စဥ့်ကူးမင်းခေါင်းလောင်းတန်ဆောင်းအတွင်းရှိ ပန်းချီကားများ

စဥ့်ကူးမင်းခေါင်းလောင်းတန်ဆောင်းအတွင်းရှိ ပန်းချီကားများ
တည်နေရာ – စဥ့်ကူးမင်းခေါင်းလောင်းတန် (ရာဟုထောင့်)
အကြောင်းအရာ – စဥ့်ကူးမင်းခေါင်းလောင်းသမိုင်း
အမျိုးအစား – ပန်းချီ
ပညာရှင် – ပန်းချီအုန်းမြင့်ဝင်း
မှတ်ချက် – ၁၉၈၇ ခုနှစ်တွင် ရေးဆွဲပြီး ၂၀၁၅ ခုနှစ်တွင် မူလရေးဆွဲသူ အုန်းမြင့်ဝင်းမှ ရှေးမူမပျက် ပြန်လည်ရေးဆွဲသည်။
ဘုရင်စဥ့်ကူးမင်းသည် ခရစ်နှစ် ၁၇၇၆ ခုနှစ်တွင် မဟာဃဏ္ဏအမည်ရ ခေါင်းလောင်းကြီးကို ရွှေတိဂုံစေတီတော်မြတ်ကြီးအား လှူဒါန်းပူဇော်ရန် သွန်းလုပ်စေတော်မူခန်း
ဘုရင်စဥ့်ကူးမင်းသည် ကြေးစင်အလေးချိန် (၁၅၅၅၅ ပိဿာ)၊ ထု (၁)ပေ၊ အချင်း (၅)တောင်၊ အမြင့် (၇)တောင်နှင့် လုံးပတ် ၉၂၂ ပေ ၆ လက်မရှိ စဥ့်ကူးမင်းခေါင်းလောင်းကြီးကို သက္ကရာဇ် (၁၁၄၀)ပြည့်နှစ် တပို့တွဲလဆန်း (၁၁)ရက် ဗုဒ္ဓဟူးနေ့တွင် ရေစက်သွန်းလောင်း လှူဒါန်းတော်မူခန်း
၁၈၁၄ ခုနှစ်တွင် ဗြိတိသျှ အင်္ဂလိပ်တို့က ” စစ်အောင်ပွဲ အထိမ်းအမှတ် ” အဖြစ် ဘိလပ်သို့ ယူဆောင်သွားရန် ရွှေတိဂုံစေတီ ရင်ပြင်တော်ပေါ်မှ ဖြုတ်ယူပြီး သင်္ဘောပေါ်သို့ တင်ရာ ခေါင်းလောင်းတော်ကြီး မြစ်အတွင်းသို့ ပြုတ်ကျနစ်မြှပ်သွားခန်း
မြစ်အတွင်း နစ်မြုတ်နေသော စဥ့်ကူးမင်းခေါင်းလောင်းတော်ကြီးကို ၁၈၂၆ ခုနှစ်တွင် မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်သို့ ပြန်လည်သယ်ဆောင်တော်မူခန်း
(သမိုင်းဝင်) စဥ့်ကူးမင်းခေါင်းလောင်းတော်ကြီးအား ယနေ့တိုင် ရွှေတိဂုံစေတီတော် ရာဟုထောင့် တန်ဆောင်းကြီးအတွင်း တွေ့မြင်ရပုံ
၂၀၁၄ ခုနှစ်တွင် ဖြည့်စွက်ရေးဆွဲသည်။