အသေးစိတ်အချက်အလက်များ
![kanot-divider](https://www.shwedagonpagoda.org.mm/wp-content/uploads/2024/01/kanot-divider.png)
![](https://www.shwedagonpagoda.org.mm/wp-content/uploads/2024/01/buddha-icon.png)
အမည်
ဗောဓိညောင်ပင်များ
တည်နေရာ
တနင်္ဂနွေထောင့်၊ အင်္ဂါထောင့်၊ စနေထောင့်၊ ရာဟုထောင့်
Category
ဖူးမြော်ရန်နေရာများ | ဘုရားစေတီများ
ရွှေတိဂုံစေတီတော်ရင်ပြင်တွင် သမိုင်းရေးရာအချက်အလက် ခိုင်လုံသော ဗောဓိညောင်ပင် လေးပင်ကို တနင်္ဂနွေအရပ်၊ အင်္ဂါအရပ်၊ စနေအရပ်နှင့် ရာဟုအရပ်တို့တွင် စနစ်တကျ စိုက်ပျိုးထားသည်။
(၁) တနင်္ဂနွေအရပ်ရှိ ဗောဓိညောင်ပင်ကို ကောဇာသက္ကရာဇ် ၁၃၄၅ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့ ၂ က ပင့်ဆောင်ပြီး စိုက်ပျိုးသည့်နေ့မှာ ၁၃၄၅ ဝါဆိုလဆန်း ၁၁ရက် နံနက် ၉နာရီဖြစ်သည်။
(၂) အင်္ဂါအရပ်ရှိ ဗောဓိပင်ကို ခရစ်နှစ် ၁၉၂၁ တွင် မယ်ဒက်ဆရာတော်ကြီးက စိုက်ပျိုးခဲ့သည်။
(၃) စနေအရပ်ရှိ ဗောဓိညောင်ပင်ကို (၂၀၀၅)ကစိုက်ပျိုးသည်။
(၄) ရာဟုအရပ်ရှိဗောဓိညောင်ပင်ကို မြန်မာနိုင်ငံ လွတ်လပ်ရေးရ သည့် ၁၉၄၈ ဇန်နဝါရီ ၄ရက်က စိုက်ပျိုးခဲ့သည်။
ရွှေတိဂုံစေတီတော်ရှိ ဗောဓိညောင်ပင်များကို ကဆုန်လပြည့်နေ့ရောက်တိုင်း၊ ညောင်ရေသွန်းပွဲ ကျင်းပကာ ရေသပ္ပါယ်ကြသည်မှာ ဗောဓိညောင်ပင်သည် ပရိဘောဂစေတီများ ဖြစ်သောကြောင့် ဖြစ်သည်။