အသေးစိတ်အချက်အလက်များ
ရုပ်တုအမည်
မနုဿီဟရုပ်တု
တည်နေရာ
ရင်ပြင်တော်ပေါ်ရှိ ဂြိုလ်တိုင်များအနီး
Category
ဖူးမြော်ရန်နေရာများ | ယုံကြည်ကိုးကွယ်မှုဆိုင်ရာ
ဤထူးဆန်းသောရုပ်တုကို ရွှေတိဂုံဘုရားတွင်သာမက မြန်မာနိုင်ငံရှိ အခြားဘုရားအချို့ တွင်လည်း တွေ့မြင်နိုင်ပါသည် မနုဿီဟဆိုသည်မှာ ရှေးကတကယ်ရှိခဲ့သော သတ္တဝါတစ်မျိုး မဟုတ်ခြေ။ ရှေးခေတ်လူများ စိတ်ကူးဉာဏ် ဆန်းကြယ်ကွန့်မြူးစွာ တီထွင်ဖန်တီးခဲ့သော တိရိစ္ဆာန်ကိုယ်တစ်ပိုင်း အရုပ်တစ်မျိုးသာ ဖြစ်ပါ သည်။ မနုဿီဟဟူသောစကားသည် ပါဠိဘာသာစကားဖြစ်ပြီး လူခြင်္သေ့ဟု အဓိပ္ပာယ်ရပါသည်။ ခြင်္သေ့ကိုယ်နှစ်ခွ၌ လူဦးခေါင်း တပ်ဆင်ထားသောအရုပ်ဖြစ်၍ မနုဿီဟဟု ခေါ်တွင်ခဲ့ကြခြင်းဖြစ်သည်။