အသေးစိတ်အချက်အလက်များ

ပန်းချီပညာဆိုသည်မှာ မျက်နှာပြင်တစ်ခုခုပေါ်တွင် အရောင်ဖြင့် အသက်သွင်းခြင်းဟု ယေဘုယျဆိုနိုင်ပါသည်။ ပန်းချီပညာတွင် ပုံတူရေးဆွဲခြင်း၊ ပုံဖွဲ့ယူခြင်းများကို အနုပညာရှင်၏ အယူအဆအလိုက်ဖန်တီးခြင်း ဖြစ်ပါသည်။ ပန်းချီရေးခြင်းသည် ပြင်ပလောက၌ရှိနေသည်များကို ပြန်လည်သရုပ်ဖော် အသက်သွင်းခြင်းပင် ဖြစ်ပါသည်။ မြန်မာရှေးရိုးတစ်ကြောင်းရေး ပန်းချီမှသည် ယခုခေတ်ပို့စ်မော်ဒန်အထိ ဖြစ်သည်။ မြန်မာပန်းချီတွင် အခြေပြုလွှမ်းမိုးခဲ့သည်မှာ ဗုဒ္ဓဝင်ဆိုင်ရာများနှင့် မင်းခမ်းမင်းနားမှတ်တမ်းတင်ချက်များအပြင် နှောင်းပိုင်းတွင် ပုံတူရေးဆွဲခြင်းများ ဖြစ်ပါသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး စောင်းတန်းလေးသွယ်၊ တန်ဆောင်းနေရာများတွင် ဗုဒ္ဓဖြစ်တော်စဉ် ပန်းချီကားချပ်များ၊ ရွှေတိဂုံသမိုင်းနောက်ခံပန်းချီကားချပ်များ၊ ၅၅၀ နိပါတ်တော်ပန်းချီကားချပ်များ၊ ခေါင်းလောင်းသမိုင်းပန်းချီကားချပ်များကို ခေတ်အဆက်ဆက်က ပန်းချီပညာရှင်များ၏လက်ရာများကို တွေ့မြင်နိုင်ပါသည်။