ပိတုန်းပဒိုင်း တန်ဆောင်း

အသေးစိတ်အချက်အလက်များ

တန်ဆောင်းအမည်

ပိဒုန်းပဒိုင်း တန်ဆောင်း

တည်နေရာ

အရှေ့ဘက်မုခ် အင်္ဂါထောင့်အနီး

Category

ဇရပ်တန်ဆောင်းများ | ဖူးမြော်ရန်နေရာများ
ရွှေတိဂုံစေတီတော် ရင်ပြင်တော် အရှေ့ဘက် တနင်္လာထောင့်နှင့် အင်္ဂါထောင့်ကြားရှိ တန်ဆောင်း ဖြစ်ပါသည်။ မြောက်ဘက်အာရုံခံတန်ဆောင်းကြီးအား ဆောက်လုပ်လှူဒါန်းခဲ့သော ပွဲစားကြီး ဆာဘိုးသာမိသားစုမှ လှူဒါန်းခဲ့ပါသည်။ စိန်မပုတန်ဆောင်းဟုလည်း အမည်တွင်ပါသည်။ ရုပ်ပွားတော် ကိန်းဝပ်ရာ ဂန္ဓကုဋိတိုက် အပြင်ပိုင်းတွင် ပိတုန်းရုပ်နှင့် ပဒိုင်းပွင့်များရှိသည်။ ထိုရုပ်ပွားတော်ကိုလည်း ပိဒုန်းပိုင်းမိနိဟု ဘွဲ့အမည်တွင်ခဲ့ပြီး ပိတုန်းပဒိုင်း တန်ဆောင်းဟု လူသိများသည်။ ၁၉၉၉ ခုနှစ်တွင် အမိုးပိုင်းကို အသစ်ပြုပြင်ပြီး မြန်မာမှုများတပ်ဆင်ခြင်း၊ အခင်း ပြုပြင်ခြင်း၊ ၂၀၁၁ ခုနှစ်တွင် ကြမ်းခင်း ပေါလစ်တိုက်ခြင်း၊ ၂၀၁၇ ခုနှစ်တွင် အမိုးပိုင်းအမာခံပြုပြင်ခြင်းနှင့် ၂၀၂၂ ခုနှစ်တွင် ရုပ်ပွားတော်များ အင်္ဂတေ ပြုပြခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ တန်ဆောင်းအတွင်းရှိ ရုပ်ပွားများနှင့် ပလ္လင်များအား လုပ်ငန်းစီမံချက်ဖြင့် ၅ နှစ်လျှင်တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။