ပိတုန်းပဒိုင်းဗုဒ္ဓရုပ်ပွားတော်

အသေးစိတ်အချက်အလက်များ

ဘုရားအမည်

ပိတုန်းပိဒိုင်း ဗုဒ္ဓရုပ်ပွားတော်

တည်နေရာ

အရှေ့ဘက်မုခ် အင်္ဂါထောင့်အနီး

Category

ဖူးမြော်ရန်နေရာများ | ဘုရားစေတီများ
စတုသစ္စာတန်ဆောင်းအတွင်း၌ ပိတုန်းပဒိုင်းမုနိဘုရားရှိပါသည်။ မုနိဘုရားဘေးဘက်ဝဲယာတွင် ပိတုန်းရုပ်တစ်ခုစီ ရှိပါသည်။ အတိုက်အခံ၊ ရန်အနှောင့်အယှက်၊ သူခိုး၊ ဓားပြဘေး၊ အမှုပြဿနာများစသည့် ဘေးဥပါဒ်အန္တရာယ်တို့မှ ကင်းဝေးစေရန် ဆုတောင်းအဓိဋ္ဌာန်ပြုကြပါသည်။
ပိတုန်းရုပ်အဆောင် ဆောင်လိုသူများသည် ပိတုန်းရုပ်ပြုလုပ်ပြီးလျှင် ဤပိတုန်းပဒိုင်းဘုရားသို့ လာရောက်ကာ မိမိတို့၏ပိတုန်းရုပ်များကို ဘုရားရှိပိတုန်းရုပ်များနှင့်ထိကာ သိဒ္ဓိတင်ဂါထာရွတ်ဆိုပြီး ဓာတ်ယူလေ့ရှိကြပါသည်။ ပိတုန်းရုပ်အစီအရင် (သို့မဟုတ်) မုနိဘုရားတွင် အဓိဋ္ဌာန်ဝင်ခြင်းကို တနင်္ဂနွေ၊ ကြာသပတေး၊ လပြည့်နေ့များတွင် အထူးပြုလုပ်ကြသည် ဟုဆိုကြပါသည်။