ဒေါ်ငွေဇင်တန်ဆောင်း

အသေးစိတ်အချက်အလက်များ

တန်ဆောင်းအမည်

ဒေါ်ငွေဇင်တန်ဆောင်း

တည်နေရာ

အရှေ့ဘက်မုခ် စောင်းတန်းထိပ် အနီး

Category

ဇရပ်တန်ဆောင်းများ | ဖူးမြော်ရန်နေရာများ
၁၃၁၂ ခုနှစ်တွင် တန်ဆောင်းအမ ဒေါ်ငွေဇင်က ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ထိုတန်ဆောင်းတွင် ရေကြည်တော်ဝတ်အသင်းကို အခြေပြုခွင့်ပေးထားသောကြောင့် ရေကြည်တော်ဝတ်အသင်းတန်ဆောင်းဟု လူသိ များခဲ့ပါသည်။၁၉၉၅-၉၆ ခုနှစ် အရှေ့ဘက်စောင်းတန်း ပြုပြင်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းတွင် စောင်းတန်း အောက်ခြေမြောက်ဘက်၊ မြက်ခင်းပြင်မှ စေတီတော်ကြီးသို့တူရူ၍ ဖူးမြော်ပါက အဓိကမြင်ကွင်းနေရာရှိ ထိုတန်ဆောင်းမှာ တင့်တယ်မှုမရှိသောကြောင့် အရှေ့ဘက်စောင်းတန်း ပြုပြင်တည်ဆောက်ရေး ဆပ်ကော်မတီမှ ထိုတန်ဆောင်းကို မွမ်းမံခဲ့ပါသည်။
ပထမအဆင့်တန်ဆောင်းအရှေ့ဘက် နောက်ကျောမြင်ကွင်းတွင် မြန်မာမှုတပ်ဆင်ခြင်းများ ဆေးသုတ်ခြင်း များကို ဆောင်ရွက်ခဲ့ပါသည်။ ကုန်ကျငွေကျပ် (၂၇.၄)သိန်း ဖြစ်ပါသည်။ ၁၉၉၉-ခုနှစ် ဘက်စုံစီမံကိန်းတွင် တန်ဆောင်းမှ အကာအရံများ ဖြုတ်ပယ်ရှင်းလင်းခြင်း၊ အခင်းများပေါ်လစ်တင်ခြင်း၊ နောက်ကျောတွင် အကာ အကွယ်ပြုလုပ်ထားသော အုတ်နံရံဖျတ်သိမ်းပြီး ပျက်စီးနေသည့် ဆင်ဝင်ကွန်ကရစ် အမိုးကိုလည်း ကွန်ကရစ်အသစ် လောင်းခဲ့ပါသည်။ ကုန်ကျငွေကျပ်(၃၂.၂)သိန်းကို ဂေါပကအဖွဲ့မှ ကျခံပါသည်။