ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပရိတ်တော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ

1 月 15, 2024 | News

ရန်ကုန်-ဇန်နဝါရီလ(၃ ) ။ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၅ နာရီ ၅၅ မိနစ်တွင်ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်ဒေါ်စောမြ တန်ဆောင်း၌ကျင်းပသည်။

အခမ်းအနားသို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏သြ၀ါဒါစရိယ ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ အမှူးပြုသောဆရာတော်၊ သံဃာတော်များကြွရောက်တော်မှုကြပြီး ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးဇော်ဦးနှင့် တာ၀န်ရှိသူများ၊ ဂေါပကအဖွဲ့၀င်များနှင့် ဘာသာရေး၀တ်အသင်းအဖွဲ့များ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဘာသာရေး၀တ်အသင်းအဖွဲ့များက စိန်ရောင်ခြည်ဘုရားပင့် ဂါထာတော်ဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ ကုသိုလ်တော်အတူပြုနိုင်ရန် နတ်၊ဗြဟ္မာများကို ဖိတ်ကြားခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြ၀ါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ယင်းနောက် ဂေါပကအဖွဲ့၀င်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်၀တ္ထုပစ္စည်းများ ဆက်ကပ်ကြသည်။ ထို့နောက် သြ၀ါဒါစရိယ ဆရာတော်ကြီးများနှင့် ဧည့်ပရိသတ်များက နှစ်ကျိပ်ရှစ်ဆူသောဘုရားရှင်တို့ကို ရှိခိုးပူဇော်သည့်ဂါထာတိုင်အောင် ဥပ္ပါတသန္တိပရိတ်ကို ရွတ်ဆိုပူဇော်ကြပြီး အလှည့်ကျ၀တ်အသင်းအဖွဲ့မှ ဥပ္ပါတသန္တိပရိတ်တော်ကို ရွတ်ဆိုပူေဇာ်ပါသည်။ ယနေ့မှဇန်နဝါရီလ ၁၁ရက်နေ့အထိ ၉ ရက်တိုင်တိုင် ဘာသာရေး၀တ်အသင်းအဖွဲ့ (၂၁)ဖွဲ့မှ ရွတ်ဆိုပူဇော်ကြမည်ဖြစ်ပါသည်။

Related News
ရွှေတိဂုံစေတီတော် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

ရွှေတိဂုံစေတီတော် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

ရန်ကုန်-ဖေဖော်၀ါရီ (၁၁ ) ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားကို...

了解更多
ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ

၂၀၂၅ ဇန်နဝါရီလ ၁၉ ရက် ဗုဒ္ဓမြတ်စွာသာသနာတော်၏ အရင်းမူလရေသောက်မြစ်ဖြစ်သော ပရိယတ္တိ သာသနာတော် စည်ပင်ပြန့်ပွားထွန်းကား၍ ပရိယတ္တိအကျော် သံဃာတော်များ...

了解更多
ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပ

ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပ

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် စေတီတော်မြတ်ကြီးနှင့် ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့စေရန်...

了解更多