အသေးစိတ်အချက်အလက်များ


ဘုရားအမည်
ကကုသန္ဓမြတ်စွာဘုရား
တည်နေရာ
အရှေ့ဘက်မုခ် အာရုံခံတန်ဆောင်း
Category
Nine Wonders | Pagodas | Places to visit
ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အာရုံခံတန်ဆောင်းတော်ကြီးအတွင်းရှိ ဂန္ဓကုဋိတိုက်တွင် သီတင်းသုံးတော်မူသော ကကုသန္ဓမြတ်စွာဘုရားသည် ရွှေ၊ ငွေ၊ ကြေး၊ ခဲ၊ သံ သတ္တုငါးမျိုးတို့ဖြင့် ပေါင်းစပ်သွန်းလုပ်ထားသော ပဉ္စလောဟာ ရုပ်ပွားတော်ဖြစ်သည်။
ထိုရုပ်ပွားတော်ကို ကုန်းဘောင်မင်းဆက်ဘုရင်တစ်ပါးဖြစ်သော စဥ့်ကူးမင်းက ကောဇာသက္ကရာဇ် ၁၁၄၀ ခုနှစ်တွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ကကုသန္ဓမြတ်စွာဘုရား ရုပ်ပွားတော်၏ထူးခြားချက်မှာ ညာဘက်လက်တော်ကို ပက်လက်လှန်ထားသောကြောင့် လက်ပက်လက်ဘုရားဟုလည်း ခေါ်သည်။ လာဘမုနိမုဒြာဖြစ်သည်။ ဘဒ္ဒကမ္ဘာ၌ ဘုရားလေးဆူပွင့်တော်မူခဲ့ပြီးရာ ကကုသန္ဓမြတ်စွာဘုရားသည် အဦးဆုံးအရင်ဆုံး ပွင့်တော်မူခဲ့သောဘုရားဖြစ်သည်။ ရွှေတိဂုံဌာပနာတိုက်တော်၌ ကကုသန္ဓမြတ်စွာ ဘုရား၏ ရွှေတောင်ဝှေးတော်ကို ဌာပနာထားသည်။