အနောက်ဘက်အာရုံခံမုခ်ဦးဆောင်

အသေးစိတ်အချက်အလက်များ

မုခ်ဦးအမည်

အနောက်ဘက်အာရုံခံမုခ်ဦးဆောင်

တည်နေရာ

အနောက်ဘက်မုခ်

Category

Four Adoration Halls | Places to visit
မြန်မာသက္ကရာဇ် ၁၀၉၇ ခုနှစ်တွင် သာယာဝတီမင်းကြီး၏ အိမ်ရှေ့မိဖုရားကြီးက စတင်ဆောက်လုပ် လှူဒါန်း ခဲ့သော တန်ဆောင်း ဖြစ်ပါသည်။ ရာသီဥတုဒဏ်ကြောင့် ၁၈၄၀ ပြည့်နှစ်တွင် အသစ်ပြန်လည် တည် ဆောက်ခဲ့ပါသည်။ မြန်မာသက္ကရာဇ် ၁၂၆၂ (၁၉၀၀)ခုနှစ်တွင် ပွဲစားကြီး ဦးအောင်ကြီး+ဒေါ်စောညွန့် မိသားစုမှ ရူပီးငွေ ၁၂၀,၀၀၀ အကုန် အကျခံကာ ထပ်မံပြုပြင်မွမ်းမံတည်ဆောက်ခဲ့ပါသည်။ ၁၉၃၁ ခုနှစ်တွင် တန်ဆောင်းကြီးမီးခသဖြင့် တန်ဆောင်းကြီးနှင့် တကွ ရာမဇာတ်ရုပ်လုံးများ ပါသည့် ရှေးဟောင်းပန်းပု လက်ရာများ ပျက်စီးဆုံးရှုံးခဲ့ပါသည်။ တန်ဆောင်းကြီးအတွင်း၌ ကဿပမြတ်စွာဘုရား ကိန်းဝပ်စံပယ် တော်မူပါသည်။ အနောက်အာရုံခံတန်ဆောင်းကြီးအား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ဆက်လက် ထိန်းသိမ်း စောင့်ရှောက်လျက်ရှိပါသည်။ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် တန်ဆောင်း ကြီး၏ ဘုံဆောင် ပြာဿဒ်အဆင့်များ ပျက်စီးခဲ့ခြင်းအား ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါသည်။