ရန်ကုန်ဘိုးဘိုးကြီး

အသေးစိတ်အချက်အလက်များ

ရုပ်တုအမည်

ရန်ကုန်ဘိုးဘိုးကြီး

တည်နေရာ

အနောက်ဘက်မုခ် အောက်ပစ္စယာ

Category

Belief and Faith | Places to visit
သိင်္ဂုတ္တရကုန်းတော်၏ အနောက်တောင်ဘက်၊ အောက်ပစ္စယာစနေထောင့် ညောင်ကြပ်ပင်ကြီး အောက်တွင် နတ်နန်းနှင့်ရှိသည်။ ထိုနေရာမှာ ယခင်ကချောင်ကျ၍ လူများမသွားမလာကြပါ။ နတ်ရုပ် ညောင်ကြပ်ပင်အောက်ကို ရောက်လာမှ လူများက ဆုတောင်းပြည့်သည်ဟူ၍ နတ်ကွန်းများ လှူကြသည်။ နတ်ရုပ်ကို ရွှေချပေးပြီး ကန်တော့ပွဲများ လှူကြသည်။ အရောင်းအဝယ်ကောင်းအောင် မစနိုင်သည်ဟု ယူဆကာ ပသကြသူများရှိသည်။ နတ်နန်း၏အောက်ခြေတွင် နယ်ချဲ့တို့၏ ခံကတုပ်များ ယနေ့တိုင် အထင်အရှားရှိနေသေးသည်။ ထိုနတ်ရုပ် ညောင်ပင်အောက်ကို ရောက်လာသည်မှာ ၁၉၇၅ခုနှစ် နောက်ပိုင်းမှ ရောက်လာခြင်း ဖြစ်သည်။ နတ်ကွန်းကိုထိန်းသိမ်းသူမှာ မင်းကွန်းဘုန်းကြီးကျောင်းမှ ဖြစ်သည်။