အသေးစိတ်အချက်အလက်များ
ပွဲတော်အမည်
ဓမ္မစကြာအခါတော်နေ့အခမ်းအနား (ဝါဆိုရွှေကြာသင်္ကန်းလှည့်လည်ကပ်လှူပူဇော်ပွဲ)
ကျင်းပသည့်လ
ဝါဆိုလ
ကျင်းပသည့်အချိန်
ဝါဆိုလပြည့်မတိုင်မီ (၁၁) ရက်ခန့်
ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သည် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ရုံးဝန်ထမ်းများ၏ လှုပ်ရှားမှုပြယုဂ်တစ်ရပ်အနေဖြင့် ဝါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့ကို ကြိုဆိုလျက် ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများသို့ ဆန္ဒပြုလွှာများ ဖြန့်ဝေခဲ့ပြီး ဆန္ဒပြုအသင်းများမှ (၂၅)ဦးစီ ပါဝင်စေလျက် အကြိုဓမ္မစကြာတရားတော်ရွတ်ဆိုပူဇော်ပွဲကို ဝါဆိုလပြည့်မတိုင်မီ (၁၁) ရက်ခန့်မှစတင်ပြီး ထီးတော်ရုံတန်ဆောင်း၌ ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။
“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လ ဝါဆို” ဟူသည်နှင့်အညီ ဘုရားလောင်း ပဋိသန္ဓေယူတော်မူသောနေ့၊ တောထွက်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူပြီး တရားဦးဓမ္မစကြာတရားဟောတော်မူသောနေ့ဟု ထင်ရှားသည့် ဝါဆိုလပြည့်နေ့တွင်ဗုဒ္ဓဘာသာဝင်သူတော်စင်များ ဘုရားစေတီ ကျောင်းကန်များသို့ သွားရောက်ပြီး ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ ဓမ္မစကြာဒေသနာတော်ရွတ်ဆိုပူဇော်ခြင်း စသည်တို့ကို ပြုလုပ်ဆောင်ရွက်ကြသည်ကို စံနမူနာပြု၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် ဝါဆိုလပြည့်နေ့ နံနက်အရုဏ်တက်ချိန်တွင် ဂေါပကအဖွဲ့ဝင်များဦးဆောင်ပြီး ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာ ဝစ္စအသင်းများစုပေါင်း၍ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းအတွင်း၌ အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပြီးလျှင် ဓမ္မစကြာဒေသနာ ပါဠိတော်ရွတ်ဆိုပူဇော်ခြင်းစသည်များ ပါဝင်သော ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကြီးကို ကျင်းပပြုလုပ်ပါသည်။