အသေးစိတ်အချက်အလက်များ
ပွဲတော်အမည်
တပို့တွဲလ – ဩဝါဒပါတိမောက်အခမ်းအနား (မြန်မာ့ရိုးရာထမနဲလှူဒါန်းပွဲတော်)
ကျင်းပသည့်လ
တပို့တွဲလ
ကျင်းပသည့်အချိန်
တပို့တွဲလပြည့်
ဝိပဿီဘုရားရှင်လက်ထက်က အရှင်ကောဏ္ဍညလောင်းလျာ စူဠကာလအမျိုးသားသည် ကောက်ဦး(၉)ကြိမ် ကာလဒါနအလှူကြောင့် ဘဝဆက်တိုင်း လောကီကောင်းကျိုးများ ခံစားရပြီး ဂေါတမဘုရားရှင်လက်ထက်၌ တရားဦးနာကြားရ၍ ပထမဦးဆုံးလောကုတ္တရာ တရားထူးရရှိသော အရှင်ကောဏ္ဍညမထေရ်၏ ဖြစ်စဉ်ကို နမူနာပြုကာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် တပို့တွဲလဆန်း (၁၄)ရက်အဖိတ်နေ့၊ ညနေ(၀၄၀၀)အချိန်တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ လုပ်ငန်းကန်ထရိုက်များ၊ အခွန်ထမ်းပါဝင်သော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ကျင်းပ၍ သတ်မှတ်ချက်များဖြင့် အကဲဖြတ်အမှတ်ပေးကာ ဆုများချီးမြှင့်ပါသည်။
ထမနဲထိုးပြိုင်ပွဲမှရရှိသော ထမနဲဆွမ်းများကို တပို့တွဲလပြည့်နေ့ နံနက်အရုဏ်တက်ချိန်တွင် ဂေါပကအဖွဲ့ဝင်များဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စအသင်းများအကျိုးဆောင်အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းသူ/သားများမှ စုပေါင်း၍ ဧည့်ခံတန်ဆောင်းအတွင်းတွင် စေတီတော်ကြီးကို ထမနဲဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ နံ့သာတို့ဖြင့် အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပြီး ဘုရားရှင်တို့၏ အဆုံးအမဖြစ်သော ဩဝါဒပါတိမောက်ဒေသနာတော်ရွတ်ဆိုပူဇော်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ကြပါသည်။
နံနက် (၀၅၃၀) အချိန်တွင် ရောင်တော်ဖွင့်တန်ဆောင်းအတွင်း၌ ဩဝါဒါစရိယဆရာတော်ကြီးများအပါအဝင် ပင့်သံဃာတော် (၆၂)ပါးတို့ကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ နံနက် (၀၆၀၀) အချိန်တွင် ရင်ပြင်တော်ဗုဒ္ဓဟူးထောင့်မှစတင်၍ စေတီတော် လက်ယာရစ်တစ်ပတ်လည် ဘုရားအမှူးပြုသော ပင့်သံဃာတော် (၆၂)ပါးတို့အား ထမနဲဆွမ်းတော်ကြီးနှင့် ဆွမ်းဆန်တော်လောင်းလှူခြင်း၊ နံနက် (၀၆၃၀)အချိန်တွင် ဂေါပကအဖွဲ့ဝင်များဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စအသင်းများ အကျိုးဆောင်အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းသူ/သားများ ပါဝင်လျက် ထမနဲဆွမ်းလှူဒါန်းမှု ရေစက်ချ အနုမောဒနာတရားတော်များကို နာကြားပြီး ရေစက်ချ အမျှပေးဝေခြင်းဖြင့် တပို့တွဲလပြည့်နေ့တွင် ဘာသာသာသနာနှင့် မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအတိုင်း ထမနဲလှူဒါန်းပွဲတော်ကြီးကို အောင်မြင်စွာကျင်းပကြပါသည်။