အသေးစိတ်အချက်အလက်များ
တန်ဆောင်းအမည်
ဦးညိုတန်ဆောင်း
တည်နေရာ
အရှေ့ဘက်မုခ် အာရုံခံတန်ဆောင်းအနီး
Category
ဇရပ်တန်ဆောင်းများ | ဖူးမြော်ရန်နေရာများ
၁၉၃၅ ခုနှစ်တွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း လူကြီးများဖြစ်ကြသော ဦးသိမ်းမောင်၊ ဦးဘကျော်၊ ဦးသင်၊ ဦးဘိုးဗြော့၊ ဦးဘသော်၊ ဦးဘိုးစော၊ ဦးညွန့်တို့လက်ထက်တွင် သူကောင်းပြုမြို့ဝန် မြေပိုင်ရှင် ဒေါက်တာဦးညို+ ဇနီးဒေါ်ညွန့်တို့မှ ခံ့ညားထည်ဝါခိုင်ခံ့သော တန်ဆောင်းဆောက်လုပ်ရန် လျှောက်ထားခဲ့ရာ ခွင့်ပြုချက်ရသဖြင့် ပြင်ဆင်လှူဒါန်းခဲ့ပါသည်။ ရွှေတိဂုံစေတီတော် စည်းမျဉ်းစည်းကမ်းအရ စပေါ်ငွေကျပ် ၂၀၀၀/- တင်သွင်းခဲ့ပါသည်။ ပန္နက်ရိုက်ရက်မှာ ၁၂၉၉ခု၊ နတ်တော်လဆန်း ၁၁ရက် ဖြစ်ပါသည်။ တန်ဆောင်းဒါယကာ ဒေါက်တာဦးညို ကွယ်လွန် သော်လည်း ဇနီးဖြစ်သူဒေါ်ညွန့်ကပင် ဆက်လက်ထိန်းသိမ်း ပြုပြင်မွမ်းမံခဲ့သည်မှာ ၁၉၆၇ ခုနှစ်တိုင်ဖြစ်ပါသည်။ တန်ဆောင်းအတွင်း၌ ဗုဒ္ဓဝင်ရုပ်ကြွပန်းချီကား ၂၀ ချပ်ရှိပါသည်။
၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် တန်ဆောင်း၏ ထုပိကာများကျိုးကျခဲ့ခြင်းအား မူလလက်ရာမပျက် ပြန်လည်ပြုပြင် မွမ်းမံခဲ့ရာ ငွေကျပ် ၉၆ သိန်း ကျော်ကုန်ကျခဲ့ပါသည်။ ယခုအခါ ရွှေခေါင်းလောင်းကြီး ဗုဒ္ဓဝေယျာဝစ္စ အသင်းနှင့် မေတ္တာပါရမီအသင်းတို့တည်ရာ တန်ဆောင်းဖြစ်သည်။