အသေးစိတ်အချက်အလက်များ
မုခ်ဦးအမည်
တောင်ဘက်အာရုံခံမုခ်ဦးဆောင်
တည်နေရာ
တောင်ဘက်မုခ်
Category
ဖူးမြော်ရန်နေရာများ | မုခ်ဦးဆောင်များ
ရွှေတိဂုံစေတီတော် ရင်ပြင်တော်တောင်ဘက်ရှိ တောင်ဘက် အာရုံခံတန်ဆောင်းကြီး၏ မွမ်းမံ အလှူရှင်မှာ ဦးဘရီ+ဒေါ်သန်းမေ မိသားစု ဖြစ်ပါသည်။ ဘုံဆောင် ပြာဿဒ်ရှိ သစ်သားပန်းများ၊ မျက်နှာကြက်၊ တိုင်လုံး များနှင့် လင်နို့တောင်ပန်းများကို ရွှေပိန်းချကပ်ထားသော အာရုံခံ တန်ဆောင်းကြီး ဖြစ်ပါသည်။ တန်ဆောင်းကြီးအတွင်း၌ ကောဏဂမန မြတ်စွာဘုရား ကိန်းဝပ်စံပယ်တော်မူပါသည်။ ၂၀၀၅ ခုနှစ် ဘက်စုံစီမံကိန်းတွင် မျက်နှာကြက် ၂ ထပ် ဖောင်း ကြွေပြားပန်းများ တပ်ဆင်ခဲ့ပါသည်။ ၂၀၀၈ ခုနစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် တန်ဆောင်းရှိ အလယ်ပြာသာဒ်ဆောင်ထုပိကာ တွဲလဲကျခြင်းနှင့် အရံပြာသာဒ်ဆောင်များရှိ ထုပိကာများ တိမ်းစောင်းခဲ့ခြင်းအား ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါသည်။