အသေးစိတ်အချက်အလက်များ
တန်ဆောင်းအမည်
ဆံတော်တွင်း တန်ဆောင်း
တည်နေရာ
မြောက်ဘက်မုခ် အာရုံခံမုခ်ဦး အရှေ့
Category
ဇရပ်တန်ဆောင်းများ | ဖူးမြော်ရန်နေရာများ
ရွှေတိဂုံစေတီတော် ရင်ပြင်တော် မြောက်ဘက်မုခ်အနီးရှိ တန်ဆောင်းဖြစ်ပါသည်။ ယခင်က ဆံတော်တွင်းမှာ အုတ်ပြာဿဒ်သာဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၂၄၁(၁၈၇၉)ခုနှစ်ခန့်တွင် ၎င်းအုတ်ပြဿဒ်ကို ငုံ၍ တန်ဆောင်း ဆောက်လုပ်ခဲ့ပါသည်။ တန်ဆောင်းအလှူရှင်မှာ ဦးမှန် + ဒေါ်ဧမြမိသားစု ဖြစ်ပါသည်။
ဆံတော်တွင်း တန်ဆောင်းဟု အမည်တွင်ခြင်းမှာ တန်ဆောင်းအတွင်းရှိစေတီ၏ အောက်တည့်တည့်တွင် ရေတွင်းသဖွယ်တွင်းတစ်ခုရှိပြီး ဆံတော်များရေးဆေးသောတွင်း ဖြစ်ကြောင်းသိရသည်။ ၁၉၇၄ ခုနှစ် ဇူလိုင်လတွင် ဆံတော်တွင်းတန်ဆောင်းမှ ပန်းတောင်ပန်းခက်များ ဟောင်းနွမ်းပျက်စီးနေသဖြင့် မန္တလေး အရှေ့တောင် အခြေခံပြည်သူ့အလုပ်သမားကောင်စီ အမှတ် ၁၆ မှ ဦးအေးမောင်နှင့် ဦးလှသူတို့အား အပ်နှံ၍ တပ်ဆင်ခဲ့ပါသည်။

၁၉၉၅ ခုနှစ် ဘက်စုံစီမံကိန်းတွင် စေတီတော်ပြုပြင်ခြင်း၊ ရှာထိုးကြမ်းခင်းများ ပြုပြင်အသစ်လဲခြင်း၊ ၁၉၉၈ ခုနှစ် ဇန်နဝါရီလတွင် သစ်သားပန်းတောင်ပန်းခက်များ ပြန်လည်ပြုပြင်ခြင်း၊ ၂၀၀၅ ခုနှစ်ဘက်စုံစီမံကိန်းတွင် ဆွေးမြေ့ ပျက်စီးနေသော တိုင်လုံးအောက်ခြေများ အသစ်ပြုလုပ်ခြင်း၊ ၂၀၀၆ ခုနှစ်တွင် လျှာထိုးကြမ်းခင်းများ ပေါလစ်တိုက်ခြင်း၊ ၂၀၁၂ ခုနှစ်တွင် အမိုးမျက်နှာကြက်အား ပေါလစ်တိုက် ခြင်း၊ လစ်ဟာနေသော သစ်သားပန်းများ အသစ်ဖြည့်စွက် တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၈ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် တန်ဆောင်းရှိ ဘုံ၂ဆင့် ကျိုးကျခဲ့ခြင်းအား မူလလက်ရာ မပျက် ပြန်လည်ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် ဆံတော်တွင်းတန်ဆောင်းရှိ ပျက်စီးနေသော မြန်မာမှုသစ် သားပန်းများ မူလလက်ရာမပျက် အစားထိုး လဲလှယ် ခြင်းနှင့် အမိုးပိုင်းအမာခံ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၎င်းအတွက်ကုန်ကျငွေများကို မစ္စတာဂျွန်ဟာရာ+ ဒေါ်ခင်ခင်အေး မိသားစုမှ လှူဒါန်းခဲ့ပါသည်။