အသေးစိတ်အချက်အလက်များ
ပွဲတော်အမည်
မေတ္တာအခါတော်နေ့အခမ်းအနား (ပန်းစေတီလှည့်လည်ကပ်လှူပူဇော်ပွဲ)
ကျင်းပသည့်လ
ဝါခေါင်လ
ကျင်းပသည့်အချိန်
ဝါခေါင်လဆန်း (၁၄)ရက် (အဖိတ်နေ့) နံနက် (၀၆၀၀)နာရီ
ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သည် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ရုံးဝန်ထမ်းများ၏ လှုပ်ရှားမှုပြယုဂ် တစ်ရပ်အနေဖြင့် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ကို ကြိုဆိုလျက် ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများသို့ ဆန္ဒပြုလွှာများဖြန့်ဝေခဲ့ပြီး ဆန္ဒပြုအသင်းများမှ အကြိုပရိတ်တရားတော် ရွတ်ဆိုပူဇော်ပွဲကို ဝါခေါင်လပြည့်မတိုင်မီ (၁၁)ရက်ခန့်မှစတင်ပြီး ထီးတော်ရုံတန်ဆောင်း၌ ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။
ဝါခေါင်လဆန်း (၁၄)ရက် (အဖိတ်နေ့) နံနက် (၀၆၀၀)နာရီမှ စတင်၍ ဝါခေါင်လပြည့် နံနက် (၀၆၀၀)နာရီအထိ ဗုဒ္ဓဝေယျာဝစ္စ အသင်းများ၊ ရုံးဝန်ထမ်းများမှ တစ်သင်းလျှင် လူ(၅)ဦးစီ ပါဝင်ကာ တစ်ချိန်လျှင် (၃၀)မိနစ်ကြာ ပဋိသမ္ဘိဒါ မင်္ဂလာ (၅၂၈)သွယ် မေတ္တာပွားများနည်း၊ မေတ္တာသုတ်တော်လာ (၅၆၁)မေတ္တာပွားများနည်းတို့ဖြင့် အသံမစဲမေတ္တာပွားများပွဲ ကျင်းပပြုလုပ်ကြပါသည်။
ဝါခေါင်လပြည့်နေ့ နံနက်အရုဏ်တက်ချိန်တွင် ဧည့်ခံတန်ဆောင်း၌ အရုဏ်ဆွမ်းတော်ကြီးကပ်လှူခြင်း၊ နံနက်(၀၆၀၀) အချိန်တွင် ရှေးဟောင်းတန်ဆောင်း၌ မေတ္တာအခါတော်နေ့အခမ်းအနားကို ကျင်းပပြုလုပ်ပြီး၊ နံနက် (၀၇၀၀)အချိန်တွင် နဖူးစည်းဆိုင်းဘုတ်၊ ပန်းစိုက်ဖလား၊ သာသနာ့အလံကိုင်များ၊ ကြေးစည်၊ မောင်း၊ ခရုသင်းအဖွဲ့နှင့် ဂေါပက အဖွဲ့ဝင်များဦးဆောင်ပြီး တာဝန်ယူကုသိုလ်ယူကြမည့် ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းသားများမှ ပန်းစေတီ(၅)ဆူကိုကိုင်ဆောင်ပြီး စေတီတော်ကြီးကို လက်ယာရစ် လှည့်လည်၍ အာရုံခံမုခ်ဦးလေးဘက်နှင့် အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်တို့အား ပန်းစေတီ ကပ်လှူ ပူဇော်ခြင်းကို ဆောင်ရွက်ကြပါသည်။
နံနက် (၀၉၃၀)အချိန်တွင် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သီလခံယူခြင်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကပ်လှူခြင်း၊ အနုမောဒနာတရား နာကြားကာ ရေစက်ချ အမျှပေးဝေခြင်း။
နံနက် (၁၀၃၀)အချိန်တွင် ရောင်တော်ဖွင့်တန်ဆောင်းအတွင်း၌ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် အလှည့်ကျစောင့်ရှောက်ရေး သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဥပုသ်သည်များအား ထမင်းကျွေးခြင်းများကို ဆောင်ရွက်ခြင်းဖြင့် ဝါခေါင်လပြည့် တစ်နေ့တာပတ်လုံး ရတနတ္တယပူဇာပြည့်စုံစွာ ဆောင်ရွက်ခဲ့ကြပါသည်။