ဘိုးဘိုးအောင် ပန်းပေါင်းရုပ်ပွားတော်

အသေးစိတ်အချက်အလက်များ

ဘုရားအမည်

ဘိုးဘိုးအောင်ပန်းပေါင်းရုပ်ပွားတော်

တည်နေရာ

အရှေ့ဘက်မုခ်အနီး

Category

ဖူးမြော်ရန်နေရာများ | ဘုရားစေတီများ
ပထမံဘိုးဘိုးအောင်၏ကောင်းမှု ပန်းပေါင်းဆင်းတုတော် ကိန်းဝပ်စံပယ်တော်မူပြီး ဓမ္မစေတီဘုရားအခြေပြုရာစေတီတွင် ပုထိုးအမျိုးအစားဖြစ်ပြီး အထက်တွင်စေတီရှိ၍ အောက်တွင်လိုဏ်ဂူ ရှိပါသည်။ လိုဏ်ဂူအတွင်း တင်ပျဉ်ခွေရုပ်ပွားတော်တစ်ဆူရှိပါသည်။ ထိုရုပ်ပွားတော် မျက်နှာပြုရာ အနောက်အရပ် မုခ်ပေါက်ကို အမှီပြု၍ ၁၉၉၉ ခုနှစ် မတိုင်မီကပင် ယာယီတစ်ဖက်ရပ် အမိုးမိုးထားပါသည်။ ထိုရုပ်ပွားတော်ကို ဘိုးဘိုးအောင်တည်ထားသည်ဟု ယုံကြည်သူများက ဘိုးဘိုးအောင်ဘုရားဟု ခေါ်ဆိုခဲ့ကြပါသည်။