တနင်္ဂနွေထောင့်တံခွန်တိုင်

အသေးစိတ်အချက်အလက်များ

တံခွန်တိုင်

တနင်္ဂနွေထောင့် တံခွန်တိုင်

တည်နေရာ

အရှေ့ဘက်မုခ်နှင့် မြောက်ဘက်မုခ်ကြား တနင်္ဂနွေထောင့်အနီး

Category

တံခွန်တိုင်များ | ဖူးမြော်ရန်နေရာများ
ရွှေတိဂုံစေတီတော် ရင်ပြင်တော်တနင်္ဂနွေထောင့် မင်းတုန်းမင်း ထီးတော်ပုံစေတီ အနောက်တောင်ဘက်ရှိ တံခွန်တိုင်သည် မြန်မာသက္ကရာဇ် ၁၂၄၁(၁၈၇၉)ခုနှစ်ခန့်တွင် စတင်လှူဒါန်းထားခဲ့ပြီး နှစ် ၁၄၄ ခန့်သက်တမ်းရှိ တံခွန်တိုင်ဖြစ်ပါသည်။ တံခွန်တိုင်သည် အုတ်စီတံခွန်တိုင် အမျိုးအစားဖြစ်ပါသည်။ တိုင်ထိပ်တွင် (၇)ဘုံဆင့်အုတ်ပြာသာဒ်ရှိသည်။ အောက်ခြေတွင် မုခ်ရှစ်ပေါက်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်(၈)ဆူရှိပါသည်။ ရင်ပြင်တော်ပေါ်ရှိ တံခွန်တိုင်အားလုံးတွင် အမြင့်ဆုံးဖြစ်ခြင်း၊ တိုင်လုံးနှင့်တိုင်အမြင့် အချိုးညီခြင်းတို့ကြောင့် ရှေးဟောင်းမှတ်တမ်းဝင်သော တံခွန်တိုင်ဖြစ်ပါသည်။