ချမ်းသာကြီးတန်ဆောင်းအနီး ဦးဘိုးသောင်း ဒေါ်ဒေါ်စုတန်ဆောင်း

ချမ်းသာကြီးတန်ဆောင်းအနီး ဦးဘိုးသောင်း ဒေါ်ဒေါ်စုတန်ဆောင်း
တည်နေရာ – ချမ်းသာကြီးတန်ဆောင်းအနီး ဦးဘိုးသောင်း၊ ဒေါ်ဒေါ်စုတန်ဆောင်း (ရာဟုထောင့်)
အကြောင်းအရာ – ဗောဓိပင်စိုက်ခြင်းသမိုင်း (၁၅)ချပ်
အမျိုးအစား – ရုပ်ကြွ
ပညာရှင် – ပန်းပုဆရာ ဦးဘသင်း
မှတ်ချက် – ၂၀၀၉- ၂၀၁၀ ခုနှစ်တွင် ဂေါပကအဖွဲ့က ပြန်လည် ပြုပြင်ရေးဆွဲသည်။

သီဟိုဠ်ကျွန်း မိဿကတောင်၌ ရှင်မဟိန္ဒထေရ်နှင့် ဒေဝါနံပိယတိဿမင်းတို့
တွေ့ဆုံပြီး သာသနာပြုရန် နတ်သားက ကြံ့ယောင်ဆောင်၍ ညွှန်ပြခဲ့သည်။

မိဿကတောင်၌ အရှင်မဟိန္ဒထေရ် ရောက်သည်ကို သုမနသာမဏေ
ကြွေးကြော်သဖြင့် နတ်၊ နဂါး၊ ဂဠုန်တို့ တရားတော်များ နာကြားခွင့်ရကြသည်။

နန်းတော်၌ တရားဟောသောအခါ အိမ်ရှေ့မင်း အနဠာဒေဝီ
မိဖုရားနှင့် ရံရွေတော်များ ပူဇော်၍ ပီတိဖြစ်ကြရသည်။

မင်္ဂလာ ဆင်တင်းကုတ်၌ ဒေဝဒူတသုတ်ကို ဟောကြားတော်မူရာ
ပြည်သူဗိုလ်ပါအပေါင်း ညွတ်နူးစွာ နာကြားကြရသည်။

အနုယာဒေဝီနှင့် တထောင်သော မင်းမတို့သည် ဥယျာဉ်တွင်း၌ပင်
မဂ်ဖိုလ်မှတဆင့် နိဗ္ဗာန်မျက်မှောက် ပြုကြရသည်။
မေဃဝန်ဥယျာဉ်၌ ထေရ်အရှင်စံတော်မူရန် ကျောင်းသင်္ခမ်းကို မဂ်ဖိုလ် ရည်မှန်း၍
ဒေဝါနံ ပိယတိဿမင်းကြီးက ရေစက်သွန်းချ လှူဒါန်းသည်။
သီရိဓမ္မာသောကမင်းကြီးထံမှ သုမနသာမဏေ ဆောင်ယူလာသော ဓာတ်တော်ကိုရ၍ မဿကတောင်တွင် အရှင်မဟိန္ဒထေရ် ကိုယ်တိုင်ဦးခိုက်ဖူးမြှော်လေသည်။
ဓာတ်တော်ရောက်မည်ကို ကြိုတင်သိရှိသည်နှင့် ဆင်တော်ဦးထိပ်ရှိ ဓာတ်တော်ကို
ဒေဝါနံပိယတိဿမင်း ဦးညါတ် ဖူးမြော်သည်။
ဓာတ်တော်များသည် ကောင်းကင်၌ ရောင်ခြည်တော်လွှတ် ကွန့်မြူးပြီး ထူပါရုံစေတီတော်၌ ဌာပနာ အပူဇော်ခံသည်။
မဟာဗောဓိပင်၏ ဒက္ခိဏသာခါ (တောင်ကိုင်း) သည် ဓမ္မာသောက မင်း၏ ဓိဋ္ဌာန်ချက်ဖြင့် ကောင်းကင်းသို့ ပျံတက်ကြွမြန်းတော်မူလေသည်။
သင်္ဃမိတ္တာထေရီသည် သီဟိုဠ်ရောက်အောင် မဟာဗောဓိပင်ကို ပင့်ဆောင်တော်မူသည်။
ဒေဝါနံပိယတိသမင်းသည် အနုရာဓမြို့ မြောက်ဖက်၌ သင်္ဘောဆိုက်လျှင်
မဟာဗောဓိပင်ကို ခမ်းနားစွာ ကြိုတော်မူသည်။
မဟာဗောဓိပင်သည် ကောင်းကင်ထက်၌ ရောင်ခြည်တော်ကွန့်မြူးသည်ကို မင်းနှင့်ပြည်သူတို့ မြေပြင်ပြည့်မျှ ရှိခိုးပူဇော်ကြသည်။
ဗောဓိပင်သည် အဇာဋာ ကောင်ကင်မှ ဆင်းသက်ပြီးနောက်
မြေပြင်၌ စိုက်ပျိုး ပူဇော်ကြသည်။
အရှင်မဟိန္ဒထေရ်နှင့် သင်္ဃမိတ္တာထေရီတို့သည် ရောက်လာသမျှသော ပရိတ်သတ်အား
တရားစည်ကြီး ရိုက်ဟီးဟောကြားတော်မူသည်။