![kanot-divider](https://www.shwedagonpagoda.org.mm/wp-content/uploads/2024/01/kanot-divider.png)
အမျိုးအစား – ပန်းချီ
ပညာရှင် – ဦးတိုင်းကျော်(မန္တလေး)
မှတ်ချက် – ၁၉၉၆ ခုနှစ်တွင် စတင်ရေးဆွဲ၍ ၁၉၉၈ ခုနှစ်တွင် ပြီးစီးပါသည်။
သရေခေတ္တရာ (ယခုမှော်စာဒေသ) ဘုရင်ဒွတ်တပေါင်မင်းကြီး (ဘီစီ ၄၄၃-၃၇၃)သည် သိင်္ဂုတ္တရ ကုန်းတော်ရှိ ဆံတော်မြတ်ကို ပင့်ဆောင်ရန် လာခဲ့သော်လည်း မအောင်မြင်သဖြင့် စေတီတော်ကြီး၏ အရှေ့တောင်ထောင့်တွင် မြသားအရိုးဖြစ်ပြီး အရွက်တွင် စိန်စီထားသော ထီးတော် တစ်စင်းကို စိုက်ထူပူဇော်နေပုံ။
ဟံသာဝတီနန်းစံသော မွန်ဘုရင် အဆက်ဆက်တို့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား မွမ်းမံပြင်ဆင်ခဲ့ကြရာ ဗညားတောဘွဲ့ခံ မွန်ဘုရင်မကြီး ရှင်စောပု (အေဒီ ၁၄၅၃ – ၁၄၇၂) သည် ရွှေတိဂုံစေတီတော်ကုန်းတော်နှင့် ပစ္စယာမြေများအား ပြင်ဆင် မွမ်းမံပြီး ဘားလေးဘား ခေါ် ဆုတောင်းပြည့်စေတီတော်ကို တည်ထားပူဇော်နေပုံ
တောင်ငူမင်းဆက်ဖြစ်သော ဟံသာဝတီ နန်းစံဘုရင် ဘုရင့်နောင်ကျော်ထင်အနော်ရထာ (အေဒီ ၁၅၅၁ – ၁၅၈၁) သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေကိုယ်လုံးတော်ပြည့်ကပ်ပြီးနောက် မကိုဋ်တော်ကို ချွတ်လှူနေပုံ
ကုန်းဘောင်မင်းဆက် ရတနာသိင်္ခ (ယခုရွှေဘို) နန်းစံအလောင်းဘုရား ဦးအောင်ဇေယျသည် ဒဂုံကို ရန်ကုန်ဟု အမည်ပြောင်းလဲ၍ မြို့သစ်တည်ဆောက်ပေးခဲ့ပြီးနောက် ရွှေတိဂုံစေတီတော်တွင် ဇရပ်ကြီးများ ဆောက်လုပ်လှူဒါန်းနေပုံ
ကုန်းဘောင်မင်းဆက် အင်းဝနန်းစံ စဥ့်ကူးမင်း (အေဒီ ၁၇၇၆ – ၁၇၈၂) သည် စေတီတော်ရင်ပြင်လေးမျက်နှာမုခ်တို့၌ တန်ဆောင်းပလ္လင်နှင့်တကွ ပဉ္စလောဟာဆင်းတုတော် လေးဆူကို သွန်းလုပ်လှူဒါန်းတော်မူသည့်အပြင် မဟာဃဏ္ဍဘွဲ့ရ ခေါင်းလောင်းတော်ကြီးကို တန်ဆောင်းနှင့်တကွ ရာဟုထောင့်တွင် သွန်းလုပ်လှူဒါန်းနေပုံ
ကုန်းဘောင်ခေတ် မင်းတုန်းမင်း (အေဒီ ၁၈၅၃ – ၁၈၇၈) သည် ရတနာပုံနေပြည်တော်မှ ထီးတော်အသစ် ပေးပို့သည်ကို အောက်မြန်မာပြည်ရှိ ပြည်သူပြည်သား ရဟန်းတို့ တစည်းတလုံး ညီညာစွာဖြင့် လှူဒါန်းပူဇော်နေပုံ