အသေးစိတ်အချက်အလက်များ
ခေါင်းလောင်းအမည်
စဥ့်ကူးမင်းခေါင်းလောင်း
အလေးချိန်
၁၅၅၅၅ ပိဿာ၊ ( ၂၄ )တန်
အကျယ်
၆ ပေ ၉ လက်မ
အမြင့်
၇ ပေ ၈ လက်မ
တည်နေရာ
အနောက်ဘက်မုခ် ဗုဒ္ဒပြတိုက်အရှေ့ဘက်အနီး
Category
ခေါင်းလောင်းကြီးများ | ဖူးမြော်ရန်နေရာများ
စဉ့်ကူးမင်းခေါင်းလောင်းသည် ရွှေတိဂုံစေတီတော်ရာဟုထောင့်တွင်ရှိသည်။ စဉ့်ကူးမင်းခေါင်းလောင်း ကို ရွှေ၊ ငွေ၊ ကြေး၊ ခဲ၊ သံ သတ္ထုငါးမျိုးဖြင့် ပေါင်းစပ်သွန်းလုပ်ထားသည်။ ပဉ္စလောဟာ ငါးမျိုးစပ် ခေါင်းလောင်းဖြစ်သည်။ ဆင်ဖြူရှင်မင်းကစတင်သွန်းလောင်းခဲ့သော်လည်း ခေါင်းလောင်းမပြီးမီ နတ်ရွာစံသဖြင့် သားတော် စဉ့်ကူးမင်းက ဆက်လက်သွန်းလုပ်စေခဲ့ပြီး ၁၇၇၈ တွင် ရွှေတိဂုံစေတီတော်သို့ ကပ်လှူခဲ့သည်။ အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသောအခါ စဉ့်ကူးမင်းခေါင်းလောင်းကို အင်္ဂလန်သို့ သယ်ယူရာ ရန်ကုန်မြစ်ထဲ ပြုတ်ကျသော်လည်း ပြန်ဆယ်၍မရဘဲ ခေါင်းလောင်းဆုံးရှုံးခဲ့သည်။ မြန်မာတို့က မြန်မာ့နည်း မြန့်မာဟန်ဖြင့် ပြန်လည်ဆယ်ယူရာရရှိပြီး ၁၈၂၆ခုနှစ် ယခုတန်ဆောင်းနေရာတွင် ထားလိုက် သည်။ စဉ့်ကူးမင်းခေါင်းလောင်း ထားသော တန်ဆောင်း၏ မူလ အလှူရှင်မှာ ဦးဘိုးကြီး+ဒေါ်ကြီး ဖြစ်သည်။