သွေးဆေးကန်

အသေးစိတ်အချက်အလက်များ

ကန်တော်အမည်

သွေးဆေးကန်

တည်နေရာ

မြောက်ဘက်မုခ် စောင်းတန်းအောက်ခြေအနီး

Category

ပန်းဥယျာဉ်များ | ဖူးမြော်ရန်နေရာများ
ရွှေတိဂုံစေတီတော်သမိုင်းနှင့် ဆက်စပ်လျက်ရှိသော သွေးဆေးကန်သည် မြောက်ဘက်မုခ်ဦး အတက်၊ ညာဘက်တွင် ရှိသည်။ ထိုသွေးဆေးကန်သည် နှစ်ပေါင်းများစွာမြေကြီးအောက် ရောက်ခဲ့ပြီး ပျောက်ကွယ်ခဲ့ရသည်။ ၁၉၉၆-၉၇ တွင် မြောက်ဘက်မုခ်ဦးနှင့် စောင်းတန်းဆောက်လုပ်ရန် မြေကြီးတူးရာမှ ကန်ဘောင် လှေကားထစ်များကို တွေ့ရပြီး ဆက်လက်တူးရာမှ ပြန်လည်ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ရွှေတိဂုံစေတီတော် သမိုင်း၌ စေတီတော်ကြီး တည်စဉ်က လုပ်အားဒါနလာပြုကြသူတို့ထဲတွင် ပင်ပန်း နွမ်းနယ်သူ၊ ခေါင်းကိုက်သူ၊ လဲကျသူတို့ရှိ လာ၍ သိကြားမင်းက သွေးဆေးကန်ကို တန်ခိုးဖြင့် ဖန်ဆင်းပြီး ကန်ထဲမှ ရေကိုသောက်စေရာ ရောဂါအားလုံး ပျောက်ကင်း ကြသည်ဆိုသည်။