ရွှေတိဂုံစေတီတော်မြတ်ကြီး၏( ၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

Июл 2, 2024 | Htutti, News

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့စေတနာသဒ္ဓါတရားထက်သန်စွာလှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက်အလှူရှင်များအားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၇)ကြိမ်မြောက်ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွှဲ ၁ နာရီတွင်ရွှေတဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး အလှူရှင်များကအလှူတော်ငွေများပေးအပ်လှူဒါန်းရာအလှည့်ကျသဘာပတိ ဦးသောင်းစိန်ဦးနှင့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၀င်များကလက်ခံရယူပြီးထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်)

ထံမှတက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီးရေစက်ချအနုမောဒနာတရားနာယူကြသည်။

ယနေ့ကျင်းပသောအလှူငွေပေးအပ်ပွဲလှူဒါန်းပွဲတွင်၂၀၂၄ခုနှစ်မေလ ၁ ရက်နေ့မှဇွန်လ ၃၀ ရက်နေ့အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် ( ၂၇ )ဦးက ၆ကျပ်သားရွှေပြား ၄ ချပ်၊ ၃ ကျပ်သားရွှေပြား ၁ ချပ်နှင့် တစ်ကျပ်သား ရွှေပြား ၂၇ချပ် စုစုပေါင်းရွှေစင်ရွှေပြားအချပ် ၃၂ လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် ( ၁၃၀ )ဦးအပါအ၀င်လှူဒါန်းငွေစုစုပေါင်း ၁၉၄၁၄၈၉၉၉၀ ကျပ်(ကျပ်သိန်းပေါင်း တစ်သောင်းကိုးထောင်လေးရာတစ်ဆယ့်လေးသိန်းရှစ်သောင်း ကိုးထောင်ကိုးရာငါးဆယ်တိတိ)ဖြစ်ကြောင်းသိရသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့

Related News
ရွှေတိဂုံစေတီတော် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

ရွှေတိဂုံစေတီတော် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

ရန်ကုန်-ဖေဖော်၀ါရီ (၁၁ ) ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားကို...

читать далее
ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ

၂၀၂၅ ဇန်နဝါရီလ ၁၉ ရက် ဗုဒ္ဓမြတ်စွာသာသနာတော်၏ အရင်းမူလရေသောက်မြစ်ဖြစ်သော ပရိယတ္တိ သာသနာတော် စည်ပင်ပြန့်ပွားထွန်းကား၍ ပရိယတ္တိအကျော် သံဃာတော်များ...

читать далее
ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပ

ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပ

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် စေတီတော်မြတ်ကြီးနှင့် ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့စေရန်...

читать далее