ပန်းပွတ်ပညာ

အသေးစိတ်အချက်အလက်များ
ပန်းပွတ်ပညာဆိုသည်မှာ ယွန်းသစ်သားဖြင့် အသုံးအဆောင်များ၊ အလှအပများကိုပြုလုပ်သည့် ပညာဖြစ်ပါသည်။ ပန်းပွတ်ပညာကို ကလပ်အမျိုးမျိုး၊ လက်ဖက်အစ်၊ ဆွမ်းအုပ်၊ နွားလှည်းဘီးများမှ သစ်သားပွတ် လုံးများ၊ ထီးဖြူ၊ ရွှေထီးလက်ရိုးလက်ကိုင်များတွင် တွေ့ရှိနိုင်ပါသည်။ ထို့အပြင်ပန်းပုပညာဖြင့် ရုပ်လုံးဖော်ထားသော အကြမ်း ထည်များကို ချောမွေ့တောက်ပြောင်စေရန် ပန်းပွတ်ပညာဖြင့် ပြုလုပ်ရပါသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တောင်ဘက်စောင်းတန်းအောက်ခြေနေရာတွင် သစ်သားပွတ်လုံးတိုင်များကို မြင်တွေ့နိုင်ပါသည်။