ဘုရားဖူးလမ်းညွှန်
ရွှေတိဂုံစေတီတော် ရင်ပြင် လမ်းညွန်မြေပုံ
မြေပုံပေါ်ရှိ နံပါတ်များပေါ်သို့ နှိပ်၍သော်လည်းကောင်း၊ ဘုရားတစ်ဆူခြင်းစီ၏ အမည်များကို နှိပ်၍သော်လည်းကောင်း အကြောင်းအရာတစ်ခုချင်းလိုက် အသေးစိတ် ဖတ်ရှုလေ့လာနိုင်ပါသည်။
ဘုရားဖူးလမ်းညွှန်
ကကုသန္ဓမြတ်စွာဘုရား
ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အာရုံခံတန်ဆောင်းတော်ကြီးအတွင်းရှိ ဂန္ဓကုဋီတိုက်တွင် သီတင်းသုံးတော်မူသော ကကုသန္ဓမြတ်စွာဘုရားသည် ရွှေ၊ ငွေ၊ ကြေး၊ ခဲ၊ သံ သတ္တုငါးမျိုးတို့ဖြင့် ပေါင်းစပ်သွန်းလုပ်ထားသော ပဉ္စလောဟာ ရုပ်ပွားတော်ဖြစ်သည်။
ထိုရုပ်ပွားတော်ကို ကုန်းဘောင်မင်းဆက်ဘုရင်တစ်ပါးဖြစ်သော စဥ့်ကူးမင်းက ကောဇာသက္ကရာဇ် ၁၁၄၀ ခုနှစ်တွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ဆက်လက်ဖတ်ရှုရန်
ကောဏဂမနမြတ်စွာဘုရား
ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် အာရုံခံတန်ဆောင်းတော်ကြီးအတွင်းရှိ ဂန္ဓကုဋီတိုက်တွင် သီတင်းသုံးတော်မူသော ကောဏဂမနမြတ်စွာဘုရားသည် ရွှေ၊ ငွေ၊ ကြေး၊ ခဲ၊ သံ သတ္တုငါးမျိုးတို့ဖြင့် ပေါင်းစပ်သွန်းလုပ်ထားသော ပဉ္စလောဟာ ရုပ်ပွားတော်ဖြစ်သည်။
ဆက်လက်ဖတ်ရှုရန်
ကဿပမြတ်စွာဘုရား
ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်အာရုံခံတန်ဆောင်းတော်ကြီးအတွင်း သီတင်းသုံးတော်မူလျက်ရှိသော ကဿပမြတ်စွာဘုရားရုပ်ပွားတော်သည် ၁၉၃၁ ခုနှစ် မတ်လ ၆ ရက် မတိုင်မီအထိ ပဉ္စလောဟာ ဘူမိဖဿအမျိုးအစားဖြစ်သော်လည်း ထိုနေ့တွင် ရွှေတိဂုံစေတီတော် အနောက်ဘက်စောင်းတန်းတော်ကြီး မီးသင့်ရာ၌ ဂန္ဓကုဋီတိုက်အတွင်းရှိ ရုပ်ပွားတော်ပါ မီးထဲပါသွားသဖြင့် “ကျောက်ဆင်းတု” ရုပ်ပွားတော်အသစ်ထုလုပ်၍ ဂန္ဓကုဋီတိုက်အသစ်တွင် ထည့်သွင်းကာ ပူဇော်ထားရှိခဲ့သည်။
ဆက်လက်ဖတ်ရှုရန်
ဂေါတမမြတ်စွာဘုရား
ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်အာရုံခံတန်ဆောင်းတော်ကြီးအတွင်းရှိ ဂန္ဓကုဋီတိုက်တွင် သီတင်းသုံးတော်မူသော ဂေါတမမြတ်စွာဘုရားသည် ရွှေ၊ ငွေ၊ ကြေး၊ ခဲ၊ သံ သတ္တုငါးမျိုးတို့ဖြင့် ပေါင်းစပ်သွန်းလုပ်ထားသော ပဉ္စလောဟာ ရုပ်ပွားတော်ဖြစ်သည်။
ထိုရုပ်ပွားတော်ကို ကုန်းဘောင်မင်းဆက်တစ်ပါးဖြစ်သော စဥ့်ကူးမင်းက ကောဇာသက္ကရာဇ် ၁၁၄၀ ခုနှစ်တွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ဆက်လက်ဖတ်ရှုရန်
ပတ္တမြားမျက်ရှင်ရုပ်ပွားတော်
ရွှေတိဂုံစေတီတော် အထက်ပစ္စယာရှိ တစ်ဆူတည်းသော ရုပ်ပွားတော်မြတ်ဖြစ်သည်။ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်ကို မြန်မာသက္ကရာဇ် ၁၁၅၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊ တနင်္ဂနွေနေ့ (၁.၁၀.၁၇၉၂)ရက်နေ့တွင် ထွက်ရပ်ပေါက်ဝိဇ္ဇာ ဘိုးဘိုးအောင်က တည်ခဲ့သည်ဟုဆိုသည်။
ဆက်လက်ဖတ်ရှုရန်
ဦးညို တန်ဆောင်း
၁၉၃၅ ခုနှစ်တွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း လူကြီးများဖြစ်ကြသော ဦးသိမ်းမောင်၊ ဦးဘကျော်၊ ဦးသင်၊ ဦးဘိုးဗြော့၊ ဦးဘသော်၊ ဦးဘိုးစော၊ ဦးညွန့်တို့လက်ထက်တွင် သူကောင်းပြုမြို့ဝန် မြေပိုင်ရှင် ဒေါက်တာဦးညို+ ဇနီးဒေါ်ညွန့်တို့မှ ခံ့ညားထည်ဝါခိုင်ခံ့သော တန်ဆောင်းဆောက်လုပ်ရန် လျှောက်ထားခဲ့ရာ ခွင့်ပြုချက်ရသဖြင့် ပြင်ဆင်လှူဒါန်းခဲ့ပါသည်။ ဆက်လက်ဖတ်ရှုရန်
ပိတုန်းပဒိုင်းမုနိဘုရား
စတုသစ္စာတန်ဆောင်းအတွင်း၌ ပိတုန်းပဒိုင်းမုနိဘုရားရှိပါသည်။ မုနိဘုရားဘေးဘက်ဝဲယာတွင် ပိတုန်းရုပ်တစ်ခုစီ ရှိပါသည်။ အတိုက်အခံ၊ ရန်အနှောင့်အယှက်၊ သူခိုး၊ ဓားပြဘေး၊ အမှုပြဿနာများစသည့် ဘေးဥပါဒ်အန္တရာယ်တို့မှ ကင်းဝေးစေရန် ဆုတောင်းအဓိဋ္ဌာန်ပြုကြပါသည်။
ဆက်လက်ဖတ်ရှုရန်
အင်္ဂါထောင့် တံခွန်တိုင်
ရွှေတိဂုံစေတီတော် ရင်ပြင်တော် အင်္ဂါထောင့်ရှိ တံခွန်တိုင်သည် မြန်မာသက္ကရာဇ် ၁၂၈၆(၁၉၂၄)ခုနှစ်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ကျောင်းကြီးလမ်း၊ အိမ်အမှတ် (၂)၊ စာရေးကြီးဦးမှော် + ဇနီးဒေါ်လေးတို့မှ လှူဒါန်းထားခဲ့သည်ဟု ယခင်မှတ်တမ်းများအရ သိရှိရပါသည်။ ကလျာဏပါရမီတန်ဆောင်း (ဦးဘအေး+ဒေါ်စောတင်တန်ဆောင်း) နှင့်ကပ်လျက် မျက်နှာစာတွင်ရှိပြီး အုတ်စီတံခွန်တိုင် အမျိုးအစားဖြစ်သည်။ ဆက်လက်ဖတ်ရှုရန်
ပြဒါးရှင်ဘုရား
ပြဒါးရှင်ရုပ်ပွားတော်သည် ရွှေတိဂုံစေတီတော်ရင်ပြင် အင်္ဂါအရပ် အရှေ့ဘက်မုခ်၊ ဓါတ်လှေကားလျှောက်လမ်းထိပ် လက်ဝဲဘက်အနီးတွင် ရှိသည်။ ရင်ပြင်တော်ပေါ်ရှိ ကြေးသွန်းရုပ်ပွားတော်များအနက် အချိုးအဆစ် ပြေပြစ်၍ မင်းမြောက်တန်ဆာ မကိုဋ်စလွယ်များဖြင့် သပ္ပါယ်ကြည်ညို ဖွယ်ကောင်းစွာ ဖူးတွေ့ရသည့် ရုပ်ပွားတော် တစ်ဆူဖြစ်သည်။ ဆက်လက်ဖတ်ရှုရန်
နဝလောဟရတနာပါဒစေတီ (ဗုဒ္ဓခြေတော်ရာ) နှစ်ဆူ
ရွှေတိဂုံစေတီတော်၊ အင်္ဂါထောင့်ရှိ ဗောဓိမဏ္ဍိုင်တန်ဆောင်းအတွင်း၌ ၁၉၄၈ ခုနှစ်ခန့်က တည်ထားပူဇော်ထားသော စကျင်ကျောက်သားဗုဒ္ဓခြေတော်ရာနှစ်ဆူမှာ ပျက်စီးယိုယွင်းနေသောကြောင့် ကြေးဗုဒ္ဓခြေတော်ရာနှစ်ဆူ သွန်းလုပ်ရန် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ ဩဝါဒါစရိယဆရာတော်ကြီးများ ဖြစ်ကြသော ဆက်လက်ဖတ်ရှုရန်
ဗောဓိညောင်ပင်များ
ရွှေတိဂုံစေတီတော်ရင်ပြင်တွင် သမိုင်းရေးရာအချက်အလက် ခိုင်လုံသော ဗောဓိညောင်ပင် လေးပင်ကို တနင်္ဂနွေအရပ်၊ အင်္ဂါအရပ်၊ စနေအရပ်နှင့် ရာဟုအရပ်တို့တွင် စနစ်တကျ စိုက်ပျိုးထားသည်။
(၁) တနင်္ဂနွေအရပ်ရှိ ဗောဓိညောင်ပင်ကို ကောဇာသက္ကရာဇ် ၁၃၄၅ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့ ၂ က ပင့်ဆောင်ပြီး စိုက်ပျိုးသည့်နေ့မှာ ၁၃၄၅ ဝါဆိုလဆန်း ၁၁ရက် နံနက် ၉နာရီဖြစ်သည်။
ဆက်လက်ဖတ်ရှုရန်
ဗောဓိညောင်ပင်များ
ရွှေတိဂုံစေတီတော်ရင်ပြင်တွင် သမိုင်းရေးရာအချက်အလက် ခိုင်လုံသော ဗောဓိညောင်ပင် လေးပင်ကို တနင်္ဂနွေအရပ်၊ အင်္ဂါအရပ်၊ စနေအရပ်နှင့် ရာဟုအရပ်တို့တွင် စနစ်တကျ စိုက်ပျိုးထားသည်။
(၁) တနင်္ဂနွေအရပ်ရှိ ဗောဓိညောင်ပင်ကို ကောဇာသက္ကရာဇ် ၁၃၄၅ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့ ၂ က ပင့်ဆောင်ပြီး စိုက်ပျိုးသည့်နေ့မှာ ၁၃၄၅ ဝါဆိုလဆန်း ၁၁ရက် နံနက် ၉နာရီဖြစ်သည်။
ဆက်လက်ဖတ်ရှုရန်
ဗောဓိညောင်ပင်များ
ရွှေတိဂုံစေတီတော်ရင်ပြင်တွင် သမိုင်းရေးရာအချက်အလက် ခိုင်လုံသော ဗောဓိညောင်ပင် လေးပင်ကို တနင်္ဂနွေအရပ်၊ အင်္ဂါအရပ်၊ စနေအရပ်နှင့် ရာဟုအရပ်တို့တွင် စနစ်တကျ စိုက်ပျိုးထားသည်။
(၁) တနင်္ဂနွေအရပ်ရှိ ဗောဓိညောင်ပင်ကို ကောဇာသက္ကရာဇ် ၁၃၄၅ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့ ၂ က ပင့်ဆောင်ပြီး စိုက်ပျိုးသည့်နေ့မှာ ၁၃၄၅ ဝါဆိုလဆန်း ၁၁ရက် နံနက် ၉နာရီဖြစ်သည်။
ဆက်လက်ဖတ်ရှုရန်
ဗောဓိညောင်ပင်များ
ရွှေတိဂုံစေတီတော်ရင်ပြင်တွင် သမိုင်းရေးရာအချက်အလက် ခိုင်လုံသော ဗောဓိညောင်ပင် လေးပင်ကို တနင်္ဂနွေအရပ်၊ အင်္ဂါအရပ်၊ စနေအရပ်နှင့် ရာဟုအရပ်တို့တွင် စနစ်တကျ စိုက်ပျိုးထားသည်။
(၁) တနင်္ဂနွေအရပ်ရှိ ဗောဓိညောင်ပင်ကို ကောဇာသက္ကရာဇ် ၁၃၄၅ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့ ၂ က ပင့်ဆောင်ပြီး စိုက်ပျိုးသည့်နေ့မှာ ၁၃၄၅ ဝါဆိုလဆန်း ၁၁ရက် နံနက် ၉နာရီဖြစ်သည်။
ဆက်လက်ဖတ်ရှုရန်
ဗောဓိညောင်ပင်များ
ရွှေတိဂုံစေတီတော်ရင်ပြင်တွင် သမိုင်းရေးရာအချက်အလက် ခိုင်လုံသော ဗောဓိညောင်ပင် လေးပင်ကို တနင်္ဂနွေအရပ်၊ အင်္ဂါအရပ်၊ စနေအရပ်နှင့် ရာဟုအရပ်တို့တွင် စနစ်တကျ စိုက်ပျိုးထားသည်။
(၁) တနင်္ဂနွေအရပ်ရှိ ဗောဓိညောင်ပင်ကို ကောဇာသက္ကရာဇ် ၁၃၄၅ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့ ၂ က ပင့်ဆောင်ပြီး စိုက်ပျိုးသည့်နေ့မှာ ၁၃၄၅ ဝါဆိုလဆန်း ၁၁ရက် နံနက် ၉နာရီဖြစ်သည်။
ဆက်လက်ဖတ်ရှုရန်
ဗောဓိညောင်ပင်များ
ရွှေတိဂုံစေတီတော်ရင်ပြင်တွင် သမိုင်းရေးရာအချက်အလက် ခိုင်လုံသော ဗောဓိညောင်ပင် လေးပင်ကို တနင်္ဂနွေအရပ်၊ အင်္ဂါအရပ်၊ စနေအရပ်နှင့် ရာဟုအရပ်တို့တွင် စနစ်တကျ စိုက်ပျိုးထားသည်။
(၁) တနင်္ဂနွေအရပ်ရှိ ဗောဓိညောင်ပင်ကို ကောဇာသက္ကရာဇ် ၁၃၄၅ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဂါယာဘုရားဖူးအဖွဲ့ ၂ က ပင့်ဆောင်ပြီး စိုက်ပျိုးသည့်နေ့မှာ ၁၃၄၅ ဝါဆိုလဆန်း ၁၁ရက် နံနက် ၉နာရီဖြစ်သည်။
ဆက်လက်ဖတ်ရှုရန်
ဗြဟ္မာသားပိုက်ရုပ်တု
ဗြဟ္မာသားပိုက်ရုပ်တုသည် ရွှေတိဂုံစေတီတော်ရင်ပြင် အင်္ဂါထောင့်ဂြိုဟ်တိုင်အနီး၊ ဆီမီးခုံစေတီ-၇၃ အဝင်တိုင်တွင် ရှိသည်။
ဗြဟ္မာမင်းက ယောက်ျားကလေးငယ်ကို လက်တွင်ချီပွေ့ထားသဖြင့် ဗြဟ္မာသားပိုက်ရုပ်ဟု ခေါ်သည်။
သားယောကျာ်းလေးလိုချင်သော ဇနီးမောင်နှံသည် ဗြဟ္မာသားပိုက် ရုပ်တွင်လာ၍ ဆုတောင်းလျှင် ဆုတောင်းပြည့်သည်ဟုဆိုသည်။ ဆက်လက်ဖတ်ရှုရန်
ရွှေစေတီ
ရွှေအလေးချိန် ၂၆၆၇.၆၈ ကျပ်သားဖြင့် ပူဇော်သွန်းလုပ်သော ရွှေစေတီကို ရွှေတိဂုံစေတီတော် အင်္ဂါထောင့်နှင့် ဗုဒ္ဓဟူးထောင့်ကြားရှိ ဦးစံချိန်တန်ဆောင်းအတွင်း ဖူးတွေ့နိုင်ပါသည်။ ရွှေစေတီကို ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ပုံစံတူအတိုင်း သွန်းလုပ်ပူဇော်ထားပြီး စေတီတော်မြတ်ကြီးအောက် အဆ ၉၀ ငယ်ပါသည်။ အချိုးအားဖြင့် (၁:၉၀) ဖြစ်ပါသည်။ ဆက်လက်ဖတ်ရှုရန်
ဧည့်ခံတန်ဆောင်း
၁၉၈၅ခုနှစ်တွင် ပန်းဆွဲအမှတ်(၁၆)ကို ပုံတူပြု၍ ဘုရားဖူးများ အနီးကပ်လေ့လာကြည်ညိုနိုင်စေရန် ပြုလုပ်တပ်ဆင်ခြင်းကြောင့် ရွှေပန်းဆွဲကြီးတန်ဆောင်းဟု ခေါ်တွင်ခဲ့ဖူးသည်။ ထို့နောက် ဂျပန်မတ်ရပ်ဘုရားကို ထိုတန်ဆောင်း၌ ပူဇော်ခံခဲ့သောကြောင့် ဂျပန်တန်ဆောင်းဟု ခေါ်တွင်ပြန်သည်။ ထိုတန်ဆောင်း၏ တိုင်များမှာ သံတိုင်များဖြစ်ပြီး ၁၉၀၃ခုနှစ်ဟု ရေးထိုးထားသည်။ ဆက်လက်ဖတ်ရှုရန်
ဆယ်တော်မူဘုရား
ဆယ်တော်မူဗုဒ္ဓရုပ်ပွားတော်သည် အင်္ဂါထောင့်အရပ် ဦးမောင်ကြီးတန်ဆောင်းအတွင်း သီတင်းသုံးတော်မူသည်။ တိုင်းရင်းဆေးဆရာကြီး ဆရာမြိုင်လှူဒါန်းသော ရုပ်ပွားတော်ဖြစ်သည်။
ယခင်က ဆယ်တော်မူရုပ်ပွားတော်သည် လက်ညှိုးတော်ရေကျဘုရားဘေးရှိ လူတစ်ကိုယ်စာဝင်ပေါက်မှ ခန္ဓာကိုယ်စောင်းဝင်ရသော နေရာတွင်ရှိသည်။
ဆက်လက်ဖတ်ရှုရန်
ရှေးဟောင်းတန်ဆောင်း (ဒေါ်မြတန်ဆောင်း)
ရွှေတိဂုံစေတီတော် ရင်ပြင်တော်တောင်ဘက် ဗုဒ္ဓဟူးထောင့်အနီးရှိ တန်ဆောင်းဖြစ်ပါသည်။ မြန်မာသက္ကရာဇ် ၁၃၂၆ (၁၉၆၄)ခုနှစ်တွင် ရန်ကုန်မြို့လွှတ်တော်ရှေ့နေကြီး Mr.B.A Masani၏ ဇနီးဒေါ်မြ ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ၁၉၉၇ ခုနှစ်တွင် မန္တလေးမှ လှူဒါန်းသော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များအား ကိန်းဝပ်စံပယ်သောကြောင့် ရှေးဟောင်းတန်ဆောင်းဟု အမည်တွင်သည်။
ဆက်လက်ဖတ်ရှုရန်
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး
၁၉၇၆ ခုနှစ်တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ဆောက်လုပ်ခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ ၁၉၉၅ ခုနှစ် ဘက်စုံပြုပြင်မွမ်းမံရေးအစီအစဉ်တွင် မြန်မာမှုသွပ်ပန်းများ တပ်ဆင်ခဲ့ပါသည်။ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးတွင် ဂေါပကအဖွဲ့ ပင်မအလှူခံကောင်တာကြီး၊ ရွှေနှင့်ရတနာဌာန၊ တာဝန်မှူးရုံးခန်း၊ အလှူရှင်များဧည့်ခန်းနှင့် စီမံအုပ်ချုပ်ရေးဌာနတို့ရှိပါသည်။ ဆက်လက်ဖတ်ရှုရန်
ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်
လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေထီးတော်သစ်တင်လှူပူဇော်ပွဲနှင့် ထူးကဲတိုက်ဆိုင်စွာ ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်မြတ်သည် ရဟန်းရှင်လူပြည်သူအပေါင်းတို့ ဖူးမြော်ကြည်ညိုနိုင်စေရန်အလို့ငှာ ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်သို့ ကြွရောက်တော်မူခဲ့ပါသည်။
မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းတွင် လွန်ခဲ့သော(၉)နှစ်ခန့်မှစတင်၍ ဆက်လက်ဖတ်ရှုရန်
နေလဗုဒ္ဓရုပ်ပွားတော်
နေလဗုဒ္ဓရုပ်ပွားတော်သည် ရွှေတိဂုံစေတီတော်ရင်ပြင် စနေအရပ်၊ နေလတန်ဆောင်းအတွင်းရှိ ဂန္ဓကုဋိတိုက်အတွင်း သီတင်းသုံးတော်မူသည်။
နေလရုပ်ပွားတော် ဂန္ဓကုဋိတိုက်ရှေ့ရှိ နေစကြာအဝိုင်းအတွင်းရှိ ဒေါင်းရုပ်၊ လစကြာအဝိုင်းအတွင်းရှိ ယုန်ရုပ်နှင့်နဂါးနှစ်ကောင်ကို ဘိုးတော်များခေတ်ကောင်းစဉ်က ဘိုးတော်တင်အေးဆိုသူက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆက်လက်ဖတ်ရှုရန်
ဝိဇ္ဇာဇော်ဂျီဘုရား
ရွှေတိဂုံစေတီတော်ရင်ပြင် အနောက်ဘက်မုခ်နှင့် တောင်ဘက်မုခ်ကြား စနေဂြိုဟ်တိုင်ထောင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ စေတီငယ်ပေါ်တွင် ဇော်ဂျီရုပ်တုများ တွေ့ရှိရပြီး ၎င်းဘုရားကို ဝိဇ္ဇာဇော်ဂျီတို့က လောကီပညာရပ်အစီအမံတို့ဖြင့် ပြုလုပ်၍ တည်ထားကိုးကွယ်ခဲ့သည်ဟု ဆိုကြသည်။ ဆက်လက်ဖတ်ရှုရန်
ရန်ကုန်ကျောင်းသားများသပိတ်ကျောက်စာ
ဤနေရာကား မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၈)ရက်နေ့က ရန်ကုန်ကောလိပ်ကျောင်းသားကြီး (၁၁)ဦးတို့ တွေ့ဆုံ၍ ရန်ကုန်ယူနီဘာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာအဓိဋ္ဌာန်ပြုသောနေရာပေတည်း။ ကျောင်းသားကြီး (၁၁)ဦး၏ အမည်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် –
ဆက်လက်ဖတ်ရှုရန်
ဘိုးတော်သိကြားရုပ်တု
သိကြားမင်းနှင့် မယ်လမုရုပ်တုကို ရွှေတိဂုံစေတီတော် အထက်ပစ္စယာ စနေထောင့်နှင့် ကြာသပတေးထောင့်ကြားရှိ ပစ္စယာဒုရင်၌ မြင်တွေ့နိုင်သည်။
သိကြားမင်းနှင့် မယ်လမုတို့သည် ရွှေတိဂုံစေတီတော် ဘုရားဒါယကာ ဥက္ကလာပမင်းကြီး၏ ခမည်းတော်နှင့် မယ်တော်တို့ဖြစ်ပြီး၊ ရွှေတိဂုံစေတီတော် တည်ရာတွင် သိကြားမင်းက နတ်အပေါင်း ခြံရံပြီး အကူအညီပေးခဲ့ကြောင်း ရွှေတိဂုံစေတီတော် သမိုင်းကျမ်းဟောင်းများက ဆိုသည်။
ဆက်လက်ဖတ်ရှုရန်
ရွှေတိဂုံဘိုးဘိုးကြီး
ရွှေတိဂုံဘိုးဘိုးကြီးရုပ်တုသည် ဘိုးသိကြားမင်းရုပ်တုနှင့်အတူ ရင်ပြင်တော်အနောက်တောင် (စနေထောင့်)တွင် သီးခြားအဆောင်နှင့် ရှိသည်။ ဘိုးဘိုးကြီးမှာ အမြိဿ (ခေါ် ) မှော်ဘီနတ်ကြီးပင် ဖြစ်သည်။ သူသည် ကမ္ဘာတည်သရွေ့ပတ်လုံး ဘုရားရှင်တို့၏ ဓါတ်တော် မွေတော်များကို စောင့်ရှောက်ရန် တာဝန်ရှိသည်။ ဆက်လက်ဖတ်ရှုရန်
ရခိုင်တန်ဆောင်း(ဦးဘထော်၊ ဦးဒိုးအောင် တန်ဆောင်း)
ရွှေတိဂုံစေတီတော် ရင်ပြင်တော် စနေထောင့်အနီးရှိ တန်ဆောင်းဖြစ်ပါသည်။ မြန်မာသက္ကရာဇ် ၁၂၇၂ (၁၉၁၁) ခုနှစ်တွင် ရခိုင်ပွဲစားကြီး ဦးဘထော်+ဒေါ်စို မိသားစုနှင့် ဦးဒိုးအောင်+ဒေါ်အိမ်စိုးမေ မိသားစုတို့က ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ထိုစဉ်က ရခိုင်တန်ဆောင်း တည်ဆောက်ရန်အတွက် အနောက်ပြည် ရခိုင်ကုန်သည်များထံမှ အလှူငွေများကို ဆက်လက်ဖတ်ရှုရန်
ဥက္ကလာပမင်းကြီးရုပ်တု
မဟာသက္ကရာဇ်၁၀၃ခုနှစ်၊ (BC-၆ဝဝခန့်)က၊ ရွှေတိဂုံစေတီတော်မြတ်ကြီးကို စတင်တည်ထားပူဇော်သော မူလဘုရားဒါယကာဖြစ်သည့် ဥက္ကလာပမင်းကြီး၏ ရုပ်တုတော်ကို စေတီတော်ကြီးပန်းတင်ခုံ (ပလ္လင်ခုံ)၏ စနေထောင့် စိန်တောင်တွင် ထုလုပ်ထားသည်။ ဆက်လက်ဖတ်ရှုရန်
ဗုဒ္ဓစွယ်တော်ပွား
ဗုဒ္ဓစွယ်တော်ပွားသည် ရွှေတိဂုံစေတီတော်ရင်ပြင် ကြာသပတေးနှင့် ရာဟုအရပ်ကြားရှိ ဦးစံချိန်တန်ဆောင်း (ယခင်စေတနာသမ္ဘာရ အသင်း) တည်ရှိရာ တန်ဆောင်းအတွင်း သီတင်းသုံးတော်မူသည်။
ဆက်လက်ဖတ်ရှုရန်
နဂါးရုံဘုရား
နဂါးရုံဘုရားသည် ရာဟုထောင့်နှင့် ကြာသပတေးထောင့် ရွှေတိဂုံစေတီတော် ပြတိုက်ပြခန်းရှေ့တွင် အနောက်ဘက်သို့ မျက်နှာတော်လှည့်၍ ပူဇော်ထုလုပ်ထားခြင်းဖြစ်၍ အများပြည်သူ (၇)ရက်သားသမီးများမှ လာရောက်ပူဇော်ရာတွင် ဆုတောင်းပြည့်သူများရှိသည်ဟု ရှေ့အစဉ်အဆက်ယုံကြည်မှုများဖြင့် ကိုးကွယ်ပူဇော်လျက် ရှိကြသည်။ ဆက်လက်ဖတ်ရှုရန်
ဗုဒ္ဓပြတိုက်
ရွှေတိဂုံစေတီတော်ရင်ပြင်ဗုဒ္ဓဟူးထောင့်အရပ်ရှိဧည့်ခံတန်ဆောင်းသည် မူလပထမပြတိုက်ဖြစ်သည်။ စေတီတော်ကြီးသို့ ခေတ်အဆက်ဆက်မှ လာရောက်လှူဒါန်းထားသော လက်ဝတ်ရတနာအထည်အမျိုးမျိုးမှ ရွှေရည်ကျို၍ ရွှေစင်၊ရွှေပြား မပြုလုပ်သင့်သည့် ရွှေထည်ပစ္စည်းများ၊ မြန်မာမှုအနုပညာလက်ရာပစ္စည်းများနှင့် ဆက်လက်ဖတ်ရှုရန်
စဉ့်ကူးမင်းခေါင်းလောင်း
စဥ့်ကူးမင်းခေါင်းလောင်းသည် ရွှေတိဂုံစေတီတော် ရာဟုထောင့်တွင် ရှိသည်။ စဥ့်ကူးမင်းခေါင်းလောင်းကို ရွှေ၊ ငွေ၊ ကြေး၊ ခဲ၊ သံ သတ္ထုငါးမျိုးဖြင့် ပေါင်းစပ်သွန်းလုပ်ထားသည်။ ပဉ္စလောဟာ ငါးမျိုးစပ် ခေါင်းလောင်းဖြစ်သည်။
သာယာဝတီမင်းက စတင်သွန်းလောင်းခဲ့သော်လည်း ခေါင်းလောင်းမပြီးမီ နတ်ရွာစံသဖြင့် သားတော်စဥ့်ကူးမင်းက ဆက်လက်သွန်းလုပ်စေခဲ့ပြီး ၁၇၇၈ခုနှစ်တွင် ရွှေတိဂုံစေတီတော်သို့ ကပ်လှူခဲ့သည်။
အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသောအခါ စဥ့်ကူးမင်းခေါင်းလောင်းကို အင်္ဂလန်သို့ သယ်ယူရာ ရန်ကုန်မြစ်ထဲ ပြုတ်ကျသော်လည်း ပြန်ဆယ်၍မရပဲ ခေါင်းလောင်းဆုံးရှုံးခဲ့သည်။ မြန်မာတို့က မြန်မာ့နည်း မြန့်မာဟန်ဖြင့် ပြန်လည်ဆယ်ယူရာရရှိပြီး ၁၈၂၆ခုနှစ် ယခုတန်ဆောင်း နေရာတွင် ထားလိုက်သည်။ စဥ့်ကူးမင်းခေါင်းလောင်းထားသော တန်ဆောင်း၏ မူလအလှူရှင်မှာ ဦးဘိုးကြီး+ဒေါ်ကြီး ဖြစ်သည်။
အလေးချိန် – ၁၅၅၅၅ ပိဿာ ( ၂၄ )တန်
အကျယ် – ၆ ပေ ၉ လက်မ
အမြင့် – ၇ ပေ ၈ လက်မ ရှိသည်။
ရှင်စောပုဘုရား
ရှင်စောပုဗုဒ္ဓရုပ်ပွားတော်သည် ရွှေတိဂုံစေတီတော်ရင်ပြင်ရာဟုအရပ်ရှိ ချမ်းသာကြီးရုပ်ပွားတော်မြတ် သီတင်းသုံးရာ တန်ဆောင်းဘေးရှိ စကားဝါပင်ကြီးရှေ့ ဂန္ဓကုဋိတိုက်တွင် သီတင်းသုံးတော်မူသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဘက်ပေါင်းစုံတိုးတက်အောင် ဆောင်ရွက်ခဲ့သော ဟံသာဝတီဘုရင်မကြီးရှင်စောပု လှူဒါန်းခဲ့သော ရုပ်ပွားတော်ဖြစ်၍ “ရှင်စောပုဘုရား”ဟု ခေါ်သည်။ “ဘားလေးဘား” ဘုရားဟုလည်း လူသိများသည်။
ချမ်းသာကြီးဘုရား
ချမ်းသာကြီးဗုဒ္ဓရုပ်ပွားတော်သည် ရွှေတိဂုံရင်ပြင်တော် ရာဟုအရပ် အောင်မြေအနီးရှိ ၁၈၈၂ ခုနှစ်တွင် ဦးစံထွန်း+ဒေါ်နှစ်တို့လှူဒါန်းခဲ့သော တန်ဆောင်းအတွင်း သီတင်းသုံးတော်မူသည်။ ချမ်းသာကြီးဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပန်းပုဆရာကြီး ဆရာဉာဏ်က ထုလုပ်ခဲ့သည်။ ယခင်က နေပူခံဘုရားကြီးဟု ခေါ်ဝေါ်ခဲ့ကြသည်။
ချမ်းသာကြီးဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် ပေ ၃၀ ကျော်ရှိပြီး ရွှေတိဂုံစေတီတော်ရှိ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးနှင့် အရွယ်အစားအကြီးဆုံး ရုပ်ပွားတော်မြတ်ကြီး ဖြစ်သည်။
အောင်မြေနေရာ
စေတီတော်ကြီး၏ ရာဟုထောင့်တွင် အောင်မြေနေရာ ရှိပါသည်။ အပေါ်စီးမှကြည့်လျှင် ပန်းကြာပွင့်ပုံစံ တွေ့မြင်ရပြီး အောင်မြေဧရိယာကို ရင်ပြင်တော်အထက် အနည်းငယ်မြှင့်ထားသည်။ အောင်မြေမျက်နှာမူရာအရပ်သည် စေတီတော်ကြီးကို ရှင်းရှင်းကြီး ဖူးမြော်ရသောနေရာဖြစ်၍ စေတီတော်ကြီးနှင့် အလွန်လိုက်ဖက်သော နေရာဖြစ်ပါသည်။ အဓိဌာန်ဝင်၊ ပုတီးစိပ်သူများ ပြည့်နေသောနေရာ ဖြစ်ပါသည်။ ရွှေတိဂုံစေတီတော်တွင် အောင်မြေ(၃)နေရာရှိရာ
( ၁ ) တနင်္ဂနွေထောင့် ထီးတော်ပုံစေတီသုံးဆူရှိသည့်အနက် ဘိုးဘိုးအောင်ဂူဘုရားရှေ့ရှိ ထီးတော်ပုံ စေတီနေရာ
( ၂ ) အင်္ဂါထောင့်ရှိ တံခွန်တိုင်မြင့်မြင့်ကြီးအနီး စတုသစ္စာပါရမီအသင်းတန်ဆောင်းရှေ့နေရာ
( ၃ ) ရာဟုထောင့်အောင်မြေနေရာတို့ ဖြစ်ကြပါသည်။
ဓာတ်ပုံပြခန်း
မော်ကွန်းဓာတ်ပုံပြခန်းသည် ရွှေတိဂုံစေတီတော်မြောက်ဘက် ရင်ပြင်တော်နှင့်တစ်ဆက်တည်း အောင်မြေအနီးတွင် ရှိပါသည်။ မော်ကွန်းဓာတ်ပုံပြခန်းသည် ယခင် ရွှေတန်ဆောင်းအား ပြန်လည်ပြုပြင်မွမ်းမံ၍ ဓာတ်ပုံပြခန်းအဖြစ် ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။
ဓာတ်ပုံပြခန်းကြီးသည် ရွှေတိဂုံစေတီတော်ဆိုင်ရာ သမိုင်းမှတ်တမ်းများ၊ ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ထားခဲ့ကြပုံများကို အမှတ်ရနေစေရန် ဓာတ်ပုံမှတ်တမ်းများ ပြသထားသည့် ရွှေတိဂုံစေတီတော်ဆိုင်ရာ သမိုင်းပြခန်းတစ်ခု ဖြစ်ပါသည်။ ရွှေတိဂုံစေတီတော် ဝတ္တကမြေအတွင်း သာသနိကအဆောက်အဦများ ခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲမှု သမိုင်း ပုံရိပ်များ၊ မိမိတို့ မတွေ့မြင် မကြည်ညိုရသေးသော စေတီပုထိုးရုပ်ပွားတော်များကို ဓာတ်ပုံပြခန်းတွင် ဦးစွာလေ့လာကြည်ညိုပြီး ကိုယ်တိုင်သွားရောက် ဖူးမြော်နိုင်စေရန် စေတီတော်ကြီးအား မွန်မြတ်သော စေတနာ၊ သဒ္ဓါတရားများဖြင့် ရွှေ၊ ငွေ၊ ရတနာအဖြာဖြာတို့အား ဆက်ကပ်လှူဒါန်းခြင်းဖြင့် သာသနာတော်အား ချီးမြှောက်ထောက်ပံ့ကြပုံများကို လေ့လာနိုင်စေရန် ရည်ရွယ်၍ ရွှေတိဂုံစေတီတော် မော်ကွန်းဓာတ်ပုံပြခန်းကို ၂၀၀၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
ဓာတ်ပုံပြခန်းကြီး စတင်ဖွင့်လှစ်စဉ်က “ရွှေတိဂုံဝန်းကျင် – ရှုလေလျှင်”၊ “ထူးခြားထင်ရှား – သိဖွယ်များ”၊ “ယခင်ယခု – နှိုင်းယှဉ်ရှု”၊ “ရွှေတိဂုံတွင် ဘက်စုံပြုပြင်”၊ “ဦးခိုက်ပူဇော် – ရွှေထီးတော်” ဟူ၍ ကဏ္ဍ (၅) မျိုး ခွဲခြား၍ ဓါတ်ပုံပေါင်း ၃၃၇ ပုံ ပြသထားပါသည်။ နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ ဓာတ်ပုံများမှာ ဆေးရောင်ပျက်ပြယ်လာခြင်း၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဓာတ်ပုံအချို့မှာ ရေစိုပျက်စီးလာခဲ့ခြင်းတို့ကြောင့် မကြာမီ လုံးဝ ပျက်စီးသွားနိုင်သဖြင့် Fuji Film Corporation မှ ၎င်းဓာတ်ပုံများကို ခေတ်မီအဆင့်မြင့်နည်းပညာဖြင့် ပြင်ဆင်၍လည်းကောင်း၊ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လက်ရှိအခြေအနေတည်ရှိသော စေတီပုထိုး ရုပ်ပွားတော်များအား အရည်အသွေးကောင်းမွန်သည့်ဓာတ်ပုံများ ပြန်လည်ရိုက်ကူး၍လည်းကောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲခင်းကျင်းပြီး ၂၀၁၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ဒုတိယအကြိမ် ပြန်လည်ဖွင့်လှစ်၍ ဓာတ်ပုံပေါင်း ၂၆၀ ကျော် ပြသခဲ့ပါသည်။
၂၀၁၇ ခုနှစ်တွင် ဓာတ်ပုံပြခန်းကြီးအား တတိယအကြိမ် ပြုပြင်မွမ်းမံရာတွင် FUJI FILM Corporation မြန်မာပြည်ဌာနေ ကိုယ်စားလှယ် ဦးမြဇော်နှင့် ဓာတ်ပုံဦးသန်းဇော်တို့မှ ပြုပြင်မွမ်းမံ၍ ၉.၇.၂၀၁၇ နေ့တွင် အသစ် ပြန်လည်ပြသခဲ့ပါသည်။ ဓာတ်ပုံပေါင်း ၁၅၁ ပုံ ပြသထားပြီး Black and white (အဖြူ + အမဲ) နှင့် ဓာတ်ပုံ ၅၃ ပုံနှင့် Colour (ကာလာရောင်စုံ) ဓာတ်ပုံ ၈၉ ပုံ ပြသခဲ့ပါသည်။ အဝင် ဘယ်ဘက်ခြမ်းနံရံတွင် ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော ဘုရားလေးဆူနှင့် ပတ္တမြားမျက်ရှင်၊ ရာဇမုနိဆင်းတုတော်တို့၏ ပုံတော်ကြီးများ၊ အပြင်မျက်နှာစာတွင် ပတ္တမြားမျက်ရှင်ဘုရား၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား အနီးကပ် ဖူးမြော်ကြည်ညိုနိုင်စေရန် ပုံကြီးချဲ့ ပြသထားပါသည်။ ထို့အပြင် ရွှေချကြေးဆင်းတု ထိုင်တော်မူရုပ်ပွားတော်ကြီး ၃ ဆူနှင့် လျောင်းတော်မူ ၂ ဆူ၊ ကျောက်ဆင်းတု ၁ ဆူ၊ ကြေးဆင်းတုငယ် ၁ ဆူတို့အား ပူဇော်ဝတ်ပြုနိုင်ပါသည်။
ဓာတ်ပုံများကို သံဖရိန်ဘောင်များတွင်ကပ်၍ ချိတ်ဆွဲထားပြီး ကြည့်ရှုသူများ အဆင်ပြေစွာ ကြည့်ရှုနိုင်ရန် လိုင်း ၃ လိုင်းခွဲ၍ ပြသထားပါသည်။ ပထမအတန်းလိုင်းတွင် ရောင်စုံကာလာ ၄၂ ပုံနှင့် အဖြူအမဲ ၁၅ ပုံ ပြသထားရှိ၍ ဒုတိယအတန်းလိုင်းတွင် ရောင်စုံကာလာ ဓာတ်ပုံ ၄၇ ပုံကို ပြသထားပြီး၊ တတိယအတန်းလိုင်းတွင် ၁၉ ရာစုနှစ် ရွှေတိဂုံစေတီတော်ပုံရိပ်များ အဖြူအမဲ ၃၈ ပုံများကို ပြသထားပါသည်။
မော်ကွန်းဓာတ်ပုံပြခန်း အပြင်မျက်နှာစာတွင် ဓာတ်ပုံပြခန်း ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ပါဝင်လှူဒါန်း ကုသိုလ်ပြုကြသော ပညာရှင်၊ စေတနာရှင်၊ ကုသိုလ်ရှင်အပေါင်းတို့အား ရွှေတိဂုံစေတီတော်ကြီး၏ သမိုင်းတွင် မော်ကွန်းတင်ထားသည့် ကမ္ပည်းမော်ကွန်းကိုလည်း ထားရှိပါသည်။
ဓာတ်ပုံပြခန်းအား နံနက် ၀၇ ၀၀ မှ ည ၂၀ ၀၀ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပြသထားပါသည်။
ဆံတော်တွင်းတန်ဆောင်း
ဆံတော်တွင်းတန်ဆောင်းသည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ (BC-၆၀ဝ)ခန့်က ဘုရားရှင်ထံမှရရှိသော ဆံတော်များကို ဌာပနာ၍ ရွှေတိဂုံစေတီတော်ကို မတည်ဆောက်မီ ဆံတော်များကို ရေဖြင့်ဆေးကြောခဲ့သောတွင်းကို ဆံတော်တွင်းဟု ခေါ်ဆိုခဲ့သည်။ ထိုတွင်းကိုငုံ၍ အုတ်ပြာသာဒ် တည်ဆောက်ပြီး ထိုပြာသာဒ်ကိုငုံ၍ တန်ဆောင်းဆောက်လုပ်ခဲ့သောကြောင့် ဆံတော်တွင်းတန်ဆောင်းဟု ခေါ်ကြောင်းသိရသည်။
(အံ့ဖွယ်ကိုးပါးတွင်ပါဝင်သည့် အံ့ဖွယ်အမှတ်(၄)ဖြစ်ပါသည်)
ထီးတော်ရုံတန်ဆောင်း
ရွှေတိဂုံစေတီတော် ရင်ပြင်တော်အောင်မြေအနီးရှိ တန်ဆောင်းဖြစ်ပါသည်။ စတင်တည်ဆောက်ခဲ့သည့် ခုနှစ်မသိရှိရပါ။ ဒေါ်ဖွားဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ၂၈-၁၀-၁၈၇၁ရက်နေ့တွင် မင်းတုန်းမင်းကြီး တင်လှူသော ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ထီးတော်အသစ်အား ယာယီအပူဇော်ခံထားရှိခြင်း၊ ၁၉၉၉ ခုနှစ်ထီးတော် အသစ်တင်လှူစဉ်ကာလတွင် မင်းတုန်းမင်းကြီး၏ ကုသိုလ်တော် မူလထီးတော်ကြီးအား ယာယီထားရှိရာနေရာဖြစ်ခြင်းတို့ကြောင့် ထီးတော်ရုံတန်ဆောင်းဟု အမည်တွင်ပါသည်။ ယခင်က စေတိယင်္ဂဏပရိယတ္တိစာပြန်ပွဲ ကျင်းပသည့် စေတိယင်္ဂဏအသင်းတည်ရှိခဲ့ရာ တန်ဆောင်းဖြစ်သောကြောင့် စေတိယင်္ဂဏအသင်းတန်ဆောင်းဟုလည်း ခေါ်တွင်ပါသည်။
၂၀၀၈တွင် တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် တန်ဆောင်းရှိ ထုပိကာမှအထက် တွဲလဲကျခဲ့ခြင်းအား မူလလက်ရာမပျက် ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် ကြမ်းခင်းပေါလစ်တိုက်ခြင်း၊ ၂၀၁၉ ခုနှစ်တွင် တန်ဆောင်းအတွင်းရှိ ရုပ်ပွား၊ ပလ္လင်၊ တံကဲပန်းများနှင့် တိုင်ခါးစည်းများ ရွှေသင်္ကန်းတော်ကပ်လှူခြင်း၊ ၂၀၂၃ ခုနှစ်တွင် ဆေးသုတ်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ဗုဒ္ဓခြေတော်ရာ (မြောက်ဘက်မုခ်)
ဗုဒ္ဓခြေတော်ရာသည် သောကြာအရပ်၊ မုခ်ဦးတည့်တည့် လျှောက်လမ်းတွင်ရှိသည်။ ဗုဒ္ဓခြေတော်ရာ တန်ဆောင်းကို ဦးရွှေအောင်၊ ဒေါ်နုတို့က ဆောက်လုပ်လှူဒါန်းခဲ့ပြီး ဗုဒ္ဓခြေတော်ရာ ရှိသောကြောင့် ခြေတော်ရာတန်ဆောင်းဟု ခေါ်သည်။ ဗုဒ္ဓခြေတော်ရာသည် ဗုဒ္ဓကိုယ်စားကိုးကွယ်ရာ “ပါဒစေတီ” ဖြစ်သည်။
နဂါးကိုးကောင်ဘုရား
နဂါးကိုးကောင်ဘုရားသည် မြောက်ဘက်စောင်းတန်းအနီးရှိ ဝိဇ္ဇာတန်ဆောင်း၏ ဘေးဘက်အနောက်တွင် တည်ရှိပြီး ဘုရားအား အမှုအခင်းဖြစ်နေသူများ၊ စနေသားသမီးများ၊ နဂါးသိုက်အဆက်ရှိသူများ လာရောက်၍ နွားနို့နှင့်ပေါက်ပေါက်များ၊ ဆွမ်း၊ ရေချမ်းတို့ဖြင့် လာရောက်ပူဇော်ဆုတောင်းသူများ၊ ယုံကြည်သူများမှ ရှိခိုးပူဇော်မှုများကို တွေ့မြင်နိုင်ပါသည်။
ပြည်လုံးချမ်းသာဆုတောင်းပြည့်ဘုရား
ပြည်လုံးချမ်းသာဆုတောင်းပြည့်ဘုရားသည် ဝိဇ္ဇာတန်ဆောင်းအတွင်းတည်ရှိပြီး လာရောက်အဓိဋ္ဌာန်ပြုသူများ၊ ပုတီးစိပ်သူများနှင့် ပွဲများထိုး၍ ပူဇော်သူများဖြင့် ပြည့်လျက်ရှိကြပြီး ရုံးပိတ်ရက်များတွင် ပိုမိုများပြားလှပါသည်။ မြောက်ဘက်စောင်းတန်းမှ တက်လျှင် ဘယ်ဘက်ခြမ်း ဝိဇ္ဇာတန်ဆောင်းအတွင်း ရှိပါသည်။
လောကပါလယက္ခမယ်တော်ကြီး
လောကပါလမယ်တော်ကြီးရုပ်တုမှာ ရွှေတိဂုံစေတီမြောက်ဘက် စောင်းတန်းကြီး၏ မုခ်ဦးထိပ်တွင် ရှိသည်။ ဘုရင်မကြီးရှင်စောပုကဘုရားကို စောင့်ရှောက်ရန် လှူဒါန်းခဲ့သည်ဟု ဆိုကြသည်။ ဘုရင်မကြီးရှင်စောပု လှူစဉ်က ယက္ခရုပ်(၂)ရုပ် ဘယ်၊ ညာတစ်ရုပ်စီ လှူခဲ့သော်လည်း ညာဘက်မှ ရုပ်တုမှာ ပြိုသွား၍ ရုပ်တုနေရာသာ ကျန်ခဲ့သည်။
ယခုရှိသော လောကပါလ မယ်တော်ကြီးရုပ်တုမှာ ဂေါပကအဖွဲ့မှ ပြုပြင်ထားသော ရုပ်တုဖြစ်သည်။ ဆုတောင်းပြည့်သည်ဟူ၍ ကန်တော့ပွဲများ၊ ဒန်ပေါက်ထုပ်များနှင့် ဖယောင်းတိုင်၊ အမွှေးတိုင်များ လှူဒါန်းပြီး ဆုတောင်းကြသည်။ မိမိ မတရားနှိပ်စက်ခံရလျှင် (သို့မဟုတ်) ဘုရား၏ ဘဏ္ဍာတော် အဖျက်အဆီးခံရသော် တိုင်တည်၍ ရသည်။ အတော်အစွမ်း ထက်သည်ဟုဆိုကြ၏။
နောင်တော်ကြီးစေတီတော်
နောင်တော်ကြီးစေတီတော်သည် ရင်ပြင်တော်အရှေ့မြောက်အရပ်တွင် တည်ရှိပြီး ဉာဏ်တော်အမြင့် (၁၅၀) ပေ (၄၆) မီတာရှိပါသည်။ ဂေါတမဗုဒ္ဓဘုရားရှင်ထံမှ ရရှိသော ဆံတော်မြတ်ကို နောင်တော်ကြီးတဖုဿက ပင့်ဆောင်၍ တည်ထားပူဇော်ခြင်းကြောင့် နောင်တော်ကြီးစေတီဟု ခေါ်ဝေါ်ကြောင်း သိရပါသည်။
အလောင်းမင်းတရားကြီး၏ သားတော်ဒီပဲယင်းမင်း (ကန်တွင်းစည်းခုံဒါယကာနောင်တော်ကြီး) ခရစ်နှစ် (၁၇၆၀-၆၃)လက်ထက်တွင်လည်းကောင်း၊ ရွှေဘိုမင်း(ခေါ် )သာယာဝတီမင်း၏ နောင်တော်ဖြစ်သော ရတနာပူရစတုတ္ထမြို့တည် စစ်ကိုင်းမင်း ခရစ်နှစ်(၁၈၁၉-၃၈) လက်ထက်တွင်လည်းကောင်း ပြန်လည်ပြုပြင်မွမ်းမံခဲ့ပြီး၊ သက္ကရာဇ်(၁၂၃၇)ခုနှစ်တွင် ထီးတော်မှစ၍ ပြိုကျပျက်စီးခဲ့သဖြင့် မော်လမြိုင်မြို့၊ ကတိုးရွာ၊ မှိုင်းလုံးကြီးသစ်တောအုပ်မင်း ဦးမွန်ထော်၊ ဒေါ်ဖွား (ထီးတော်ရုံတန်ဆောင်းအမ)တို့က ထီးတော်၊ ငှက်မြတ်နားတော်တင်လှူခြင်း၊ အုတ်အင်္ဂတေမွမ်းမံခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ (၁၉၇၅) ခုနှစ်တွင် စေတီတော်ဂေါပကအဖွဲ့က ထီးတော်သစ်တင်လှူခဲ့သည်။
ခရစ်နှစ် (၂၀ဝ၀) ပြည့်နှစ်တွင် နိုင်ငံတော်မှ ဦးဆောင်၍ ဘက်စုံပြုပြင်မွမ်းမံပြီး ကိုယ်လုံးတော်ပြည့် ကြေးဘောင်ကြေးပြား ကပ်လှူပူဇော်ခဲ့သည်။
ရှင်မထီးဗုဒ္ဓဆင်းတုတော်
ရှင်မထီးဗုဒ္ဓဆင်းတုတော်သည် နောင်တော်ကြီးဘုရား၏ မြောက်ဘက်အာရုံခံတန်ဆောင်းတွင် တည်ရှိပါသည်။ အစွမ်းရှိဓါတ်လုံးရှင် တပသီရှင်မထီး၏ ရုပ်တုတော်ကို မိမိတို့၏ လိုအင်ဆန္ဒများ ပြည့်ဝစေရန် ရည်သန်၍ လာရောက်ပူဇော်ဆုတောင်းကြပါသည်။
(အံ့ဖွယ်ကိုးပါးတွင်ပါဝင်သည့်အံ့ဖွယ်အမှတ်(၇)ဖြစ်ပါသည်)
ဘိုးမင်းခေါင်ရုပ်တု
၁၉၈၃ ခုနှစ်အထိ ဘိုးမင်းခေါင်ရုပ်တုသည် ရင်ပြင်တော်အရှေ့ဘက် လေးတိုင်စင်တန်ဆောင်းအနီး ဆင်၊ ကျောက်ထီးဘုရားများရှိသော နေရာတွင် ရှိခဲ့ပါသည်။ ဘိုးမင်းခေါင်ရုပ်တုအား ရှိခိုးသောအခါ ရွှေတိဂုံစေတီတော်ကြီးအား နောက်ကျောပေး၍ ရှိခိုးနေရသောကြောင့် ဂေါပကအဖွဲ့က အလယ်ပစ္စယာသို့ ရွှေ့ခဲ့ပြီး ယခုလက်ရှိနေရာ တနင်္ဂနွေထောင့်သို့ ပြောင်းရွှေ့ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်မတိုင်မီ ဘိုးမင်းခေါင်ရုပ်တုသည် အမိုးအကာမရှိ ဟင်းလင်းပြင်တွင် ထားရှိသည်။ ၄ ပေအမြင့်ခန့် သံပန်းကာထားသည်။ ရှေ့တွင် ၄ လက်မအမြင့်ခန့် ကွပ်ပျစ်ခုံထားရှိသည်။
ဓမ္မစေတီကျောက်စာ
ဓမ္မစေတီကျောက်စာကို ရာမာဓိပတိဘွဲ့ခံ ဓမ္မစေတီမင်းကြီးက သက္ကရာဇ် ၈၄၇ (ခရစ်နှစ် ၁၄၈၅) တွင် မွန်၊ မြန်မာ၊ ပါဠိ သုံးဘာသာဖြင့် ရေးထိုးစိုက်ထူခဲ့သည်။ ကျောက်စာတွင် ဂေါတမဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူသည်မှ အစပြု၍ ဆံတော်မြတ်များကို ဌာပနာထားလျက် ရွှေတိဂုံစေတီတော် တည်ထားပူဇော်ပုံ၊ မင်းဘုရင်အဆက်ဆက်တို့ ထိန်းသိမ်းစောင့်ရှောက်ပုံတို့ကို ဓမ္မစေတီမင်း လက်ထက်အထိ ရေးထိုးထားသည်။
သက္ကရာဇ် ၁၂၄၁ (ခရစ်နှစ် ၁၈၈၀)တွင် တိမ်မြုပ်ပျောက်ကွယ်နေသော ယင်းဓမ္မစေတီကျောက်စာကို အင်္ဂလိပ်အစိုးရ ကျောက်စာဝန်ကြီး မစ္စတာဖိုးချမ်းမားက ရွှေတိဂုံစေတီတော် အရှေ့ဘက်အလယ်ပစ္စယာ၌ ပြန်လည်တူးဖော်တွေ့ရှိခဲ့ပြီး စနစ်တကျ ပြန်လည်စိုက်ထူခဲ့သည်။
သက္ကရာဇ် ၁၃၄၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (၃၀-၁၁-၁၉၈၂)တွင် ယင်းဓမ္မစေတီ ကျောက်စာ ၃ ချပ်ကို ဘုရားဖူးများ လွယ်ကူစွာလေ့လာဖတ်ရှုနိုင်စေရန် မူလတည်ရှိခဲ့သော အရှေ့ဘက် အလယ်ပစ္စယာမှ ရင်ပြင်တော်အရှေ့မြောက် (တနင်္ဂနွေထောင့်) လက်ရှိနေရာသို့ ပြောင်းရွှေ့ပြီး ကျောက်စာတိုက် ဆောက်လုပ်ခဲ့သည်။ ဖတ်ရွေ့ရသမျှကို မွန်၊ မြန်မာ၊ အင်္ဂလိပ်ဖြင့် ပြန်လည်ရေးသား ဖော်ပြထားသည်။
ရှင်အရဟံတန်ဆောင်း
နောင်တော်ကြီးစေတီ၏ အရှေ့ဘက်အာရုံခံတန်ဆောင်းဖြစ်သည်။ ၁၂၈၁-ခုနှစ်တွင် ဦးအန်+ဒေါ်ဖော့အူ မိသားစုတို့က ဆောက်လုပ်လှူဒါန်းပါသည်။ ယခင်က ရုပ်စုံတန်ဆောင်းဟု ရှေးလူကြီးများခေါ်ကြောင်းသိရပါသည်။ ထိုတန်ဆောင်း၏ ထူးခြားချက်မှာ လေးဘက်အုံးချထားသော ကုလားတဲပုံစံဖြစ်ပြီး အမိုးပေါ်တွင် မြန်မာအနုပညာ လက်ရာများလုံးဝမရှိပါ။ ၁၉၈၆-ခုနှစ်တွင် ထိုတန်ဆောင်းကို ဘုံအဆင့်ဆင့်ပါသော ပြာသာဒ်ဆောင်အဖြစ် ပြောင်းလဲပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ၁၉၉၉-ခုနှစ် ဘက်စုံစီမံကိန်းတွင် တန်ဆောင်းမှ မြန်မာအနုပညာဟန် အလွန်နည်းသော လင်းနို့တောင်ပန်းဆွဲများကို ဖြုတ်ပယ်၍ သစ်သားလင်းနို့တောင် တပ်ဆင်ခြင်း၊ အဆောက်အဦအပေါ်ပိုင်းကို ယွန်းဆောင်အဖြစ် ပြောင်းလဲတည်ဆောက်ပြီး သွပ်ပန်းတဉ်းပန်းများ တပ်ဆင်ခြင်း၊ အခင်းကျောက်ပြားခင်းခြင်းဖြင့် စနစ်တကျမွမ်းမံခဲ့ပါသည်။ ထိုတန်ဆောင်းပြုပြင်မှု ကုန်ကျစရိတ် ၄၈သိန်းကို မောင်ဝိတ်မိသားစုကုမ္ပဏီမှ လှူဒါန်းပါသည်။
ပခေါယှိဘုရား
တနင်္ဂနွေထောင့် နောင်တော်ကြီးစေတီအနီးတွင် ရှိသည်။ စေတီခြေရင်းမှာ ယက္ခရုပ်ဦးခေါင်းများ ရှိသည်။ ကန်တော့ပွဲတင်ခြင်း၊ အဓိဌာန်ဝင် ပုတီးစိပ်ခြင်းများ ပြုကြသည်။ ပခေါယှိအမည်ရှိ ရှမ်းဆရာကြီးတစ်ဦးနှင့် တပည့်များကောင်းမှုဖြစ်၏။ ပခေါယှိကို တရုတ်ဘိုးတော်တစ်ဦးဟုလည်း ဆိုကြ၏။
နောင်တော်ကြီးစေတီတော်အနီးရှိ တံခွန်တိုင်
ရွှေတိဂုံစေတီတော် ရင်ပြင်တော် အရှေ့မြောက်ဘက် နောင်တော်ကြီးစေတီအနီးရှိ တံခွန်တိုင်သည် ၁၃၂၃(၁၉၆၁)ခုနှစ်တွင် အင်းစိန်ခရိုင် ထန်းတပင်မြို့အပိုင် အလိမ်လည်ရေတွင်းကုန်းရွာနေ အမိဒေါ်အေးကို အမှူးထား၍ ဦးကုလားကြီး+ဒေါ်နှင်းလှ သားသမီးမြေးမြစ်များမှ လှူဒါန်းထားခဲ့ပါသည်။ နှစ် ၆၀ ကျော်သက်တမ်းရှိ တံခွန်တိုင်ဖြစ်ပါသည်။ ၎င်းတံခွန်တိုင်သည် ဦးဘရီတန်ဆောင်းနှင့် သာယာဝတီမင်းခေါင်းလောင်း တန်ဆောင်းတို့ ကွယ်နေ၍ ရင်ပြင်တော်ပေါ်တွင် အလွယ်တကူမမြင်နိုင်ပေ။ နောင်တော်ကြီးစေတီအနီးသို့ ရောက်မှသာ ၎င်းတံခွန်တိုင်ကို ထင်ရှားစွာ မြင်တွေ့နိုင်ပါသည်။ တံခွန်တိုင်သည် အုတ်စီတံခွန်တိုင် အမျိုးအစားဖြစ်ပြီး တံခွန်တိုင်ပတ်လည်ကို ကျောက်စိမ်းပြားများ ကပ်ထားသည်။ တံခွန်တိုင်ထိပ်တွင် စေတီငယ်တစ်ဆူရှိပြီး စေတီငယ်အောက် ကျောင်းဆောင်တွင် နောင်တော်ကြီးစေတီအား မျက်နှာမူထားသော ရှင်ဥပဂုတ္တရုပ်ပွားတော်ရှိသည်။ အောက်ခြေတွင် မုခ်ရှစ်ပေါက်ရှိပြီး ဗုဒ္ဓရုပ်ပွားတော် (၅)ဆူရှိသည်။
ရှင်အဇ္ဇဂေါဏဘုရား
နောင်တော်ကြီးဘုရား၏ တောင်ဘက်အာရုံခံတန်ဆောင်းတွင် ရှင်အဇ္ဇဂေါဏ၏ ရုပ်တုတော် တည်ရှိပါသည်။ ပုဂံခေတ်အခါ၌ မထေရ်မြတ်သည် ကြေးသတ္တုမှ ရွှေဖြစ်စေပြီး၊ လူအများအတွက် ရွှေမိုးငွေမိုး ရွာသွန်းပေးသည်ဟု ဆိုပါသည်။ ရုပ်တုတော်၏ထူးခြားချက်မှာ မျက်လုံးတော်များ အရွယ်ပမာဏ မတူညီခြင်းဖြစ်ပါသည်။ အကြောင်းရင်းမှာ မထေရ်မြတ်သည် မမြင်ရသော မျက်လုံးတော်များကို အံဖွယ်အစွမ်းဖြင့် ဆိတ်နှင့်နွားတို့၏ မျက်လုံးများဖြင့် အစားထိုးတပ်ဆင်ခဲ့သောကြောင့် ဟုဆိုကြပါသည်။ (အံ့ဖွယ်ကိုးပါးတွင် ပါဝင်သည့် အံ့ဖွယ်အမှတ်(၅)ဖြစ်ပါသည်)
ဘိုးဘိုးအောင်ဆုတောင်းပြည့်ဂူဘုရား
ရွှေတိဂုံစေတီတော် တနင်္ဂနွေအရပ်ဂြိုလ်တိုင်အနီးရှိ ကန္နားဈေးနှစ်ပြားတန်ဆောင်းအတွင်းရှိ ဂန္ဓကုဋီတိုက်တွင် သီတင်းသုံးတော်မူသည်။ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် ဘိုးဘိုးအောင်လှူခဲ့သော ရုပ်ပွားတော်ဖြစ်၍ ဘိုးဘိုးအောင်ဘုရားဟု ခေါ်ကြသည်။
ဘိုးဘိုးအောင်ဘုရား ဂန္ဓကုဋီတိုက်အောက်တွင် ရွှေတိဂုံစေတီတော် ဌာပနာတိုက်သို့ ဝင်ရောက်နိုင်သော အပေါက်ရှိ၍ ထိုအပေါက်ကို ပိတ်ကာ ဂန္ဓကုဋီတိုက်ကို အမြဲသော့ခတ်ထားသည်။
ပြည်တော်ပြန်ဘုရား
ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ပြည်တော်ပြန်ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူ ရှိပါသည်။ တစ်ဆူမှာ တနင်္ဂနွေထောင့်နှင့် ကျန်တစ်ဆူမှာ အင်္ဂါထောင့်တွင် ရှိပါသည်။
(၁) တနင်္ဂနွေထောင့်ရှိ ပြည်တော်ပြန်ရုပ်ပွားတော်မှာ ၁၂၆၉ တွင် ခနောင်တိုနေ ဦးသုခ+ဒေါ်မိ တို့လှူဒါန်းထားသော တန်ဆောင်း အတွင်း ရှိပါသည်။ တန်ဆောင်းသည် အုတ်ပြာသာဒ်ကိုငုံ၍ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ဗြိတိသျှကိုလိုနီခေတ်က တန်ဆောင်းအတွင်းမှ အင်္ဂလန်သို့ ယူဆောင်သွားရာမှ မြန်မာပြည်သို့ပြန်လည်ရောက်ရှိလာသဖြင့် ပြည်တော်ပြန်ဗုဒ္ဓရုပ်ပွားတော်အဖြစ် အမည်တွင်လာခြင်း ဖြစ်ပါသည်။
(၂) အင်္ဂါထောင့်ရှိ ပြည်တော်ပြန်ဗုဒ္ဓရုပ်ပွားတော်မှာ အညာဆန်သင်္ဘောပေါ်တွင် ထမင်းရောင်းသူ ဦးချိန်ကန်+ဒေါ်ကြည်တို့၏ ကောင်းမှုဖြစ်ပါသည်။
သာယာဝတီမင်းခေါင်းလောင်း
သာယာဝတီမင်းခေါင်းလောင်းသည် ရွှေတိဂုံစေတီတော် တနင်္ဂနွေအရပ်တွင် ရှိသည်။ သာယာဝတီမင်းသည် ရွှေတိဂုံစေတီတော်သို့ ၃-၁၀-၁၈၄၁ တွင် တက်ရောက် ဖူးမြော်သည်။ ရန်ကုန်တွင် စိုးစံရင်း ခေါင်းလောင်းကြီးကို သွန်းလောင်းစေသည်။
၂၂-၁-၁၈၄၂တွင် အမရပူရသို့ ပြန်ကြွသွားသော်လည်း ခေါင်းလောင်းကြီးကို လူယုံများဖြင့် ဆက်လက်သွန်းလောင်းစေသည်။
၁၉-၂-၁၈၄၃တွင် သာယာဝတီမင်းကိုယ်စား အသည်ဝန်မဟာစည်သူနှင့် ပန်းတဉ်းဝန်တို့က ရွှေတိဂုံစေတီတော်သို့ ကပ်လှူခဲ့သည်။
ဘွဲ့တော်အမည် – မဟာတိသဒ္ဒဃဏ္ဏ
အလေးချိန် – ၂၅၄၄၀ ပိဿာ (၄၂) တန်
အမြင့် – ၈ ပေ ၆ လက်မ
အကျယ် – ၇ ပေ ၈ လက်မ
ခေါင်းလောင်းတိုင်ရှိပဉ္စရူပအမြင့် – ၉ ပေ ၁ လက်မ
ထီးတော်စေတီ
ကောဇာသက္ကရာဇ် (၁၂၃၃)၊ ခရစ်နှစ် (၁၈၇၁)ခုနှစ်က မင်းတုန်းမင်းတရားကြီး တင်လှူခဲ့သော ထီးတော်ကြီးသည် ဟောင်းနွမ်းဆွေးမြေ့ပျက်စီးနေသောကြောင့် ရွှေတိဂုံစေတီတော် ထာဝရဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ရေးဦးစီးကော်မတီသည် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများထံ ဩဝါဒခံယူပြီး မြန်မာအင်ဂျင်နီယာပညာရှင်၊ ဗိသုကာပညာရှင်များ၏ပေါင်းစုအားဖြင့် ကောဇာသက္ကရာဇ် (၁၃၆၁)ခုနှစ်၊ ဦးတန်ခူးလပြည့်ကျော် (၄)ရက်၊ (၅)ရက်၊ (၆)ရက် (ခရစ်နှစ် ၁၉၉၉ခုနှစ်၊ ဧပြီလ ၄ ရက်၊ ၅ ရက်၊ ၆ ရက်)နေ့များတွင် ရွှေထီးတော်သစ် တင်လှူပူဇော်ခဲ့ပါသည်။
ရွှေတိဂုံစေတီတော်တွင် ထီးတော်သစ်တင်ပြီးသောအခါ မင်းတုန်းမင်းထီးတော်၏ အစိတ်အပိုင်းများအား မူလပုံသဏ္ဍာန်ပေါ်အောင် ပြန်လည်စုစည်းပြီး အများပြည်သူတို့ ဖူးမြော်ကြည်ညိုနိုင်ကြစေရန် မင်းတုန်းမင်း ထီးတော်စေတီကို တနင်္ဂနွေထောင့်တွင် တည်ဆောက်ခဲ့ကြသည်။ မင်းတုန်းမင်းထီးတော်ကြီးပါ ကြာကလပ်သည် ၀.၆ တန် လေးပါသည်။ ရွှေတိဂုံစေတီတော်ရှိ မူလကြာကလပ်တော်နှင့် ပုံစံတူအရွယ်တူ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။
မင်းတုန်းမင်းထီးတော်စေတီကို တည်ဆောက်ထားပုံမှာ ထီးတော်ကို အမြင့်တွင်ထားပြီး အဆောက်အဦကို စက်ဝိုင်းပုံ တည်ဆောက်ထားပါသည်။ ဝင်ပေါက်ကို အနောက်အရပ်၌ ပြုလုပ်ထားပြီး ဝင်ပေါက်သည် အရပ်လေးမျက်နှာတွင် ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူခဲ့ပြီးသော ဘုရားလေးဆူကို ပူဇော်ထားပါသည်။
ယင်းထီးတော်စေတီကို ကောဇာသက္ကရာဇ် (၁၃၆၁)ခုနှစ်၊ ကဆုန်လဆန်း (၅)ရက်၊ (၁၉၉၉ ခုနှစ်၊ ဧပြီလ ၁၉ ရက်)နေ့တွင် အုတ်မြစ်တော်စီ၍ စတင်တည်ဆောက်ခဲ့ရာ ၁၃၆၁ ခုနှစ်၊ နတ်တော်လပြည့် (၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်) နေ့တွင် ရွှေထီးတော် တင်လှူပြီးစီးသည်။
မင်းတုန်းမင်းထီးတော်စေတီဘေးတွင် အင်္ဂတေဖြင့် ပြုလုပ်ပူဇော်ထားသည့် မင်းတုန်းမင်း ထီးတော်ပုံစေတီနှင့် ဆင်ဖြူရှင်မင်းထီးတော်ပုံစေတီ နှစ်ဆူလည်းရှိသည်။
တနင်္ဂနွေထောင့် တံခွန်တိုင်
ရွှေတိဂုံစေတီတော် ရင်ပြင်တော်တနင်္ဂနွေထောင့် မင်းတုန်းမင်း ထီးတော်ပုံစေတီ အနောက်တောင်ဘက်ရှိ တံခွန်တိုင်သည် မြန်မာသက္ကရာဇ် ၁၂၄၁(၁၈၇၉)ခုနှစ်ခန့်တွင် စတင်လှူဒါန်းထားခဲ့ပြီး နှစ် ၁၄၄ ခန့်သက်တမ်းရှိ တံခွန်တိုင်ဖြစ်ပါသည်။ တံခွန်တိုင်သည် အုတ်စီတံခွန်တိုင် အမျိုးအစားဖြစ်ပါသည်။ တိုင်ထိပ်တွင် (၇)ဘုံဆင့်အုတ်ပြာသာဒ်ရှိသည်။ အောက်ခြေတွင် မုခ်ရှစ်ပေါက်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်(၈)ဆူရှိပါသည်။ ရင်ပြင်တော်ပေါ်ရှိ တံခွန်တိုင်အားလုံးတွင် အမြင့်ဆုံးဖြစ်ခြင်း၊ တိုင်လုံးနှင့်တိုင်အမြင့် အချိုးညီခြင်းတို့ကြောင့် ရှေးဟောင်းမှတ်တမ်းဝင်သော တံခွန်တိုင်ဖြစ်ပါသည်။
ဘိုးဘိုးအောင်ဆုတောင်းပြည့်ဘုရား (ပန်းပေါင်းရုပ်ပွားတော်)
ပထမံဘိုးဘိုးအောင်၏ကောင်းမှု ပန်းပေါင်းဆင်းတုတော် ကိန်းဝပ်စံပယ်တော်မူပြီး ဓမ္မစေတီဘုရားအခြေပြုရာစေတီတွင် ပုထိုးအမျိုးအစားဖြစ်ပြီး အထက်တွင်စေတီရှိ၍ အောက်တွင်လိုဏ်ဂူ ရှိပါသည်။ လိုဏ်ဂူအတွင်း တင်ပျဉ်ခွေရုပ်ပွားတော်တစ်ဆူရှိပါသည်။ ထိုရုပ်ပွားတော် မျက်နှာပြုရာ အနောက်အရပ် မုခ်ပေါက်ကို အမှီပြု၍ ၁၉၉၉ ခုနှစ် မတိုင်မီကပင် ယာယီတစ်ဖက်ရပ် အမိုးမိုးထားပါသည်။ ထိုရုပ်ပွားတော်ကို ဘိုးဘိုးအောင်တည်ထားသည်ဟု ယုံကြည်သူများက ဘိုးဘိုးအောင်ဘုရားဟု ခေါ်ဆိုခဲ့ကြပါသည်။
ဒေါ်ငွေဇင်တန်ဆောင်း
၁၃၁၂ ခုနှစ်တွင် တန်ဆောင်းအမ ဒေါ်ငွေဇင်က ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ထိုတန်ဆောင်းတွင် ရေကြည်တော်ဝတ်အသင်းကို အခြေပြုခွင့် ပေးထားသောကြောင့် ရေကြည်တော်ဝတ်အသင်းတန်ဆောင်းဟု လူသိများခဲ့ပါသည်။၁၉၉၅-၉၆ ခုနှစ် အရှေ့ဘက်စောင်းတန်း ပြုပြင်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းတွင် စောင်းတန်းအောက်ခြေ မြောက်ဘက် မြက်ခင်းပြင်မှ စေတီတော်ကြီးသို့တူရူ၍ ဖူးမြော်ပါက အဓိကမြင်ကွင်းနေရာရှိ ထိုတန်ဆောင်းမှာ တင့်တယ်မှုမရှိသောကြောင့် အရှေ့ဘက်စောင်းတန်း ပြုပြင်တည်ဆောက်ရေး ဆပ်ကော်မတီမှ ထိုတန်ဆောင်းကို မွမ်းမံခဲ့ပါသည်။
ပထမအဆင့်တန်ဆောင်းအရှေ့ဘက် နောက်ကျောမြင်ကွင်းတွင် မြန်မာမှုတပ်ဆင်ခြင်းများ ဆေးသုတ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ကုန်ကျငွေကျပ် (၂၇.၄)သိန်း ဖြစ်ပါသည်။ ၁၉၉၉-ခုနှစ် ဘက်စုံစီမံကိန်းတွင် တန်ဆောင်းမှ အကာအရံများ ဖြုတ်ပယ်ရှင်းလင်းခြင်း၊ အခင်းများပေါ်လစ်တင်ခြင်း၊ နောက်ကျောတွင် အကာအကွယ်ပြုလုပ်ထားသော အုတ်နံရံ ဖျက်သိမ်းပြီး ပျက်စီးနေသည့် ဆင်ဝင်ကွန်ကရစ်အမိုးကိုလည်း ကွန်ကရစ်အသစ် လောင်းခဲ့ပါသည်။ ကုန်ကျငွေကျပ်(၃၂.၂)သိန်းကို ဂေါပကအဖွဲ့မှ ကျခံပါသည်။
ကျား၊ ခြင်္သေ့ဘုရား
ဓမ္မစေတီတန်ဆောင်းအတွင်းရှိ ကျား၊ ခြင်္သေ့ရုပ်ပွားတော်များကို မြန်မာသက္ကရာဇ် ၈၄၇ ခုနှစ်တွင် ဓမ္မစေတီမင်းကြီးမှ လှူဒါန်းခဲ့ပါသည်။ ရုပ်ပွားတော်ရွယ်တူ သုံးဆူကို ပလ္လင်တစ်ခုတည်းတွင်ထားရှိပြီး ရုပ်ပွားတော်၏ အောက်ခြေတွင် ကျားနှင့် ခြင်္သေ့ရုပ်များ ထားရှိပါသည်။ ရုပ်ပွားတော်ဘေးတွင် ကျားနှင့်ခြင်္သေ့ရုပ်ရှိသဖြင့် “ခြင်္သေ့နှင့်ကျား နှစ်ပါးပေါင်းဖက်၊ မီးသုံးကြိမ်နာနာနှက်၊ တစ်ပါး နိဗ္ဗာန်တက်” ဟူသော အညွှန်းအတိုင်း အဂ္ဂိရတ်ထုံးကို သင်္ကေတပြုထားသည်ဟု အယူရှိကြပါသည်။ ဓမ္မစေတီမင်း၏ အဓိဌာန်အောင်မြေဟု ယုံကြည်ကာ အဓိဌာန်လာဝင်သူများ အောင်မြင်ကြသည်။
ဓမ္မစေတီဗုဒ္ဓဆင်းတုတော်
ဓမ္မစေတီဆင်းတုတော်သည် တနင်္လာအရပ်ရှိ မဟာရံတံတိုင်း အနီးတွင်ရှိသည်။ ဓမ္မစေတီမင်း လှူခဲ့သော ဗုဒ္ဓရုပ်ပွားတော်ဖြစ်၍ ဓမ္မစေတီဆင်းတုတော်ဟု ခေါ်သည်။ ဓမ္မစေတီမင်းသည် ဓမ္မစေတီဘုရားနှင့် ကျားခြင်္သေ့ဘုရားတို့ကို ဓမ္မစေတီခေါင်းလောင်းကြီး လှူသည့်နှစ် ကောဇာသက္ကရာဇ် ၈၄၇ ခုနှစ်တွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။
၁။ ကကုသန္ဓမြတ်စွာဘုရား
၂။ ကောဏဂမနမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၄။ ဂေါတမမြတ်စွာဘုရား
၅။ပတ္တမြားမျက်ရှင်ဘုရား
၇။ ပိတုန်းပဒိုင်းမုနိဘုရား
၁၀။ ခြေတော်ရာနှစ်ဆူ
၁၁။ ဗောဓိညောင်ပင်များ
၁၃။ ရွှေစေတီ
၁၄။ ဧည့်ခံတန်ဆောင်း
၁၇။ ဂေါပကအဖွဲ့ရုံး
၁၈။ ကျောက်စိမ်းဘုရား
၁၉။ နေလဘုရား
၂၀။ ဝိဇ္ဇာဇော်ဂျီဘုရား
၂၁။ အမျိုးသားကျောက်စာတိုင်
၂၂။ ဘိုးတော်သိကြားရုပ်တု
၂၃။ ရွှေတိဂုံဘိုးဘိုးကြီး
၂၄။ ရခိုင်တန်ဆောင်း
၂၅။ ဥက္ကလာပမင်းကြီးရုပ်တု
၂၆။ ဗုဒ္ဓစွယ်တော်ပွား
၂၇။ နဂါးရုံဘုရား
၂၉။ စဉ့်ကူးမင်းခေါင်းလောင်း
၃၀။ ရှင်စောပုဘုရား
၃၁။ ချမ်းသာကြီးဘုရား
၃၂။ အောင်မြေ
၃၃။ ဓါတ်ပုံပြခန်း
၃၅။ ထီးတော်ရုံတန်ဆောင်း
၃၈။ ပြည်လုံးချမ်းသာဘုရား
၃၉။ မယ်တော်ကြီး
၄၀။ နောင်တော်ကြီးစေတီတော်
၄၁။ ရှင်မထီးဘုရား
၄၂။ ဘိုးမင်းခေါင်ရုပ်တု
၄၃။ ဓမ္မစေတီကျောက်စာရုံ
၄၄။ ရှင်အရဟံတန်ဆောင်း
၄၅။ ပခေါယှိဘုရား
၄၆။ နောင်တော်ကြီးစေတီအနီးတံခွန်တိုင်
၄၇။ ရှင်အဇ္ဇဂေါဏဘုရား
၄၈။ ဘိုးဘိုးအောင်ဂူဘုရား
၄၉။ ပြည်တော်ပြန်ဘုရား
၅၀။ သာယာဝတီမင်းခေါင်းလောင်း
၅၁။ ထီးတော်စေတီ
၅၂။ တနင်္ဂနွေထောင့်တံခွန်တိုင်
၅၃။ ဘိုးဘိုးအောင်ပန်းပေါင်း
၅၄။ ဒေါ်ငွေဇင်တန်ဆောင်း
၅၅။ ကျား၊ ခြင်္သေ့ဘုရား
၅၆။ ဓမ္မစေတီဘုရား