အသေးစိတ်အချက်အလက်များ

မုခ်ဦးအမည်
မြောက်ဘက်အာရုံခံမုခ်ဦးဆောင်
တည်နေရာ
မြောက်ဘက်မုခ်
Category
Four Adoration Halls | Places to visit
မြန်မာသက္ကရာဇ် ၁၂၅၆(၁၈၉၄) ခုနစ်တွင် ဆာဘိုးသာ + ဇနီး လေဒီသာ(ခ) ဒေါ်ရီမိသားစုမှ ဆောက်လုပ် လှူဒါန်းခဲ့သော တန်ဆောင်းဖြစ်ပါသည်။ မျက်နှာကြက်များနှင့်တိုင်လုံးများကို မှန်စီကြိုးခင်း ရွှေချထားပြီး အာရုံခံမုခ်ဦးအတွင်း၌ သစ်သားပန်းပုများကို ဗုဒ္ဓဝင်ဇာတ်ကွက်အလိုက် ဗုဒ္ဓမြတ်စွာဘုရားကို မာရ်နတ်သမီးတော်များ နှောက်ယှက်ခန်း၊ အာဠာဝက ဘီလူးချွတ်ခန်း၊ ဥမ္မာဒန္တီဇာတ်စသည်ဖြင့် စုံလင်စွာ ထုလုပ် တပ်ဆင်ထားသော အာရုံခံတန်ဆောင်းကြီး ဖြစ်ပါ သည်။ တန်ဆောင်းကြီးအတွင်း၌ ဂေါတမမြတ်စွာ ဘုရား ကိန်းဝပ်စံပယ်တော်မူပါသည်။ ၁၉၃၇ ခုနစ်တွင် မှန်စီရွှေချ တိုင်များပျက်စီး၍ ပြန်လည်ပြုပြင်ခဲ့ ပါသည်။ ၂၀၀၅ ခုနှစ် ထာဝရဘက်စုံ တည်ဆောက်ရေးလုပ်ငန်းတွင် မျက်နှာ ကြက်များ မှန်စီကြိုးခင်း ပြုပြင် ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် တန်ဆောင်းရှိ အလယ်ပြာဿဒ် ဘုံ ၂ ဆင့်ကျိုးကျခဲ့ခြင်းအား မူလလက်ရာမပျက် ပြန်လည် ပြုပြင်မွမ်းမံခဲ့ပါသည်။