မဟောသဓာဇာတ်တော်ကြီးရုပ်ကြွပန်းချီ

မြောက်ဘက်စောင်းတန်းရှိ မဟောသဓာဇာတ်တော် ရုပ်ကြွပန်းချီကားများ
တည်နေရာ – မြောက်ဘက်စောင်းတန်း အလယ်ပစ္စယံအောက်
အကြောင်းအရာ – မဟော်သဓာဇာတ်တော်(၈)ကား
အမျိုးအစား – ရုပ်ကြွပန်းချီ
ပညာရှင် – ‌မသိရှိပါ
မှတ်ချက် – ၁၉၉၇ – ၁၉၉၈ ခုနှစ်တွင် မူလလက်ရာမပျက် ပြုပြင်သည်။
ကောင်းကင်မြေထဲပြိုကွဲအံ့ပင်၊ ဆယ့်ရှစ်ခေါဘဏိစစ်သည်များဖြင့် ဥပကာရီပတ်လည်ဝန်းကျင်၊ လောင်းရာဇာလက်ဖမ်းမည့်သခင်
ဘုရားလောင်းမြတ်မင်း၊ မတ်ဗိုလ်ပုံ၊ ဥမင်တော်လမ်းခဏ်းခဏ်းအစုံ၊ လျှောက်တင်သည့်မူ ကြည့်ရှုမကုန်၊ လိုက်ခါပြမြန်းကြွထွက်စပုံ
မုခ်ဦးပြဿဒ်လက်ထပ်နန်းတွင် မင်းသမီးနှင့် မင်းကြီးကိုပင်၊ ထိမ်းမြားလက်ထပ်ပေးအပ်မည့်သွင်၊ ဘိသိတ်ဖြန်းအောင် ပန်းမင်္ဂလာပင်
ဝိဒေဟရာဇ်ချစ်နှစ်သက်နန်းမင်းလေးပါးနှင့် မတ်များဝန်းရံ၊ သုံးရာလှေလောင်းရေးကြောင်း ဟင်္သာမြစ်ကို ကူးရွှင်မြူးမြန်းကြွဟန်
ခိုးထုတ်ခိုးဝယ် လေးသွယ်မျက်မြင် အမတ်မိုက်ရှုံး၊ လေးဦးကိုပင် မျောက်ဖြူလုပ်၍ မင်းရှေ့တော်ခွင် အမရာဆက်လာသံတော်တင်
မဟော်သဓာပညာစွမ်းဟုန်၊ ပတ္တမြား မြတ်လှည့်ပတ်တည့်တုန် ကေးဝဋ်မိုက်က လောဘအာရုံ ကောက်ယူမှား တရားစစ်အောင်ပုံ
မဟော်လေးမွေး ရွှေကျင်ကျေးကိုပင် ပဉ္စာလတိုင်း စေခိုင်းမည့်သွင် မင်းနှင့် ပုဏ္ဏား နှစ်ပါးတိုင်ပင် မယ်သာလိယူ ဘိပျံခဲ့သင်
မင်းလေးပါးတို့ လျှောက်လို့လည်၊ နန်းတော်တလျှောက် ခွဲပေါက်ကိုယ်စီ၊ ချည်နှောင်ကြိုးတုပ် မလှုပ်နိုင်ပြီ၊ ဥမင်ကွေ့ထမ်း၍ ယူဆောင်ပြီ