အသေးစိတ်အချက်အလက်များ

ပန်းတမော့ပညာဆိုသည်မှာ ကျောက်များ၊ သဲကျောက်များ၊ စကျင်ကျောက်များကို အရုပ်သဏ္ဍာန်ပေါ်အောင် လှပသေသပ်စွာ ထုဆစ်သည့် ပညာရပ်ဖြစ်ပါသည်။ တနည်းအားဖြင့် ကျောက်ဆစ်ပညာရပ်ဟုလည်း ခေါ်တွင်ပါသည်။ ပန်းတမော့သည် ဘုရားဆင်းတု၊ သိမ်တိုင်၊ ကျောက်စာတိုင်၊ ခြင်္သေ့ရုပ်၊ ယမင်းရုပ်၊ ဆင်ရုပ်၊ ကျောက်ပျဉ်၊ ကျောက်ငရုတ်ဆုံ၊ ကျောက်စားပွဲ စသည်တို့ကို ပြုလုပ်ပါသည်။ ပန်းတမော့ ပညာကို အေဒီ(၂)ရာစုမှစ၍ ယနေ့တိုင်ခေတ်အဆက်ဆက်မှ လက်ရာ အမျိုးမျိုးကို လေ့လာတွေ့ရှိနိုင်ပါသည်။ အထင်ရှားဆုံး ပန်းတမော့ လက်ရာမှာ မင်းတုန်းမင်းလက်ထက် ကုသိုလ်တော်ဘုရားမှ ပိဋကတ်တော် များကို လေ့လာနိုင်ရန် စကျင်ကျောက်ပြားများပေါ်တွင် ပါဠိဘာသာဖြင့် ထွင်းထုအက္ခရာတင်ထားခဲ့ပါသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် စနေထောင့် ဆီမီးခုံစေတီရံအမှတ်(၁၁)အရှေ့ရှိ ဘီလူးရုပ်တုများ၊ ဝသုန္ဓရေရုပ်တုများနှင့် ကမ္ပည်းကျောက်စာ၊ တနင်္ဂနွေထောင့် သာသနာ့ဟိတတန်ဆောင်းရှေ့ရှိ ကမ္ပည်းကျောက်စာ၊ မြောက်ဘက်အာရုံခံတန်ဆောင်းရှိ ကမ္ပည်းကျောက်စာ ချပ်များ စသည်တို့သည် စကျင်ကျောက်ကိုထွင်းထုထားသော နှစ်ပေါင်း ၁၀၀ကျော်သက်တမ်းရှိ ပန်းတမော့ပညာရပ်ဖြစ်ပါသည်။ အထူးခြားဆုံး အနေဖြင့် ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဓမ္မစေတီမင်းကောင်းမှု ကျောက်စာချပ်များသည် မြန်မာသက္ကရာဇ် ၈၄၇ခုနှစ်တွင် မွန်၊ မြန်မာ၊ ပါဠိ ဘာသာတို့ဖြင့် ရေးထိုးထားသော နှစ်ပေါင်း(၅၀၀)ကျော် သက်တမ်းရှိ ပန်းတမော့ပညာရပ်ဖြစ်ပါသည်။ ထို့အပြင် ၇ရက်သားသမီးတန်ဆောင်း အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်သည် ရင်ပြင်တော်ပေါ်ရှိ အချိုးအစား အပြေ ပြစ်ဆုံးနှင့် လက်ရာအမြောက်ဆုံး စကျင်ရုပ်ပွားတော်တစ်ဆူ ဖြစ်ပါသည်။