အသေးစိတ်အချက်အလက်များ
![kanot-divider](https://www.shwedagonpagoda.org.mm/wp-content/uploads/2024/01/kanot-divider.png)
![](https://www.shwedagonpagoda.org.mm/wp-content/uploads/2024/01/buddha-icon.png)
စောင်းတန်းအမည်
မြောက်ဘက်စောင်းတန်း
တည်နေရာ
မြောက်ဘက်မုခ်
Category
စောင်းတန်းများ | ဖူးမြော်ရန်နေရာများ
မြောက်ဘက်စောင်းတန်းကြီးကို ၁၉၉၇ ခုနှစ်တွင် ထာဝရဘက်စုံ ပြုပြင်မွမ်းမံတည်ဆောက်ခြင်း ကာလတွင် အသစ်ပြန်လည် ပြုပြင်မွမ်းမံခဲ့ပါသည်။ မြောက်ဘက်စောင်းတန်းကြီး၏ ခိုင်ခံ့မှုအားနည်းနေသည့် ပြာသာဒ်လေးခု၏ အမိုး၊ ဘုံဆင့်များကို အသစ်လဲလှယ်ခြင်း၊ ရင်ပြင်တော်ဦးဆောင် တစ်ဆောင်လုံးကို ဖျက်သိမ်းကာ အသစ် တည်ဆောက်ခြင်း၊ ဆွေးမြေ့နေသော အမိုးဟောင်းများနေရာတွင် အမိုးအသစ် လဲလှယ်ခြင်း၊ ခိုင်ခံ့မှုအားနည်းနေသော တိုင်လုံးများကို ကွန်ကရစ်တိုင်လုံးများဖြင့် အစားထိုးခြင်းလုပ်ငန်း အပါအဝင် မြန်မာမှုအနုလက်ရာများဖြင့် ခြယ်သမွမ်းမံခဲ့သည်။ မြောက်ဘက်စောင်းတန်းကြီးအား ပြုပြင်မွမ်းမံရာတွင် အဝင်မုခ်ဦးဆောင်အတွင်းရှိ သစ်သား၊ ပန်းပု၊ ကနုတ်လက်ရာများ၊ ယွန်းဆောင်အတွင်းရှိ ဗုဒ္ဓဝင်ပန်းပုရုပ်ကြွ ပန်းချီကားများကို ရှေးမူမပျက် မူလနေရာများတွင် ဆက်လက်ထိန်းသိမ်း ထားရှိခဲ့သည်။
မြောက်ဘက်စောင်းတန်းတစ်လျှောက်တွင် ရွှေတိဂုံစေတီတော်သမိုင်း၊ မဟာသမယသုတ်ဟောတော်မူခန်း၊ နန္ဒိယသူကြွယ်အတွက် နတ်ပြည်၌ ဘုံဗိမာန်ပေါက်ခန်း၊ မဟော်သဓာ ဇာတ်တော်၊ မာဃလုလင် ဇာတ်တော် စသည့် ပန်းချီကားချပ်များနှင့် မင်းကုသဇာတ်တော် ရုပ်ကြွပန်းချီကားချပ်များကို မြင်တွေ့နိုင်ပါသည်။ မြောက်ဘက်စောင်းတန်း ပြုပြင်မှုလုပ်ငန်းမှာ မြန်မာမှုလုပ်ငန်းအတွက် ကုန်ကျငွေ ကျပ် ၇၉၅ သိန်း အပါအဝင် စုစုပေါင်း ကျပ်သိန်း ၁၄၆၀ ကုန်ကျခဲ့သည်။ ၂၀-၉-၁၉၉၈ ရက်နေ့တွင် မြောက်ဘက်မုခ်ဦး စောင်းတန်းတော်ကြီး ဖွင့်ပွဲအခမ်းအနား၊ မြောက်ဘက်စောင်းတန်းတော်ကြီး၏ ရင်ပြင်မုခ်ဦး ဆောင်ဖွင့်ပွဲ အခမ်းအနား၊ မြောက်ဘက်စောင်းတန်းကြီး ပြုပြင်မွမ်းမံ တည်ဆောက်ခြင်း မော်ကွန်းကျောက်စာ ဖွင့်ပွဲ အခမ်းအနားများကို တနေ့တည်းကျင်းပခဲ့သည်။
စတင်တည်ဆောက်သည့်နေ့ – ၁၀-၁၂-၁၉၉၇
ပြီးစီးသည့်နေ့ – ၂၀-၉-၁၉၉၈
စောင်းတန်းအရှည် – ၄၃၈ ပေ
ပြာသာဒ်ဆောင်ပေါင်း – ၆ဆောင်
လှေကားထစ်ပေါင်း – ၁၄၃ ထစ်
တိုင်လုံးပေါင်း – ၅၆ လုံး
ဆိုင်ခန်းပေါင်း – ၇၁ ခန်း
စောင်းတန်းအကျယ် – ၆၀ပေ
စတင်တည်ဆောက်သည့်နေ့ – ၁၀-၁၂-၁၉၉၇
ပြီးစီးသည့်နေ့ – ၂၀-၉-၁၉၉၈
စောင်းတန်းအရှည် – ၄၃၈ ပေ
ပြာသာဒ်ဆောင်ပေါင်း – ၆ဆောင်
လှေကားထစ်ပေါင်း – ၁၄၃ ထစ်
တိုင်လုံးပေါင်း – ၅၆ လုံး
ဆိုင်ခန်းပေါင်း – ၇၁ ခန်း
စောင်းတန်းအကျယ် – ၆၀ပေ