ရွှေတိဂုံစေတီတော်သမိုင်းပန်းချီ

မြောက်ဘက်စောင်းတန်းရှိ ရွှေတိဂုံစေတီတော်သမိုင်းပန်းချီကားများ
တည်နေရာ – မြောက်ဘက်စောင်းတန်း ကျုံးကူးဆောင်
အကြောင်းအရာ – ရွှေတိဂုံစေတီတော်သမိုင်း(၈)ကား
အမျိုးအစား – ပန်းချီ
ပညာရှင် – ‌အောင်ဘ၊ ဦးတင်အေး(မန္တလေး)၊ ဦးကျော်အုန်း(ပန်းချီပန်းပုကျောင်း)၊ ဦးထွန်းအောင်နှင့် မြန်မာမှုအဖွဲ့၊ အောင်အောင်
မှတ်ချက် – ၁၉၉၈ ခုနှစ်တွင် ရေးဆွဲသည်
ရွှေတိဂုံစေတီတော် မြောက်ဘက်စောင်းတန်းတော်ကြီး
ပန်းချီ- ဦးအုန်းသွင်ကြီး(မြန်မာမူအဖွဲ့)
ရှေးဘုရားဓါတ်တော်များ တူးဖော်ရာ၌ အခိုးအငွေ့အလင်းရောင်များကြောင့် မူးမေ့အော့အံကုန်ကြသဖြင့် သိကြားမင်းထည့်ပေးသော သွေးဆေးသောက်သုံးပြီး ရွှင်ပြနေပုံ
ပန်းချီ- ဦးထွန်းအောင်နှင့် မြန်မာမှု
ကကုသန္ဓမြတ်စွာဘုရားသည် ဆူးလေနတ်ကြီးအား တောင်းဝှေးတော်ချီးမြှင့်တော်မူခန်း
ဦးတင်အေး(မန္တလေး)
ကောဏာဂမနမြတ်စွာဘုရားသည် ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးအား ရေစစ်တော်ချီးမြှင့်တော်မူခန်း
ကဿပမြတ်စွာဘုရားသည် ဒက္ခိဏမည်သော သင်္ကန်းကျွန်းနတ်ကြီးအား ရေသနုတ်တော် ချီးမြှင့်တော်မူခန်း
ပန်းချီ – ဦးကျော်အုန်း(ပန်းချီပန်းပုကျောင်း)
ဂေါတမမြတ်စွာဘုရားသည် ကုန်သည်ညီနောင်အား ဆံတော်ချီးမြှင့်ပြီး ရှေးဘုရားတို့၏ ဓာတ်တော်များရှိရာ သိင်္ဂုတ္တရကုန်းတော်၌ နောင်အခါသာသနာပေါ်ထွန်းမည်ဟု ဗျာဒိတ်ပေးခန်း။
ပန်းချီ-အောင်ဘ(၁၉၉၈)
နောင်တော်ဘုရားသုံးဆူတို့၏ ဓာတ်တော်များ တူးဖော်ပြီး ဘိုးတော်သိကြားမင်း၊ ဥက္ကလာပမင်းကြီး၊ တဖုဿနှင့် ဘလ္လိကညီနောင်တို့ ဘုရားတည်ခန်း
ပန်းချီ- အောင်အောင်
ဝိသကြုံနတ်သား သိင်္ဂုတ္တရကုန်းတော်ကို ရှင်းလင်းနေပုံ၊ ရှေးဘုရားဓာတ်တော်များ ထားရှိသည့် နေရာကို မသိကြ၍ သိကြားမင်းက နတ်မင်းကြီးများအား ခေါ်ယူမေးမြန်းပုံ
ပန်းချီ- အောင်ဘ