ်ခုရှိပြီး ဘိလပ်ပြန်ဘုရားဟု ထင်ရှားသော သစ်သားရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် ကျောက်သားရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူရှိပါသည်။